အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Wednesday, March 31, 2010

ကျောင်းသားလေးအပျော်တဲ့နေ့

ဒီနေ့ကား.အပျော်ဆုံးနေ့တနေ့ဖြစ်တော့၏။ အောက်ပါ.ဂျိန်းဘုန်းကြီး ဗွီဒီယိုဖိုင်တင်နေတာ ကြာမြင့်လေပြီ. မအောင်မြင်ခဲ့။ ၂နာရီကြာမျှ ထိုင်စောင့်ရင်းကွန်နရှင်ရဲ့ ဆိုးဝါးမှုကြောင့် မအောင်မြင်ခဲ့ချေ။ ၂-လပိုင်း လောက် ကတင်ခဲ့ဘူး၏။ နောက်တကြိမ်.B.H.Uတက္ကသိုလ်၌တခါတင်ခဲ့။ ထိုနည်း၎င်း.တတိယအကြိမ်မြောက်… လည်း မိမိနေရာခပ်စုတ်စုတ်နေရာ၌တင်ခဲ့ဘူးပါ၏ မနက်၅- နာရီမျှသာရှိ၍ မိုးသာလင်းခဲ့။ ရွှေမန်းတင်မောင် သီချင်း လိုပြောကြည့်လိုက်မယ်။ ကျွန်နော်လေထိုနည်း၎င်း. ထိုနည်း၎င်း.ပဲပေါ့ ယ္ခုသည်လည်း ထိုနည်း၎င်း တို့သည်.. အကြိမ်များစွာဖြစ်ခဲ့လေတော့ လက်မှိုင်ချကာငေးမှိုင်လို့နေရုံမှတပါး မတတ်နိုင်တော့.ဒီနေ့တော့ အမိမြန်မာ ပြည်မှ..မနက်.(၇)နာရီ၁၂မိနစ်အချိန်တွင်. အဆိုတော်ဒေါ်မာမာအေး.ရဲ့. မောင့်အချစ်မျှားဆူး ဆိုတဲ့သီချင်းကို ringtones.အဖြစ်ပြုလုပ်ထားတဲ့ အသံလေးနှင့် ဖုန်းသံတချက်ထွက်ပေါ်လာ၍ ဖုန်းကိုကမန်းကတန်း ကောက် ကာငင်ကာကိုင်မိတော့ ..အလို..အမိမြန်မာပြည်မှဖုန်းပါလား.ဆိုပြီး မာကြောင်း သာကြောင်းပြော ဖြစ်ခဲ့၏။

ညကလဲ.အတော်နဲ့မအိပ်ဖြစ်ခဲ့။ အကြောင်းကား.လန်ဒန်မြို့မှာ နေထိုင်သော အသိမိတ် ဆွေနဲ့စကားလက် ဆုံပြောနေမိတော့ မနက် ၃- နာရီကျော်ကျော်လောက်မှ အိပ်ဖြစ်တော့.အိပ်ခြင်စိတ်တို့သည် တား၍မရ.. သို့သော်..အိပ်နေမဲ့အစားဆိုပြီး .ကွန်ပြူတာကိုကောက်လို့ဖွင့်သတိတရ.ဗွီဒီယိုလေးအမှတ်ရလို့ ကောက်တင် မိတော့.၄၄-မိနစ်ခန့်လောက်နဲ့အဆင်ပြေခဲ့၏.မိမိမှ ဒီအချိန်လေး.ပြီးအံ့ဟုမထင်ရေးချာမထင်မိ ဆရာတော် ဦးသြဘာသရေးသားပြုစုထားသော စာအုပ်လေးကိုကောက်ပြီး ဖတ်ရင်းနဲ့စောင့်နေမိ၏။ဖတ်ရင်း. တချက် တော့ငိုက်သွားမိ၏.ပြန်နိုးလာတော့.နိုးရခြင်အကြောင်းကာ.သူငယ်ချင်းလာ၍ အိုးရှာခြင်းကြောင့် ဖြစ်၏။

ယ္ခု.ဗွီဒီယို ဖိုင်တင်ပြီးလို့ပျော်နေစဉ်မှာ.သူငယ်ချင်းမှ မုန့်ဟင်းခါးချက်သည်.လာစားဖို့ပြောတော့ မိမိသည် အလွန်ကြိုက်တတ်သောမုန့်ဟင်းခါးဖြစ်ခြင်းကြောင့်အပြောနောက် ဇလုံကိုကောက်ကာ သွားလွေးမိတော့၏။ ၄င်းစာတင်နေချိန်ဖြစ်တော့၏။ ထိုသူငယ်ချင်းသည်.တလပိုင်းလောက်က မိမိအား အိမ်လခအဖြစ်.ရူပီးငွေ (၁၀၀၀) လှူဘူး၏။ မကြာခင်ရက်ပိုင်းမှာလည်း.ဆီ.ဆံ.ဆားတို့ဝယ်ရန်.ရူပီး ၃၀၀- ထပ်လှူပြန်၏။ ကျးဇူး တင်ရပေတော့မည်။ အရှင်ရဲ့ အားတွေကလဲ.မနည်းလှ.ဘယ်လောက်ကြီးမအားလပ်ပါစေတဲ့ ရွတ်နေကြဖြစ် တဲ့ပဋ္ဌာန်း၊ ပရိတ်တို့ကို မပြတ်ရွတ်၏ဟုဆို၏။ အကြိမ်ကြိမ်.သာဓု ခေါ်မိပါ၏အရှင်။

ဒီနေ့ပျော်ရွှင်မှုကား.တပျော် အပေါ်တပျော်ထပ်လို့.ခုအပျော်ကားကြိုက်တဲ့တဲ့အစား စားရခြင်းကြောင့် ဖြစ်ပေါ် လာသောအပျော်တည်း....။ယ္ခု..အောက်တွင်တင်ဖားသော.ဂျိန်းဘုန်းကြီး ဗွီဒီယိုသည်လည်း.. အမြင်တော့ ရိုင်း ခြင်လဲရိုင်းမည်.သို့သော်...သိစေလို မြင်စေလိုသောကြောင့်တင်ပြမိ၏။ ဂျိန်းဘုန်းကြီးဆိုသည်မှာ တရားဟော ရာ၌သော်လည်းကောင်းကြားဘူးမိ၏။.ယ္ခု..မြင်နိုင်ဘို့အရေး.ကို ဒီနေ့တော့ အောင်မြင်ခဲ့လေ ပြီ။ ၄င်းဗွီဒီယိုခွေ လေးကို အမိမြန်မာပြည်ရောက်စဉ်က ပြသဘူး၏။ ကြည့်ရှုသူတို့က ဟင်..ဆိုပြီး အာမေ ဍိတ်တို့ဖြင့်နှုတ်ခမ်းရှုံ့ တတ်ကြ၏။

သို့သော်..ဘာသာရေးကြောင့် ပြသပေးမှုတို့ကိုပင်လျှင်မရှုခြင်ကြ..ယခု..ခေတ်စားနေကြသည့် ရုပ်ရှင်မင်း သားမင်းသမီးလိုဆွဲဆောင်မှုမရှိလို့ဟုယူဆမိ၏။ မှန်ပါ၏.မပြောဆိုရက်ပါ.. လူကြီးသူမများကိုသာ ပြသရတော့သည်။ ..ဟာ..အဲလိုနေတာလား ဦးဇင်းဟု.မေးကြလေတော့၏.တခါသော် မြစ်ဝကျွန်းပေါ် နေရာတခု၌ ၄င်းခွေ လေးပြမိ၏.ဟေး.ဦးဇင်းပြနေတာသွားကြည့် အသတ်မပါတဲ့ ဘုန်းကြီး..(....) တန်းလန်း ကြီးဟု.. ကရင်တို့ ထုံးစံအတိုင်း.ဒဲ့..ဒိုး ပြောချလိုက်၏.. မိမိသည်ပင်လျှင်.. မထိမ်းနိုင်ပဲ. သွားပေါ်ရုံမဟုတ်. ၀ါး..ခနဲ ရီချမိတော့၏.
ယခု ..အိုစာရှုသူကြည့်စေခြင်၏.အောက်တွင် တင်ပြအပ်သော..ဂျိန်း ဘုန်းကြီး. ဖိုင်ကိုကြည့်ဖြစ်အောင်. ကြည့်ပါဟု...တိုက်တွန်းတွန်းရင်းဖြင့်သာ…….

