အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Saturday, December 31, 2011

ကမ္ဘာ့ပညာရှင်တို့သည် ဗုဒ္ဒဘာသာအပေါ် ဤသို့


"စကြာဝဠာတစ်ခုလုံး ကိုးကွယ်မည့်ဘာသာ"

နောင်တစ်ချိန်တွင် စကြာဝဠာတစ်ခုလုံး ကိုးကွယ်ကြသည့်ဘာသာတစ်ရားတစ်ခုဖြစ်ပေါ်လာလိမ့်မည်။ ထိုဘာသာတစ်ရားသည် တစ်ယူသန်ဝါဒ၊တရားသေ၀ါဒများကိုလည်း ရှောင်လွဲနိုင်လိမ့်မည်။ သဘာဝ တရားနှင့် ဘာသာတရားနှစ်ခုလုံးကို လွှမ်းခြုံမိသည့် ထိုဘာသာတရားသည် ရုပ်နာမ်တရားကို ကိုယ် တွေ့ခံစားသိမြင်မှုနှင့် အဓိပ္မါယ်ပြည့်ဝသည့် ပေါင်းစည်းညိညွတ်မှုအပေါ်မှာ အခြေခံလိမ့်မည်။
ထိုအချက်အလက်များကို ဗုဒ္ဓဘာသာက အဖြေထုတ်ပေးလိမ့်မည်။ အကယ်၍သာ ခေတ်သစ်သိပ္ဖံနည်းကျ လိုအပ်ချက်များကို အဖြေထုတ်ဖြည့်ဆည်းပေးနိုင်မည့် ဘာသာတရားတစ်ခုရှိလာမည်ဆိုလျှင် ထိုဘာသာ တရားသည် ဗုဒ္ဓဘာသာပဲဖြစ်လိမ့်မည်။
"ကမ္ဘာကျော် ဆရာကြီး ဒေါက်တာအဲလဘတ် အိုင်စတိုင်း"

"ဘယ်အရာမှဗုဒ္ဓဘာသာတရားတော်ထက်ပို၍ မသာလွန် မကောင်းမြတ်"
ဗုဒ္ဓဘာသာဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ ကျွန်ုပ်သည်ကမ္ဘာပေါ်ရှိ ဘာသာတရားအားလုံးကို လေ့လာ ခဲ့ပြီးဖြစ်၏။လှပတဲ့အရာမှာရော၊ ပြည့်စုံကုံလုံတဲ့အရာမှာပါ ဗုဒ္ဓဘာသာရဲ့ အမှန်တရားအရိယသစ္စာ လေးပါးနဲ့ မဂ္ဂင်ရှစ်ပါးဆိုတဲ့ အကျင့်လမ်းစဉ်ထက်ပို၍သာလွန်ကောင်းမြတ်တဲ့အရာတစ်ခုမျှမတွေ့ပါ။ ထိုလမ်းစဉ်နှင့်အညီ ကိုယ်ဘ၀ကိုပုံဖော်ရေးအတွက် ကျွန်ုပ် ကျေနပ်ရောင်ရဲပါဧ။် ။
(ပါမောက္ခရိုက်-စ် ဒေးဗစ်)


"လူ့ဘာသာတရား"
ကောင်းကင်ထက်မှာ နေလရှိနေသရွေ့ မြေကမ္ဘာပေါ်မှာ လူသားတွေတည်ရှိနေသရွေ့ကာလပတ်လုံး ဗုဒ္ဓဘာသာရှိနေမှာပါ။ အကြာင်းမူရင်းသည် လူ့ဘာသာတရားဖြစ်နေသောကြောင့်ပါပဲ။
(သီရီလင်္ကာ ၀န်ကြီးချူပ်ဟောင်း ဘဒ္ဒရာနှိုက်)

"မူဝါဒဖြင့်နေရသော ဘ၀"
ဗုဒ္ဓဘာသာသည် စည်းမျဉ်းဥပဒေဖြင့် နေထိုင်ရသောဘ၀မဟုတ်၊ မူဝါဒဖြင့်နေထိုင်ရသောဘ၀ဖြစ်ဧ။် ။ အကျိုးဆက်အားဖြင့် သည်းခံရေးဘသာတရားတစ်ခုဖြစ်ဧ။် ။ယင်းသည် နေမင်းအောက်ရှိ စိတ်ကောင်းစေ တနာအရှိဆုံးစနစ်တစ်ခုဖြစ်ပါသည်။
(ခရစ်ယာန်ဘုန်းတော်ကြီး ဂျိုးဇတ်ဝိန်း)


"အမြင့်မြတ်ဆုံးလူသား"
သင်သည်အကယ်၍ အမြင့်မြတ်ဆုံး လူသားတစ်ယောက်ကို တွေ့မြင်လိုပါက သူဖုန်းစားတို့ အ၀တ်သင်္ကန်း ကိုဝတ်ရုံဆင်မြန်းထားသော (သာကီဝင်မင်းသား) ဘုရင်တစ်ပါးကို ကြည့်လိုက်ပါ။ သူဧ။် ကြည်ညိုလေးစား ဖွယ်စင်ကြယ်သန့်ရှင်းမှုသည်လူ့လောကတွင် ကြီးမြတ်လှပါပေဧ။် ။
(မူဆလင် ကဗျာဆရာ - အပ္ဖ္ဒဒူလ် အတာဟီယ)

"မြတ်ဗုဒ္ဓဧ။် ပဋိသေ၀၀ိဿဇ္ဖနာ"
ဥပမာအားဖြင်ဆိုရသော် အိလက်ထရွန်ဧ။် အနေအထားသည် တစ်မျိုးတစ်စားတည်းလောဟု မေး လာခဲ့သော် မဟုတ်ဟုဆိုရပါမည်။အိလက်ထရွန်ဧ။်အနေအထားသည် အချိန်နှင့်အတူ ပြောင်း လဲနေပါသလောဟု မေးလာခဲ့သော် မဟုတ်ဟုဆိုရပါမည်။ သေသည့် နောက်ကာလ၌ အတ္တ၏အခြေ အနေနှင့်ပတ်သတ်၍ အမေးခံလာရသည့်အခါ အထက်ပါအဖြေမျိုးကို ဗုဒ္ဓကပေးတော်မူခဲ့၏။ သို့သော် ယင်းအဖြေမျိုးသည်ဆယ့်ခုနှစ်၊ဆယ့်ရှစ်ခုနှစ် သိပ္ဖံပညာ၏ အစဉ်အလာနှင့် ယဉ်ပါးခြင်းမရှိသေးချေ။
(ဂျောရောဘတ် အိုပင်ဟိုးမား)

အခုလောက် ရာစုနှစ်ပေါင်းများစွာ ရှည်လျားကြာမြင့်လာခဲ့သည့် အချိန်ကာလကြီးတလျှောက်လုံး အချုူပ်အခြာအာဏာပိုင်စိုးလာသော ဗုဒ္ဓဘာသာဝင်များက အခြားဘာသာဝင်များကို သတ်ဖြတ် ကွတ်မြတ်သည်ဟူသော မှတ်တမ်းမှတ်ရာဟူ၍ ရှည်လျားကြာမြင့်လှသည့်ဗုဒ္ဓဘာသာ သမိုင်းကြောင်းတွင် ကျွန်ုပ်မတွေ့ရပါချေ။
(ပါမောက္ခ ရိုင်းစ် ဒေးဗစ်)

အခုလောက် ရာစုနှစ်ပေါင်းများစွာ ရှည်လျားကြာမြင့်လာခဲ့သည့် အချိန်ကာလကြီးတလျှောက်လုံး အချုူပ် အခြာအာဏာပိုင်စိုးလာသောဗုဒ္ဓဘာသာဝင်များကအခြားဘာသာဝင်များကို သတ်ဖြတ်ကွတ်မြတ်သည် ဟူသော မှတ်တမ်းမှတ်ရာဟူ၍ ရှည်လျားကြာမြင့်လှသည့်ဗုဒ္ဓဘာသာသမိုင်းကြောင်းတွင် ကျွန်ုပ် မတွေ့ရပါချေ။
(ပါမောက္ခ ရိုင်းစ် ဒေးဗစ်)

ဤအရာတွင် မြတ်ဗုဒ္ဓသည် ထာဝရတည်ရှိသော သစ္စာတရားတို့၏တန်ဖိုးကို တိတိလင်းလင်း ရှင်းပြ တော်မူသည့်အပြင်အန္ဒိယနိုင်ငံ၏ကိုယ်ကျင့်တရားကိုပါ တိုးတက်မြင်းမားစေခဲ့၏။ မြတ်ဗုဒ္ဓသည် ကမ္ဘာလောကကြီးအားပေးအပ်ထားသည့် အကြီးမြတ်ဆုံးသော သူတော်စင်ပညာ ရှိလူ့ဂဂေးကြီးတစ်ဦး
ဖြစ်ပါပေဧ။်။
(အနောက်တိုင်းသားဦးဆောင်တွေးခေါ်ရှင် အယ်လ်ဘတ်စဆိတ်စာ)