Jina ဇိနတဲ့(ဂျိန်းဘုန်းကြီး)ပေါ့။

သူတို့အယူအဆကတော့ jina ဇိန ဘုရားဟုကြွေးကြော်ကာ ကျင်လည်ခဲ့ကြသည်။ Jina ပုဒ်မှ မြန်မာမူအရ ဂျိန်းဟုဖြစ်လာသည်။
အောက်ပါ ဗီဒီယိုဖိုင်လေးအား မချစ်သော်လည်းအောင့်ကာနမ်း ဆိုသလို..ဒီနေရာမှာ ဟိရီ,သြတ္တပ္ပဆိုတာဘေးချိပ် ဘာသာရေး ရှုထောင့်ကနေ အမြင်ကြည်လင်လာသည်အထိတွေးတောကာ ကြည့်ရှုကြပါလို့........

Wednesday, March 24, 2010

ဝက်သားဟင်းတခွက်ရဲ့ရာဇ၀င်လေးပါ..

ဒီနေ့တော့ စားရသောက်ရတာလဲ.အဆင်မပြေတော့ အသားဟင်းလေးစားခြင်တဲ့ဆန္ဒလေးဖြစ်မိတာနဲ့.၅ ကီလိုဈေး
လေးသို့ လက်စွဲတော်အဖေါ်လေးနဲ့ထွက်ရတယ်ပေါ့.တနှစ်လောက်မှ ၂ ခါလောက်ပဲစားမိတယ်ပေါ့.ခုတော့ ရာသီ
လေးကပြောင်းလာတာနဲ့အမျှ.ခံတွင်းကလဲ ပြတ်ခြင်လာတယ်လေ.လွန်ခဲ့တဲ့တပါတ်လောက်ကလဲ ဆန္ဒရဲ့နောက်
ကွယ်မှာအပြေးလေးထွက်ခဲ့သော်လည်း.ကိုရွှေကုလားတို့ရဲ့ဘာသာရေးပွဲနဲ့ ကြုံခဲ့ရတော့ စားခွင့်မကြုံခဲ့ရတော့ချေ
အပြန်ကြက်သားလေးများရလိုရငြားကြက်သားရှိရာနေရာလေးသို့ မနားတမ်းစက်ဘီးလေးကိုအပြေးနင်းခဲ့သော်လဲ
ကြက်တွေက အရှင်တွေချည်းဆိုတော့ ဆန္ဒကို.ကရုဏာစိတ်လေးနဲ့ဖြေဖျောက်လို့လက်စွဲတော်ခရမ်းချဉ်သီးလေး
ကီလိုဝက်ဝယ်ကာ.ခြွေးစို့စို့နဲ့.တိုးခွေ့ကာနင်းသော်လည်း.ဒီ.နေ့တော့လဲ.ဗာရာဏသီကျောင်းသားလေးတို့ကံမ
ကောင်ပါလားဆိုပြီးအတွေးလေးနဲ့.ပြန်လာခဲ့ရပါပကောလား......
အင်း..ဒီနေ့တော့လဲ..သွားရပေဦးမည်ဆိုပြီး.လက်စွဲတော်စက်ဘီးအိုလေးနဲ့ ထွက်လာခဲ့တယ်ပေါ့.ရုံးဆင်း
ချိန်ကလဲနီးပြီ..အလုပ်ပြန်ကြသူများ.ဈေးဝယ်လာကြသူများနဲ့.လမ်းကလဲခပ်ရှုတ်ရှုတ်.ပေါ့.ကိုရွှေကုလားနိုင်ငံ
မှာတော့ ရှင်းတဲ့နေရာဟူ၍ မရှိသလောက်ရှားပါး၏.နေရာတိုင်းမှာ လူတွေနဲ့ပြည့်ညပ်လို့နေတာချည်းပဲလေ.
ပါနီပူရ် ဆိုတဲ့နေရာလေးတော့ ပိုလို့ရှုတ်ထွေးနေတယ်လေ..ကားဂိတ်နှင့်.၅ကီလိုဈေးသို့သွားမည့်လူများ မြို့ထဲသို့သွားမည့်သူများနှင့် ခပ်ရှုတ်ရှုတ်..ရှုတ်နေတဲ့အထဲမှာ ..မြန်မာစကားမပီကလာပီကလာနဲ့.
မင်္ဂလာပါ.ဘန္တေကြီး..တဲ့..ဗျာ.။ ဘယ်သူလဲဘယ်ဝါလဲလို့ကြည့်မိတော့..အို့.. ဆိုနိုဆိုသောကားသမားပေါ့.သူသည်
မြန်မာဘုန်းတော်ကြီးများနဲ့အဆက်ဆံများလာတော့ မြန်မာစကားလေးနဲ့နှုတ်ဆက်လိုက်တော့ပျော်လိုက်သည်
ဖြစ်ခြင်း..မိမိသည်လည်း...နမာစကား ဆိုနို.လို့ ပြန်နှုတ်ဆက်လိုက်ပါတယ်..ဒီလိုနဲ့ ပါနီပူရ် နဲ့ ၁၅ မိနစ်ခန့်
လောက် သွားရမယ်ဆိုတော့.သတိလေးထားပြီး ဘရိတ်လေးကိုလက်မှမလွတ်တမ်းကိုင်လို့ပေါ့..လမ်းသည်လည်း
ကြမ်းစပြုလာတော့ ခပ်ဖြေးဖြေးလေးနဲ့နင်းနေရင်းပဲ..ဗျောင်း..ဆိုပြီး စက်ဘီးပေါက်ပြီ..တော်သေးရဲ့ သတိနဲ့
ဘရိတ်လေးအုပ်လို့.အနားမှာလဲ.ပြင်တဲ့ဆိုင်ကမရှိ.လက်မှတွန်းကာဖြည်းဖြည်းခြင်းသွားခဲ့ရတယ်လေ.
တနေရာအရောက်.အပြင်ဆိုင်တွေ့လို့ဝင်မိပြန်တော့.သူမအားဘူးတဲ့အလုပ်တွေသိပ်များနေတယ်တဲ့.လေ.
မင်းအရေးကြီးရင်ဆိုပြီး သူလက်ညှိုးထိုးရာနေရာလေးသို့ ရှက်ကလဲရှက်.အားကလဲငယ်လာမိတယ်ပေါ့.လေ.
သူလက်ညှိုးထိုးရာသို့ တမျှော်တခေါ်ကြီး ပေါ့ ၅ ကီလိုဈေးသို့ရောက်ခါနီးလာတော့ ကား.ဆိုင်ကယ်.လီရှော.
ကုန်ကားကြီးများ.တွန်းလှည်းများ.နွားလှည်းများ..အလိုလို လမ်းတကာသို့လျောက်သွားနေတတ်သော နွားများ.
ဈေးသည်များ..ဈေးဝယ်များတို့သည်လည်း ပြည့်ကြပ်နေတဲ့အကြားမှာစက်ဘီးလေးလက်မှကိုင်လို့.ခပ်ကုတ်
ကုတ်လေးတွန်းကာသွားလာနေတဲ့ပုံစံလေးတော့မမေ့နိုင်ခဲ့ပါ.အမှတ်တရအဖြစ် ဒီ post လေးကိုတော့ တင်လိုက်ရတယ်ပေါ့..ဟော..တွေ့လိုက်ရပြီပေါ့..၀မ်းသာအားရနဲ့ဝင်မိပြန်တော့လဲ..လက်နဲ့ ပြကာမိမိအား.ပြော
နေတော့၏..ဘာကြောင့်လဲ ဘာလဲလို့ စဉ်းသားမိရဲ့.လက်စသက်တော့ သူက စက်ဘီးပြင်ဆိုင်မဟုတ်ဘူးဆိုတာ
ပြန်လှည့်ခဲ့ရပြန်တယ်ပေါ့..၂၀၀၈ ခုနှစ်လောက်က.ဒီ ၅ကီလိုဈေးမှာ သူငယ်ချင်းနဲ့အတူဈေးဝယ်လာရင်းမိမိကား
လူတွေများ..စက်ဘီးဆိုင်ကယ်တွေကြားမှာ မလိုက်ရဲလို့.ဆိုင်တဆိုင်ရှေ့သို့ရပ်ကာသူငယ်ချင်းအလာကိုစောင့်
နေမိတယ်ပေါ့..ဆိုင်ပိုင်ရှင်သည် မိမိအား.သူဆိုင်ရှေ့မှာလာရပ်လို့ မောင်းထုပ်ခံခဲ့ဘူး၏။
သူဆိုင်နှင့်ဆိုအတော်လေးဝေးပါ၏။မရှက်နိုင်ပေါင်ပြောပြလိုက်မိတော့၏.မိမိမြန်မာပြည်မှာဆို ဒီလိုရိုင်းစိုင်းမှု
မရှိခဲ့ သို့သော် မဇ္ဈိမသားတို့ရဲ့ အခြားနိုင်ငံခြားသားများကို ဘာလို့ဦးစားမပေးတာလဲဆိုတာတွေးလို့မရခဲ့ပါ..
အမိမြန်မာပြည်ဆိုရင်တော့ ဒီလိုအပြုအမူများမတွေ့ရ..ကဲရှိပါစေတော့..ဒီလိုနဲ့.ရှေးဆက်လို့သွားတော့.
ဝမ်းသာမိလိုက်သည်ဖြစ်ခြင်း.ဘန္တေကြီး.COME ON.တဲ့..ဒါနဲ့မိမိသည်လည်း ရှောက်လှမ်းရတာလဲညောင်းလာ
တာနဲ့စက်ဘီးလေးအပ်ခါ လွတ်နေသောခုန်လွတ်လေးပေါ်ထိုင်မိတော့၏.ပြင်ဆင်မှုကတော့မကြာလှ.အိပ်ထဲမှ
ပါလာသောကြွေနုတ်လေး ၅ရုပီး ၃ စေ့ထုပ်ပေးကာ.ရှေ့ဆက်ပြီးသုတ်ခြေတင်မိတော့၏..
ရောက်ပါပြီ..ဘာဘူကြီး နမာစကား..ဆိုပြီးပြောကာ.တကီလိုယူမယ်ပြောပြီး.အညောင်းပြေလမ်းလျောက်ရင်း
စောင့်နေတော့၏.ကုလားများတို့သည်.ဟိုမှသည် ဒီသို့သွားလာလှုပ်ရှားနေကြ၏.ကလေးများသည်လည်း
ဆော့ကစားနေကြ၏.ကားကြီးတစီးပေါ်တွင်မှာတော့ ဓါတ်ပုံအကြီးကြီးတင်ကာ.၄င်းကားပေါ်တွင် တီးဝိုင်းများဖြင့်
ခုန်ပေါက်ကနေသောလူရွယ်များ.တို့ဖြင့် ပျော်ရအင်နေကြ၏.။ထိုအပျော်ဆီသို့ရောက်ကာ.ဘာဘူမှ.
ဟေး..ဘန္တေကြီး..ဆိုမှ.သတိရတော့၏.ကြသင့်သော.ရူပီး၁၀၀ ကိုပေးကာ.ပြန်လာခဲ့တော့၏..။ထိုနေ့သည်ကား
ဝက်သားတခွက်ရဲ့ အမှတ်တရအဖြစ် ဘလော့မှာ အမှတ်တရ အဖြစ်ပေါ့လေ..ဒီနေ့မှာတော့ဝက်သားကားရခဲ့ပါ
၏..သို့သော်.၀က်သားတခွက်စားရဘို့အရေး..အရှက်တွေ.နဲ့ရောထွေးကာ.၀က်သားစားခြင်စိတ်တို့သည်လည်း
ဒီ..၂၀၁၀ .မှာ ဗာရာဏသီရွှေမြို့တော်ကြီးမှာ နောက်ဆုံးပဲဆိုတာ........

Sunday, March 14, 2010

ဗာရာဏသီမြို့တော်အကြောင်း


ခုတလောဘလော့ဘက်သို့မရောက်ဖြစ်ခဲ့.အကြောင်းအမျိုးမျိုးတွေကြောင့်ပေါ့.ကွန်နရှင်ရဲ့ ဆိုးဝါးမှု တွေရယ် ကြောင့် Post.မတင်ဖြစ်ခဲ့။ ဒီနေ့တော့ကောင်းမယ်ထင်လို့ တင်မယ်ဆိုပြီး ကွန်ပြူတာကိုကောက်ဖွင့်မိခဲ့... အချိန်ကတော့.လူခြေတိတ်ချိန်လေးပေါ့.မေတ္တာပို့သံလေးကိုအဖေါ်ပြု.ခပ်ဝေးဝေးမှာကြားနေရတဲ့ "စရဏ" ဘူတာသို့ ၀င်ရောက်မည့် ရထားကြီးရဲ့ရှည်လျားတဲ့ ဥသြရှည်ကြီးဆွဲသံနှင့်ထပ်တူ ရာသီချိန်ကား ဆောင်းအကုန်နွေအကူး.လေပြေနုလေးတွေ ဆော့ကစားချိန်။ ရောရွက်ဝါတို့သည်လည်းဟိုတရွက် ဒီတရွက်ကြွေကျလို့ မြေခတဲ့အချိန် မိမိနေအိမ်ရှေ့မှ မာလကာပင်ကြီးသည်လည်း ရိုးတံတို့သည် ခပ်ကြဲကြဲမို့ အော်..နွေရာသီကိုတောင် အကြွင်းမဲ့ရောက်လုပါပြီလားဟု....အတွေးစတို့နှင့်အတူ မိမိကျေးရွာ အညာဒေသ မှာတော့ ဖုန်လုံးကြီးတွေထနေကြပြီဆိုတာအောက်မေ့မိပါရင်း..ငယ်စဉ်ကကြားဘူးခဲ့သော ဗာရာဏသီ ရွှေမြို့တော်.ယ္ခုမူ.မိမိပညာသင်နေရတဲ့နေရာတစ်ခုအဖြစ်သို့ရောက်ရှိပေါ့.တနည်းအားဖြင့် သံဝေဇနိယ လေးဋ္ဌာနအနက်၊ တခုအပါဝင်ဖြစ်တဲ့ ဗုဒ္ဒဘာသာတို့အားကိုးရာမြတ်စွာဘုရား ၅ ပါးရှိတဲ့ပဉ္စ၀ဂ္ဂီတို့အား တရားဦးဟောရာ နေရာမြတ်ပါ..ဗာရာဏသီရွှေမြို့တော်၏ အကြောင်းကိုရေးမလို့ဆိုပြီး မေ့နေလိုက်တာ၊ အင်း.ခုဆို.မီးကပြတ်စာရိုက်ကမကျွမ်းကျင်နဲ့ ဓါတ်မီးလေးကိုအဖေါ်ပြုကာ ဒီနေ့တော့.တင်ရပေတော့မည်၊ မနေ့ကလဲ..ဂျိမ်းဘုန်းကြီးဗီဒီယို ဖိုင်တင်လိုက်တာမနက်မိုးလင်းခဲ့တယ်.. မအောင်မြင်ပါဘူး.သီးခံကြပါလို့။
မိမိနေတဲ့ ဗာရာဏသီရွှေမြို့တော်သည်.ကာသိက.ကာသိနဂရ စတဲ့အမည်နာမတွေနဲ့ထင်ရှားခဲ့တဲ့မြို့
ကြီးတမြို့ပါ..ဂေါတမမြတ်စွာဘုရားလက်ထက်တော်မှာဗာရာဏသီ(Varanasi)ဟု ကာသိတိုင်းမှာ ရာဇာဓာနီ မင်းနေပြည်တော်မြို့ကြီးဖြစ်လာခဲ့သည်။အနာဂါတ်တွင် အရိမေတ္တေယျဘုရား ပွင့်တော်မူမည်ဟုဗုဒ္ဓ၀ံသကျမ်း မှာဆိုထားတော်မူုပါတယ်။..ဗာရာဏသီရွှေမြို့တော်ကြီးရဲ့အကျယ်ဝန်းကတော့ ၁၂ ယူဇနာကျယ်ဝန်း ပါတယ်။ မြို့အပြင်ဆင်ခြေဖုံးတွေပါဆိုရင်တော့ ယူဖနာ ၂၀- ကျယ်ဝန်းခဲ့ပါတယ်။မြို့အ၀င် တံခါးလေး ပေါက်ရှီပါတယ်.ဗာရာဏသီရွှေမြို့တော်ကြီးဟာ.ရှေးအခါက သြဇာတိက္ကမကြီးကြတဲ့အကိတ္တိပုဏ် ဏားကြီး များ သေဆုံးသွားပြီနောက်ပိုင်းတွင် ထိုပုဏ်ဏားကိုအသစွဲပြု၍ ဂင်္ဂါမြစ်ဆိုတာရှိတယ်။ အဲဒီဂင်္ဂါမြစ် ထိပ်မှာမြို့ဝင် တံခါးပေါက်ရှိတယ်။အဲဒီအ၀င်တံခါးကို (အကိတ္တိဒွါရ)ဟု အမည်ပေးထားတယ်ပေါ့..ဗာရာဏသီ ရွှေမြို့တော်ကြီးဟာ မဏ္ဍလမာလာ ဟုခေါ်သောခန်းမကြီးတခုရှိသည်။ ထိုခန်းမကြီးမှာလည်း ဘုံ (၇)ဆင့်ရှိပြီး အပေါ်ဆုံးအထပ်မှာ ယဿသူဋ္ဌေးသားနေထိုင်သည်ဟု ကျမ်းစာအချို့မှာဆိုထားပါတယ်။ ၎င်းမြို့မှာ ဗြဟ္မဒတ်မင်းနေထိုင်သော ဘုံ(၇)ဆင့်နန်းတော်ကြီးလည်းရှိတယ်ပေါ့ ဗြဟ္မဒတ်ဟူသောအမည်သည် ဗာရာဏသီပြည်ကိုအုပ်ချုပ်သော ဘုရင်များကို အပ်နှင်းသည့်ဘွဲ့တံဆိပ်တော်ဖြစ်၏။ ဗြဟ္မဒတ်ဟု အမည်ရသူတို့သည် ၈၆၀၀၀ မျှရျိကုန်ကြ၏။ ရှေးအခါက မြန်မာအဖိုးအဖွားတို့သည်ကလေးများအား ရာဇ၀င် ပုံပြင်များပြောကြားသည့်အခါတွင် မင်းမသိလျင်ဗြဟ္မဒတ်… တိုင်းမသိလျင် ဗာရာဏသီဟု ငယ်စဉ်ကပြောသံ တို့သည်.ယ္ခု.အချိန်တွင်စာပေတို့ရဲ့တွေ့ထိမှုကြောင့်. အလွန်ပင်မှန်လှ၏ ဆိုတာ တွေးမိ၏.။။
ဆက်လက်ဖေါ်ပြပါမည်....