ကမ္ဘာစိတ်ပိုင်းယဉ်ကျေးမှုနှင့် စစ်မှန်သောရုပ်ပိုင်းယဉ်ကျေးမှုတို့ ထွန်းကားရေးအတွက် လူ့သမိုင်း ကြောင်းရှိအခြားသောသြဇာအာဏာထက် ဗုဒ္ဓဘာသာတရားတော်က ပို၍လုပ်ဆောင်ထားပါပြီ။
(အိပ်ခ်ျဂျီဝဲလ်)

ခေတ်သစ်သိပ္ဖံပညာ၏ လိုအပ်ချက်များနှင့် ရင်ဆိုင်ယှဉ်ပြိုင်မည့် ဘာသာတရားတစ်ခု ရှိသည်ဆိုပါလျှင် ယင်းသည်ဗုဒ္ဓဘာသာပင်လျှင်ဖြစ်ရပါမည်။
(အယ်လ်ဘတ် အိန်းစတိန်း)


"အမှန်မြင်သူ၏စကား"
သင်ဟာတက္ကသိုလ်က ဘွဲ့ကောင်းကောင်းတစ်ခု(သို့) ကားသစ်တစ်စီး (သို့) အသံအလွန်ကောင်သည့် စတိရီယို ကတ်ဆတ်တစ်လုံးဒါမှမဟုတ် ကမ္ဘာဘယ်အရပ်ဒေသမဆို လွတ်လွတ်လပ်လပ် သွားလာ နိုင်တဲ့အခွင့်အရေးဆိုတာ တကယ်ပဲကျေနပ်မှုပေးနိုင်ပါတယ်လို့သင်ဆိုမယ်ဆိုပါတော့ ။ဒါဆိုရင် ကျွန်မပြောချင်ပါတယ်။အနောက်နိုင်ငံသားတွေဟာ ဒါတွေကိုကြိုးစားရယူရင်းနဲ့ပဲ ၀မ်းနည်းမှု၊စိုးရိမ် ပူပန်ရမှုတွေ တွေကြုံနေရပါတယ်။

ဒါကြောင့်ဒိလို တပ်မက်မှုအဖုံဖုံကို လေးလေးနက်နက်စဉ်းစားသုံးသတ် လေ့လာကြည့်စေချင်ပါ တယ်။ဒါပေမဲ့ ကျွန်မဟာ အဲ့ဒီ ကျင့်စဉ်များကို အားရကျေနပ်မှု မရှိခဲ့ပါဘူး။၁၉၇၆-ခုနှစ် ဇူလိုင်လမှာ ဗုဒ္ဓဘာသာ တရားရိပ်သာတစ်ခုမှာ မြတ်ဗုဒ္ဓရဲ့ သစ္စာလေးပါးတရား နဲ့ လက္ခာရေးသုံးပါးအကြောင်းကို ပတမဆုံးနာကြား ရပါတယ်။အဲ့ဒီအချိန်ကစပြီး မြတ်ဗုဒ္ဓဟောကြားတဲ့ တရာတော်မှလွဲ၍ဘယ်အတွေး အခေါ်အယူအဆကိုမှ အားရကျေနပ်မှုမရှိခဲ့ပါ။
ဘာဘရာဂျင်နပ်စ်(အမေရိကန်)