Thursday, March 11, 2010

အနေဝေးသော်လည်း အနေနီးဆိုတာ.


အခုတလော.post.မတင်ဖြစ်ခဲ့ပါ.ကွန်နရှင်ရဲ့ဆိုးဝါးမှုကြောင့် အခဏ်းကျဉ်းလေးထဲမှာ တယောက်ထဲ ဟိုတွေး ဒီတွေးဖြင့် အတွေးတို့သည်လည်း တွေးလို့မကုန်နိုင် အော်.မြတ်ဗုဒ္ဒရဲ့ စကားတော်တွေကို အောင့်မေ့ရင်း မဇ္ဈိမသားတွေအကြောင်းတွေးပြီး မဆီမဆိုင်စိတ်လေး နေမိတယ်ပေါ့.. မြတ်ဗုဒ္ဓက ငါဘုရားရဲ့ အနီးနားမှာ နေသော်လည်း ငါ့စကားကိုနားမထောင်ဘူး.ငါကျင့်ကြံသလို မကျင့်ကြံဘူး ဆိုရင် အနေနီးသော်လည်း အနေနီးသည်မမည်.တဲ့ ဗုဒ္ဒရဲ့စကားလေး.ကောင်းလိုက်တာမှ ခေတ်စကားနဲ့ပြောရရင် အရမ်းကိုလန်းနေတဲ့ စကားလုံးလေးပေါ့.. ဒီနေ့မဇ္ဈိမသားတို့သည်. ဗုဒ္ဓ ဘာသာ ဟူသောကျင့်သုံးမှုတို့သည် သူတို့၏ သန္တာန်၌မရှိကြ တော့.ရင်လေးစွ ဘာသာဓလေ့ တို့သည်လည်း အစွန်းသို့ရောက်ကုန်ကြပြီပေါ့. ဗြဟ္မဏ၀ါဒ. ဂျိန်းဝါဒ. စသည် စသည်တို့ဖြင့် ကိုးကွယ်နေကြ၏. ဗုဒ္ဒဘာသာဟူ၍ကား. မရှိတော့ မဟုတ်ရှိကြ၏။ သို့သော်.အမည်ခံလောက်သာများ ၏။ မိမိတခါက.၂၀၀၈.ခု အမိမြန်မာပြည်ကိုပြန်မည်လို့ ရင်းနှီးသောကုလား ဒကာမိသားစုအား သွားရောက်နှုတ်ဆက်ခဲ့၏။ ထိုမိသားစုကား. ဗုဒ္ဒဘာသာဟူသတတ်။ မိမိအား..အမှတ်တရအဖြစ်ခြုံထည်တထည် လှူလိုက်၏.india နိုင်ငံမှာ၎င်းခြုံထည်အလှူတခါရဘူး၏။ မိမိမှတ်တမ်းထင်ထား၏.တင်ပြဘို့ ထိုမိသားစု အိမ်သို့သွားခဲ့သော်လည်း. ပတ္တနားမှာ ရှိနေကြောင်းသိရ၍ အလှူဓါတ်ပုံကား တင်မပြ နိုင်တော့။ သို့သော် ဗုဒ္ဒဘာသာကားမှန်၏။ အိမ်မှာတင်ထားသည်ကား ဗုဒ္ဒရုပ်ပုံကားချပ်နှင့် ဂျိန်းဘုန်းကြီး ပုံတော်များတွေ့ရှိရ၏.သို့သော် သူသည်လည်း အလှူတခုအထ မြောက်ချေပြီဆိုပြီး မေတ္တာပို့ကာပြန်ခဲ့ရတော့၏။ မဇ္ဈိမသားတို့သည် ဂင်္ဂါမြစ်ကိုသာကိုးကွယ်ကြခြင်းလော စတဲ့မေးခွန်း တို့သည်လည်း မိမိရင်ထဲမှာအစီစီအရီရီပေါ့။ ဒါလဲဖြစ်အံ့ မည်မထင်။ သရဲလိုပုံစံဖြင့်ပြုလုပ်သော ကြောက်မက်ဘွယ်အရုပ်ကိုကိုး ကွယ်ကြခြင်းလား. ဒါတော့ ဖြစ်နိုင်ခြေရှိ၏။ ဆောင်းအကုန်. နွေအကူး. မြို့ထဲမှာ၎င်း.နေရာအတော်များများတွင်အမှိုက်များပုံကာ.မီးရှို့တတ်ကြ၏။ မြို့လည်ခေါင် သော.ဘာသောနား မလည်ကြချေ.ထိုမီးပုံများကိုမီးရှို့ကာသရဲကြီးလို့ခေါ်ဆို နိုင်သောနတ် ဘုရားအား ပူဇော်ကြ၏.အော်.. မြတ်စွာဘုရားရှင်ဘုရားပွင့်ခဲ့သော နေရာမှာ လူဖြစ်ခဲ့ကြသော်လည်း ယုံကြည်မှုပိုင်းဆိုင်ရာ၌ ဘာသာရေး သာသနာရေးမှာသူတို့ မသိကြလေရော့သလားဆိုပြီး အတွေးတို့သည်လည်း.. သူတို့သည် မြတ်စွာဘုရား နှင့်အနေနီးခဲ့သော်လည်း အနေနီးဟုမခေါ်နိုင်ပါ. အနေဝေးသည်သာတည်း။
တနေ့စာဖတ်နေရတာလည်း ငြီးငွေ့လာတာနဲ့အမျှ.အင်တာနက်စာမျက်နှာကိုဖွင့်ပြီး မိတ်ဆွေ အပေါင်း အသင်းတွေနဲ့မေးကြမြန်းကြဘို့ ချက်တင်ဝင်လိုက်တော့၏။ ချက်တင်မ၀င်ဖြစ်တာ အတော်ကြာပြီဖြစ်၏။ ဟော..တွေ့ခဲ့ရတဲ့အသိတယောက်ပေါ့.. ဆွိဒင်နိုင်ငံ၌နေသည် ဟုသိလိုက်ရလေ၏.အော်..ဘာသာခြားနိုင်ငံ တနိုင်ငံမှာနေခြင်းဖြင့်. ဘာသာရေးမဲ့နေပြီလော..ဆိုသော အတွေးတဘက်မိမိရင်မှာ ကိန်းအောင်းလာခဲ့... အင်း...ဆိုပြီးသက်ပြင်းလေး မသိမသာချပြီး. မြန်မာဆိုသောအသိကြောင့်မေးရမှာလဲ မရဲတရဲ ရင်ထဲမှာလည်း မွန်းကြပ်မိခဲ့. ပြောရင်းဆိုရင်းဖြင့် ဘာသာရေးလမ်းကြောင်းသို့မေးမြန်းရလေတော့၏။ အို..၀မ်းသာ လိုက်တဲ့စကား.. ကြားခြင်လွန်း တဲ့စကား.ရင်ထဲမှာ ပီတိတို့သည်ကား. ပြောလို့မပြတတ်လောက်အောင်ဖြစ်ခဲ့ရ၏။
ထိုဆွိဒင်နိုင်ငံနေသူသည်..မွန်လူမျိုး.ဖြစ်၏။မိမိသည်လည်း ရောက်ဘူးသောနေရာများ. ဘာသာ ရေးနဲ့ပတ်သတ်ခဲ့ရင် အတော်လေးစားမှုရှိကြောင်း စသည်စသည်တို့ ပြောလိုက်ရင်း အချိန်ကား အတော်လင့်နေပြီ နောက်ပြီး၎င်း ဆွိဒင်နိုင်ငံနေအမျိုးသမီးသည် အသက်အားဖြင့်(၃၇) အမည်ကား မကြည်ကြည်ခိုင်(မွန်မလေး) ဖြစ်၏..တပည့်တော်တို့မွန်တွေက ဘာသာရေးတောင် အသက်ပေးပြီး စောင့်ရှောက်ခဲ့တာလေ..တဲ့ ခု.ရောဗုဒ္ဒဘာသာပဲပေါ့.. အိမ်မှာအမြဲတမ်းမနက်မိုးလင်းသည်နှင့် ဗုဒ္ဒဝေ ယျာဝစ္စများ လုပ်ကိုင်ကြောင်း မေတ္တာပို့ အသံလေးတွေဖွင့်ကြောင်း ခရားရေလွတ်ပြောလေ တော့၏.မိမိသည်လည်း ဒီနေ့တော့ပြောဟောပြခြင်း ဘုရားနှင့်အနေဝေးသော်လည်း ဘာသာရေး လုပ်ဆောင်နေခြင်း ဘုရားနဲ့ပတ်သတ်သော ဘုရားဝတ်ပြုဂုဏ် တော်ပွားမေတ္တာပို့ခြင်းများပြူလုပ်ဘို့ ပြောပြခွင့်ရတော့၏။ စိတ်ချမ်းသာမှုတွေကား ပြောမပြတတ်အောင် ဖြစ်မိ၏..မခိုင်.ရေ မဇ္ဈိမသား တွေကတော့ အနေနီးသော်လည်း အနေဝေးနေကြပြီလေ..မခိုင်တို့သည် အနေဝေးသော်လည်း အနေနီး နေတဲ့မိသားစုဖြစ်ကြောင်း.နှင့် ဘာသာရေးဝေးနေတဲ့နေရာတခုမှာ ဘာသာရေး လုပ်ခြင်းဖြင့်. မိမိရဲ့လော ကီစီးပွါးစတဲ့ လိုအင်ဆန္ဒတွေပြည့်စုံနိုင်ကြောင်း.ပြောပြီး..မိမိရေးထားသော.မိမိ မတတ်တတတ်ရေး ထားသော နေရာလေးကိုဖိတ်ခေါ်ကာ.ကြည့်ရှုခိုင်း၏.ကြည်ညိုခိုင်း၏။လေ့လာခိုင်း၏.မကြာမကြာ တွေ့တိုင်း လည်း. မမြင်ဘူးသော်လည်း.ညီမလိုတသွယ် အမလိုတဖုံပြောဆိုဆက်ဆံခဲ့ရပြီး မိသားစုတွေ အားလုံးသည် ဟိုအဝေးမှာဖြစ်လင့်ကစားတွေ့ဘူးမြင်ဘူးသော အသိမိတ်ဆွေပမာ ဘုရားနှင့်ပတ် သတ်သော ဘာသာရေး နှင့်ပတ်သတ်သော.စကားလေးတွေပြောဖြစ်ခဲ့ပြီး.အနေဝေးသော်လည်း. အနေနီးဖြစ်နေကြတယ် ဆိုတာ.. ဘာသာရေးနှင့်ပတ်သတ်ရင် မမေ့ဘို့.မိမိတတ်နိုင်သမျှကြိုးစားဘို့ မအားလို့ပါဆိုတဲ့ အသုံးနှုံးတွေကြားထဲက သေသွားတဲ့လူတို့သည်အများကြီးလို့ မိမိသည်လည်း မအားဘူးဆိုသည့်ကြားက သေရမည်ဆိုတာ.. သိနေပြီလေ. မသေခင်မှာ.. အနေနီးတဲ့ သူတွေဖြစ်ကြ လေအောင်.ဒီ..နေ့တော့ ဒီစာလေးကို (ဆွိဒင်နိုင်ငံ) နေမကြည်ကြည်ခိုင်တို့မိသားစုအား.. အမှတ်တရအဖြစ်တင်လိုက်ရတယ်ပေါ့။
အနေဝေးသော်လည်းနေနီးသောလူတယောက်ဖြစ်အောင်ကြိုးစားပါ..ဆိုတာ....
သုခိအတ္တာနံ ပရိဟာရန္တု...ကျမ္မာကြပါစေဆိုတာ...


့H I V ထက်ကောင်းသောလူများ

သိပ်မကြာသေးမီက India နိုင်ငံမှာ အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့တယ်။ ရုပ်ရှင်ရုံတစ်ရုံတွင် အမျိုးသမီးတစ်ဦးသည် ရုပ်ရှင်ရုံအတွင်းရှိ ထိုင်ခုံတွင် ထိုင်လိုက်သောအခါ တင်ပါးတွင် ဆူးကနဲ နာကျင်သွားသည်။ သူမထ၍ ထိုင်ခုံကို ကြည့်လိုက်သောအခါ ထိုင်ခုံတွင် ဆေးထိုးအပ်တစ်ချောင်း နှင့် စာတစ်စောင်ကို တွေ့ရတယ်။ စာထဲတွင် ရေးထားသည်ကား " သင်သည် HIV ပိုးကို ကူးစက်ခံလိုက်ရပါပြီ " တဲ့။
ပြင်သစ်ပြည်ရှိ ကျန်းမာရေးဌာနတစ်ခုမှလည်း အလားတူဖြစ်ရပ်များ ဖြစ်ပွားနေသည်ဟု ကြေငြာထားပါသည်။

ရု့ပ်ရှင် ရုံများတွင်သာမက ဘဏ်ရှိ ငွေထုတ်စက်များတွင်ပါ HIV positive ဖြစ်သော အပ်များကို တွေ့ရှိသည်ဟု India ရှိ ကျန်းမာရေးဌာနမှ သတင်းထုတ်ပြန်ထားသည်။ ဒါကြောင့် သူတို့ဆီမှာ ရုပ်ရှင်ရုံတွေ ငွေစက်တွေမှာ အသုံးပြုရင် အရမ်းသတိထားဖို့ လှုံဆော်မှုတွေ ပြုလုပ်နေပါတယ်။
အိမ်နီးနာချင်း နိုင်ငံမှာ ဖြစ်နေတာဆိုတော့ သတိထားသင့်တယ်ထင်လို့ ဖော်ပြလိုက်တာပါ။ ရှင်းရှင်းပြောရရင် မြန်မာတွေက အဲဒီလောက် စိတ်မပုပ်ဘူး ထင်တာပဲ။ ဒါပေမယ့် ရုပ်ရှင်ရုံတို့လို အလင်းရောင် မကောင်းတဲ့နေရာမှာ ထိုင်မယ်ဆိုရင် သတိထားတာ အကောင်းဆုံးပါပဲ။ နောက်တစ်ချက်က ဒီမှာ အမှိုက်သိမ်းတာ က စနစ်တကျမရှိတော့ အမှိုက်ပုံတို့နားကို ဖြတ်လျောက်သွားရင် သတိထားစေချင်ပါတယ်။ ဆေးထိုးအပ်တွေ ထောင်နေတတ်တယ်။

နိုင်ငံတကာရောက်နေကြတဲ့ မြန်မာတွေလည်း သတိထားသင့်တယ်။ တစ်ကယ်လို့ အပ်ဆူးသွားရင်လည်း အရမ်းကြီးကြောက်မသွားပါနဲ့။ အပ်ဆူးတိုင်းလည်း ပိုးမကူးတတ်ပါဘူး။ ပိုးဝင်သွားတိုင်းလည်း ဖြစ်ဖြစ်ချင်း ဆေးတစ်လ သောက်ရင် ၉၀ ရာခိုင်နှုန်း လောက် ကာကွယ်ပေးနိုင်ပါတယ်။ အဲဒီတော့ အရမ်းတုန်လှုပ်ခြောက်ခြားခြင်းမျိုးလည်း ရှောင်သင့်တယ်..ပေါ့

Sunday, March 7, 2010

ပျင်းလိုက်တာနော်

ဒီနေ့ နေရတာကချောက်ကပ်ကပ်နဲ့.ပင်အိုတွေလဲမွဲလို့ရိုးတံတွေကခပ်ကြဲကြဲ ဟို.အဝေးကို မျှော်ကြည့် ပြန်တော့လဲ.မြောက်လေလေးက ခပ်သုတ်သုတ်လေးနဲ့.နားထဲကြားလိုက်ရတဲ့ အသံကဥသြသံပမာ.ပေါ့. အော်..နွေရာသီကိုတောင် အကြွင်းမဲ့ရောက်လို့လာခဲ့ပြီ.ဆိုတာ. သဘာဝပတ်ဝန်းကျဉ်က. နိုးဆော် နေမိတော့လဲ.အော် နွေရာသီ.. နွေရာသီ.. အမိမြန်မာပြည်မှာတော့ဥသြငှက်တို့အလွမ်းသီချင်းဆိုနေချိန်ပေါ့..
မီးကလဲ ပြတ်နေလိုက်တာ.လက်သုံးတော်ဖြစ်တဲ့မစ္ဖျိမဒေသ ပုံရိပ်များစာအုပ်လေးကို ကောက်ပြီး လှန်လိုက် မိရဲ့မြတ်စွာဘုရားရဲ့ အကြောင်းလေးတွေတွေ့သမျှ ကုန်ကြမ်းလုပ်ဘို့ ရင်ထဲမှာတန်းစီနေပါပကော လားဆိုပြီး.ပီတိတွေလဲဖြစ်နေမိတယ်ပေါ့..အတွေးစတို့သည်လည်းဟိုမှသည်ဒီ..ပေါ့့.. လေပြေလေးတချက် တိုးဝှေးလိုက်တာ.ရင်ထဲမှာတော့ အေးသွားခဲ့.အင်း..အမိမြန်မာပြည်မှ မယ်တော်ကြီးတော့ ကျမ္မာလို့ ချမ်းသာပါစ..ဆိုတဲ့အတွေးကလဲ.နှလုံးသည်းပွတ်တနေရာမှာ ၀င်ရောက် လာမိပြန်တော့လဲ.. အော်.. မယ်တော်ကြီးနဲ့ ဝေးကွာလွန်းတဲ့ နေရာမှာဒီရာသီအချိန်လေးမှာဆိုရင်. မယ်တော်ကြီးရဲ့ပြုတ်ပေးသော ပြောင်းဖူးနုနုနဲ့ ထန်းပင်ပေါက်လေးတွေကို လွမ်းလိုက်တာလေ မပြောပါနဲ့လား. ဒီမှာတော့ဝေးခဲ့ရပါတယ်လေ မယ်တော်ကြီးရယ်.အမေ ကိုပြောမိတယ်နော်.သားတို့နေရာက အေးရင်လဲ တအားအေးတယ် ပူရင်လဲအရမ်းပူတယ်လို့..ခု .ဆောင်းကုန်လို့ နွေကူးပြန်တော့လဲ အပူဒါဏ်ကိုအံတုလို့. မပြီးပြတ်သေးတဲ့ ကျောင်းကိစ္စကိုစောင့်ရင်းဘ၀သမိုင်းပေးတာဝန်လေးကြောင့်သီးခံပြီးနေနေရတယ်မယ်တော်ကြီးရယ်. အချိန်တန် ပြန်လာရင်တော့ မယ်တော်ကြီးရဲ့အနားမှာ ရက်ရှည်လများကြာကြာနေမယ်လို့လဲစိတ်ကူး တွေနဲ့ပေါ့..ဟော..အချိန်တန်လာတော့လာပြီပေါ့..မီး..ကွန်ပြူတာလေးကိုကောက်လို့ဖွင့်လိုက်တယ်ပေါ့. အမိမြန်မာပြည်မှညီမတယောက်ရဲ့gtalk.မှ..တိန်..ဆိုပြီး.နေကောင်းလား.?ဘာညာပေါ့.ပူနေပြီလားတဲ့ အဲဒီမှာ.သိပ်တော့မပူတတ်သေးဘူးဆိုပြီးဖြေလိုက်မိရဲ့..အလဲ့..အလာကြီးပါလား..နွေရာသီရဲ့သရုပ်လေးကို ဖေါ်ထုတ်လို့အလွမ်းသည်ထားလိုက်တာ.. (ပူသမျှကိုအလှဆင်....စိတ်ပူ..ရင်ပူ..အတွေးပူ..တစ်ပိုက်တစ်ထွေးနဲ့..ဟောဒီလူသား..လှမ်းသော်မှ.ရောက်လာခဲ့
တဲ့အမုန်းနွေ..ပူသမျှကို..ရင်နှင့်အမျှ..ပိုက်ကာထွေးတော့..နွေရှိနေကရွေ့.အပူဆိုတာရင်ဆိုင်ရစမြဲမို့..ပူပါစေ
တော့နွေတရာ..)ဆိုပြီးရောက်လာပြန်တော့ တိုက်ဆိုင်မှုလေးတွေပေါ့.နွေအကြောင်းလေးကိုစဉ်းစားနေချိန်မှာ
အော်..အမိမြန်မာပြည်မှာအပူတွေနဲ့ရင်ဆိုင်နေကြပြီဆိုတာလဲ တွေးမိပြန်ရဲ့..ရွာမှာ ငယ်စဉ်ကဆော့ကစားဘူး
တဲ့.လက်ပန်ပွင့်ကြီးတွေအခုချိန်ဆိုကြွေကြနေလို့..ငယ်သူငယ်ချင်းတို့ကောက်နေကြပြီပေါ့ဆိုပြီး ငယ်သူ ငယ်ချင်းတွေကိုလဲတမ်းတ မိပါတယ်လေ.အတွေးတို့သည်လည်း မစ္ဖျိမတနေရာကနေ. အောက်မေ့ရုံမှတပါး.မတတ်နိုင်တော့ပါ.အပျင်းတိုကသည်လည်း.စာလေးဖတ် မယ်တော်ကြီးရဲ့အကြောင်းတွေး ငယ်စဉ်က ဆော့ကစားဘူးတဲ့ကြွေကြလာသမျှလက်ပန်ပွင့်ကြီးတွေကို အလုအယက်ပြေးလွှားလုခဲ့ရတာလေးတွေ တွေးရင်း..အပျင်းတို့သည်လည်း.အပျင်းတော်ကိုပြေစေခြင်းငှာ.... စာလေးတပိုဒ်ဖန်ဆင်းလိုက်ရချေသည် တကား...

Thursday, March 4, 2010

ဗာရာဏသီမြို့နှင့်သံသုမာဂီရိမြို့

မြတ်စွာဘုရား( ၈)၀ါမြောက်ဝါကပ်တော်မူခဲ့သည့်ကျောင်းတော်နှင့်
သံသုမာဂိရိတောင်လေးကိုနောက်ခံပြူပြီးတော့


သူငယ်ချင်းတွေနဲ့အတူအမှတ်တရပေါ့
ဗာရာဏသီမြို့နှင့်သံသုမာဂီရိမြို့သည်ကီလိုမီတာ (၅၀) ကျော်ဝေးကွာသည်။ဘဂ္ဂတိုင်း၌ရှိသောမြို့တမြို့ဖြစ်
သည်။မြို့ရိုးဖြစ်၍ခံတပ်လည်းရှိရမည်.မြို့တော်တည်ဆောက်ရန်ပန္နက်ရိုက်ချိန်တွင်အနီးရှိရေကန်မှ မိချောင်း
တကောင်သည်..သုမ်.သု.မာ.ရ်.ဟူ၍ အသံပြုလေ၏.။ထိုအသံကိုအစွဲပြု၍ သံသုမာရမြို့ဟုခေါ်ဆိုကြလေ၏.
ထို့ပြင်မိချောင်းပုံစံနှင့်တူသောတောင်ရှိခြင်းကြောင့်လည်းသံသုမာဂီရိ ဟုအမည်ထင်ရှားလာလေ၏.။
ထိုမြို့တွင် နကုလပိတာတို့ဇနီးမောင်နှံနေထိုင်သောမြို့လည်းဖြစ်၏.ထိုဇနီးမောင်နှံသည်ရှေးဘ၀က မြတ်စွာ
ဘုရား၏မိဘများဖြစ်ခဲ့ဘူး၍.တွေ့သည့်အခါတိုင်း..မြတ်စွာဘုရားကိုရှေးရေစက်ကြောင့်..သား...သား..ဟု ခေါ်
ဝေါ်ပြောဆိုလေ့ရှိကြသည်။ ထိုသံသုမာဂီ၇ီမြို့သည်.တိရစ္ဆာန်တို့အားဘေးမဲ့ပေးသော ဘေသကလ.အမည်
ရှိသောဘီလူးမနေထိုင်သည့်တောအုပ်ကြီးရှိလည်းရှိ၏။မြတ်စွာဘုရားသည်လည်းထိုမြို့သို့မကြာခဏကြွတော်
မူ၏.ဘေသကလတောတမာပင်ရင်းမှာ.(၈) ကြိမ်မြောက်ဝါကပ်တော်မူ၏.။တိုနေရာတွင် မိမိရောက်ရှိချိန်မှာ
သြော်..ဘုရားမြတ်စွာသက်တော်ထင်ရှားရှိစဉ်က နေထိုင်ခဲ့.၀ါကပ်ခဲ့သောနေရာတော်ပါလားဆိုပြီး.ထိုကျောင်း
တော်လေးကို မြတ်စွာဘုရားကို အာရုံပြုကာ.အကြိမ်ကြိမ်ဦးတည်ခဲ့ပါတယ်လေ..

Wednesday, March 3, 2010

မြတ်စွာဘုရားပရိနိဗ္ဖာန်စံခါနီးဒီနေရာ၌ချိုးတော်ရေသုံးခဲ့ရာနေရာ

ကုသိနာရုံမြို့ အိန္ဒိယနိုင်ငံ
ဒီနေရာလေးမှာ မြတ်စွာဘုရားသည် မလ္လမင်းတို့အင်ကြင်းဥယာဉ်အနီးနားတွင်နောက်ဆုံးချိုးတော်ရေသုံးသွားခဲ့
သည်။မိမိရောက်ခဲတော့ အော် မြတ်ဗုဒ္ဒသည်သည်းနောက်ဆုံးမှာသေခြင်းတရားနှင့်ရင်ဆိုင်တွေ့ခဲ့ရပေပြီ
မိမိတို့သည်လည်း.သေရက်သေချိန်သေခါတို့သည်တနေ့တနေ့နီးလာခဲ့ချေပြီ.မသေခင်မှာ သင်တို့သည်လည်း
ကုသိုလ်ရေးကိုအားထုပ်ကြဘို့.

Monday, March 1, 2010

ဟော.သင်္ကြန်ဆိုပါ့လား.

လိုင်းကားရဲ့နောက်မှာလဲတွယ်လိုက်လို့ ပျော်နေကြတာလေးတွေ
ဆိုင်ကယ်ကိုလဲ ဒီလိုပိုင်နိုင်စွာ..၄ ယောက်နဲ့အတူပျော်ရွှင်ကြလို့
သူငယ်ချင်းတွေနဲ့ပျော်ပျော်ရွှင်ရွှင်လည်းတမျိုးပေါ့


ညကအရှိန်ကြောင့် မျက်စိသည်လည်းကျိမ်းစက်စက်လမ်းဘက်မှာလည်း လူငယ်လူရွယ်တို့သည် ဘုံကိုအဆက်မပြတ်တီးခတ်လျက်လက်စွဲတော် ကိုစက်ဘီးလေးကိုအဖေါ်ပြုပြီး
ဝမ်းရေးအတွက်ဈေးဝယ်ထွက်လိုက်ပြန်တော့လဲ.HOLI DAY..တဲ့..
ဟို.ခပ်ဝေးဝေးဆအထိရှောက်ရှာပုံတော်ဖွင့်ပြန်သော်လည်း.ဘာမှမတွေ့ရ.ဒီနေ့ ၀မ်းရေးအတွက်..ခက်ချေပြီတကား....ဆိုပြီး..မိမိအိမ်သို့ပြန်ခဲ့ပြီး.ရှိတာလေးနဲ့လွေး
လိုက်ရပါတော့သည်။။သင်္ကြန်ခေါ် holi day.ရဲ့အမှတ်တရတည်း။။

ဒီနေ့ကား..အိန္ဒိယသားတို့၏.holi day..ခေါ် သင်္ကြန်ရက်.တဲ့.မိမိမှာတော့ ဥပုသ်စောင့်ရတဲ့နေ့
တနေ့ ဆိုရင်မှန်ပေလိမ်မည်.ဆေးရောင်စုံတို့ဖြင့်ပေကြံနေကြသောသူတို့ရဲ့မျက်နှာနှင့်အကျီင်္များ..စက်
ဘီး.ဆိုင်ကယ်တို့ဖြင့်သွားလာနေကြသည်.စကတ်တွေနဲ့ ဥဒဟိုသွားလာနေကြသောကုလားမလေးများ
ခေါင်းမြီးခြုံကာသွားလာနေသော ကုလားမကြီးများနှင့်ရှုတ်ထွေးလျက်.သင်္ကြန့်နေ့ဆိုလို့ထူးခြားမှု
လေးတွေတွေ့ရမယ်အထင်နဲ့လက်စွဲတော်လေးကိုအဖေါ်ပြုပြီး.ဟို.ပါဏိပုရ်.နဲ့ အာရှပူရ် ဆီသို့.ခြေဆန့်
လိုက်တယ်လေ..လား....လား..ဒီနေ့ ဘာဆိုင်မှမဖွင့် ဆိုင်ခဏ်းများအားလုံးငြိမ်သက်လျက်..
လှုပ်ရှားနေသူတို့ကား..holi day ကိုပျော်ရွှင်စွာဆော့ကစားနေကြသော ကိုရွှေကုလားတို့တည်း.။

အချို့.ဆိုင်ကယ်ပေါ်တွင် ၃.၄.ယောက်ထိုင်လျက်.ခေါင်းမှာလဲ.ကာလာရောင်စုံပြွမ်းသောစက္ကူဦး
ထုပ်ဆောင်းလျက် ပျော်နေကြသည်ပေါ့.တနေရာအရောက် ဘန္တေဂျီး.ဆိုပြီး.ဆေးတို့ဖြင့် သုတ်မယ်
အပြု.မိမိသည်လည်း.လက်စွဲတော်ကိုသုတ်ခြေတင်ကာပြေးလွှားခဲ့ရ၏။တနေရာအရောက် ခေတ္တမျှ
ရပ်ပြီးလေ့လာနေမိ၏.အော် သူတို့ရဲ့အလေ့အထဆိုတော့ပျော်နေကြတာပဲလို့အတွေးလေးနဲ့.သူတို့ရဲ့
သွားလာလှုပ်ရှားတာလေးတွေကိုမှတ်တမ်းတင်ဖြစ်တယ်လေ..ညနေ နေ၀င်ခါနီး.မှာစရဏဆိုတဲ့ မိဂဒါ
ဝုန်တ၀ိုက်မှာတော့.ထိုင်း..တရုတ်.တိဘက်တို့သည်.ဘုရားဆီသို့ဦးတည်ကာ.တရားဓမ္မအတွက်သွား
နေကြပြီ..အော်..သူတို့ အိန္ဒိယ လူမျိုးတို့မှာတော့..


ဒီနေ့အိန္ဒိယ နိုင်ငံသားတို့ရဲ့HOLI DAY.တဲ့

သူတို့လေးတွေပျော်နေကြတာ အားကြစရာနော်.
ဟော..သူတို့ကလဲ အားကြမခံပေါ့.ပျော်နေတယ်လေ.
ဒီ.ဆေးရောင်စုံတွေနဲ့ပက်ကြတာလေ.ဒီနေ့တော့ဆေးရောင်းတဲ့သူ.ရူပီးတွေအများကြီးရပြီပေါ့လေ.
အင်း..ဘာဘူကြီးတွေကလဲပျော်လို့ရွှင်လို့ ပျော်နေကြတာလေ
ဒီ.လိုအစုလိုက်အပြုံလိုက်ကလည်း.အမိမြန်မာပြည်လိုပဲပေါ့.

အချိန်ကား မေလ (၁)ရက်နေ့ပေါ့..အိန္ဒိယနိုင်ငံမှာ သင်္ကြန်တဲ့.သင်္ကြန်ဆိုတော့ရေတွေနဲ့
ပတ်တာတော့ဟုတ်ဘူး။ ဆေးရောင်စုံတွေနဲ့ပတ်ကြသုတ်ကြတာပေါ့.၂၈.၂.၂၀၁၀.ညမှာလဲ .ဟိုခပ်လှမ်းလှမ်းမှာ တဒိုင်း..ဒိုင်းနဲ့ ဖေါက်နေကြတယ်လေ။ ၀ုန်းဒိုင်းကြဲလို့. အိန္ဒိယသားတို့ပျော်နေကြတာပေါ့လေ.မိမိမှာကားအိပ်လို့မရ သူတို့ရဲ့.ဗျောက်ဖောက်သိအသံသည်..ဥာဉ့်နက်နေပြီ အများသူငါတို့အိပ်နေချိန်ဆိုတော့ တိတ်ဆိတ်နေတဲ့ ညကို ဖြိုခွဲကာ..၀ုန်း...ဒိုင်း ..ဗျောင်းနဲ့ မညီညာသောစည်းချက်ပမာကြားရသူတို့ရင်မှာ
ကြားရသည်ကား ငှက်ဆိုးထိုးသံပမာ.ဒါနဲ့ မိမိသည်လည်း ဖတ်လက်စစာအုပ်လေးကိုပိတ်ကာ.အခဏ်းအပြင်ထွက်လို့ လမ်းလျောတက်နေမိတယ်ပေါ့...
အလို..ဟို ခပ်ဝေးဝေးမှာ..မီးပန်းတို့ဖြင့် တ၀င်းဝင်းနဲ့ ကောင်ကင်ယံသို့ပစ်လွှတ်နေကြတဲ့ မြင်ကွင်း အပြင်ရောက်ခါမှနားထဲမှာထိန့်လန့်မှုတွေပိုလာမိတော့
တနေရာမှ မြူတူးပျော်ပါးနေတဲ့ကလေးအချို့ရဲ့အသံများ.တဘက်အခဏ်းမှာလည်း.နှစ်ခြိုက်စွာ
အိပ်မောကြနေတဲ့.တိဘက်ဘုန်းကြီးတို့ရဲ့..ခူး..ခလော..ဟောက်သံ.တို့ဖြင့် တေးဂီတသဖွယ်ပမာ.
အော် အမိမြန်မာပြည်နဲ့သင်္ကြန်ဘာမှမဆိုင်ဘူးပေါ့..ဒါနဲ့ပဲ အအေးဓါတ်လေးရလာလို့
အခင်္ဏးထဲပြန်ဝင်ဆူညံသောအသံများကြောင့်အိပ်မရလို့. ကွန်ပြူတာကို ပြန်ဖွင့်ပြီးဒီ.HOLI.DAY..ဆိုတာလေးကိုအမှတ်တရ အဖြစ်တင်လိုက်ရတယ်ပေါ့. ဟော..အင်တာနက်မှာလဲ သူတို့မအိပ်ကြသေး.မေးတမေးမှာဆို အိန္ဒိ
ယ သားတို့ အသုံးပြုများတဲ့မေးကိုကြည့်လိုက်တော့..အို့..HOLI DAY.
အမှတ်တရပုံတွေနဲ့ ပျော်နေကြတယ်ပေါ့.ဒါနဲ့ မိမိက ဒီလိုအမှတ်တရ ပုံလေးတွေကို ကော်ပီအဖြစ်ကူးပြီးတင်ပြလိုက်ပါတယ်..အော်..မနက်ဖြန်ဆိုတဲ့အချိန်မှာ ဘယ်လိုတွေများလုပ်ကြဦးမှာလဲဆိုတဲ့အတွေးနဲ့.တွေးရင်း.
အင်း.အင်တာနက်စာမျက်နှာမှ .ဆရာဇော်ဂျီ.ရဲ့ ကဗျာလေးတွေကို ဖတ်ရှုရင်း ဖတ်ရှုရင်းနဲ့ မိမိသည်
လည်း.မျက်စိတို့သည်ကျိမ်းစက်လို့လာပြီ...အဝေးတနေရာမှ.အသံတို့သည်လည်း တဖြည်းဖြည်း
ငြိမ်သက်လျှက်..မိမိကား..ထိုအသံတို့ကို.ဥပေက္ခာပြုပြီး..




အိန္ဒိယနိုင်ငံနှင့်နီပေါနိုင်ငံအကူး


မတ်စွာဘုရားဖွားမြင်တော်မူရာ နီပေါနိုင်ငံ သို့ ခြေလျင်လေးလျှောက်ကာကြသင့်သောငွေကို
ပေးသွင်းကာဒီလိုလေးလျှောက်ခဲ့ရတယ်လေ.အင်း...
ဖုန်းလိုင်းဆိုင်ရာတွေလဲ အတော် လုပ်ထားတာတွေ့ရတယ်လေ.. နီပေါနိုင်ငံ ထဲလဲရောက်ရာ..ဟဲ..ဟဲ..ဟဲ.ဘာမှမပေါ်တော့အင်း..မြတ်စွာဘုရား ဖွားမြင်တဲ့နေရာလေးကို
တွေ့လိုဇောရောက်လိုဇောလေးတွေနဲ့အတူပေါ့.
ဖုံးခေါ်လို့မရတော့လဲ အဆိုကျော် ဒေါ်မာမာအေးရဲ့ သီချင်းလေးကို ဖွင့်မိလိုက်တယ်ပေါ့...
အရွယ်မတိုင်မီ မိဘ နှစ်ပါး..ပိုးမွေးသလိုမွေးရပါပြီ.... အနန္တဂုဏ်ရည်.ပျို.ကြည်အောင် ကျေးဇူးတွေတင်သည်..ဖ၀ါးလက်နှစ်လုံး..ပခုံး လက်နှစ်သစ်..လူဖြစ်အောင်လဲ.. မွေးဖွားရသည်..လူလားမြောက်တဲ့အချိန်မှာတည်....ဆိုပြီး ကြားလိုက်ရပြန်တော့
မိဘရဲ့မေတ္တာဟာ.ကြီးမားလှတယ်ဆိုတာ တေးရေဆရာက လဲ..
အစွမ်းကုန်ဖွဲ့သီထားတော့..မိမိသည်ပင်.မွေးမေမေကိုပြန်လည်တမ်းတလို့လွမ်းမိတယ်ပေါ့..
အမိမြန်မာပြည်မှ မွေးမေမေတယောက်ကျမ္မာလို့ချမ်းသာပါစ ဆိုပြီး
အမေ့ ကိုသတိရလိုက်တာလေ..အမေ သားတော့ ရောက်နေပါပြီ..မြတ်စွာဘုရားရဲ့ ဖွားမြင်တဲ့နေရာ
လေးကို ..နီပေါနိုင်ငံ ထဲမှာလေ အမေ..လို့..