"HAPPY NEW YEAR" အမှတ်တရ

 ဒီနေ့ ဒီအချိန်ဟာ မင်္ဂလာနှစ်သစ်နေ့လေးဖြစ်ပါတယ်.. ဟို ခပ်ဝေးဝေးတနေရာမှ ဗြောက်.အိုး.ဖောက်သံတို့သည်..တ၀ုန်း..၀ုန်း..တဒိုင်း.ဒိုင်း..နဲ့အသံတို့သည် မင်္ဂလာနှစ်သစ်ကိုကြိုဆိုနေကြပါလားဆိုပြီး အေးလွန်းလို့ စောင်ခြုံပြီးကွေးနေရာမှ ကပျာကယာထပြီးနာရီကြည့်လိုက်တော့ ၁၂ နာရီတိတိအချိန်ဆိုတော့လဲ မောင်ကုလားတို့ ဆူညံသံတို့သည် အပြစ်မတင်ရက်ပါ..ဒါနဲ့ အမိမြန်မာပြည်မှ မိတ်ဆွေတို့ထံအမှတ်တရ ဖုန်းလေးခေါ်မိပြန်တော့လဲ.သူတို့လဲပဲ နှစ်သစ်ကိုကြိုဆိုနေကြောင်း မနက်မိုးလင်းတာနဲ့ ရွှေတိဂုံဘုရားသို့ သွားရန်ဖြစ်ကြောင်း နှစ်ဟောင်းမှ ပုထုဇဉ်တို့သည်အကုသိုလ်အညစ်ကြေးလေးများကို နှစ်သစ်မှာပါမသွားရလေအောင်ဆိုပြီး အသိစိတ်တို့သည်သူတို့ရင်ထဲမှာ ကိန်းအောင်းနေကြပြီပေါ့..
မိမိသည်လည်း အိပ်မရတာနဲ့အတူ အအေးဒဏ်ကိုအံတုပြီး HAPPY NEW YEAR အမှတ်တ၇အဖြစ်
post လေးတခုဖန်တီးပြီးတင်လိုက်မိတော့၏။



ကောင်းသောနေ့လေးပါနော်၊ ""ဗိုက်ပြည့်နေတဲ့သူက ဗိုက်ဆာနေတဲ့သူအကြောင်းကို သေသေချာချာ မသိနိုင်သလို၊ ပြည့်စုံနေတဲ့သူကလည်း ဆင်းရဲချို့တဲ့နေတဲ့သူရဲ့ အကြောင်းကို သေသေချာချာ မသိနိုင်ဘူး၊ အဲ့ဒါကြောင့် တစ်ဦးနဲ့တစ်ဦး ကိုယ်ချင်းစာတရားတွေ မထားနိုင်ကြတာပါ၊ ဒို့တွေက အတိတ်ကံကောင်းလို့ ဗိုက်ပြည့်နေတဲ့သူမျိုး ဖြစ်ခဲ့ရင်... ဗိုက်ဆာနေတဲ့ သူတွေအကြောင်းကို သိအောင်ကြိုးစားပြီး စာနာစိတ်နဲ့ ကိုယ်တတ်စွမ်းသရွေ့ ကူညီစောင့်ရှောက်ကြရအောင်၊ တကယ်လို့.... ဒို့တွေဟာ အတိတ်ကံမကောင်းလို့ ဗိုက်ဆာနေတဲ့သူမျိုးဖြစ်ခဲ့ရင်တော့.. ဗိုက်ပြည့်နေတဲ့သူတွေကို မုဒိတာပွားပြီး တရားနဲ့ ဖြေနေကြရအောင်""  တဲ့ဗျာ။

           ရှင်/ ရဟန်းပြုခြင်းဟာ သာသနာ့အမွေကို ဆက်ခံရာရောက်ကြောင်း လူတိုင်းသိကြပေမယ့်... မြတ်ဗုဒ္ဓရဲ့ ပထမဆုံး သာသနာ့ ဒါယကာအဖြစ် အသိမှတ်ပြုခြင်း ခံခဲ့ရသူဟာ ဘယ်သူလဲ.... ဆိုရင် သိသူတွေရှိပေမယ့် မသိသူတွေကို ပြောပြမယ်နော်...

          တစ်ခါက မင်းကြီးဟာ စစ်မက်တွေ ခြံရံပြီး အသောကရာမကျောင်းဆီသို့ ထွက်ခဲ့သတဲ့၊ ကျောင်းကိုရောက်တော့ မင်းကြီးက သံဃာတော်တို့ရဲ့ အလယ်မှာနေပြီး ""အဘယ်သူ၏ စွန့်ကြဲခြင်းဟာ အကြီးမြတ်ဆုံး ဖြစ်ပါသလဲ"" လို့.. သံဃာတော်တွေကို လျှောက်ထား လေသတဲ့၊ အဲ့ဒီတော့...  သံဃာတွေထဲမှာ ရှိနေတဲ့ အရှင်မောဂ္ဂလိပုတ္တတိဿ မထေရ်မြတ်က ""ယခု မျက်မှောက် အခြေအနေမှာတော့ အရှင်မင်းကြီးရဲ့ စွန့်ကြဲခြင်းသည်သာလျှင် ကြီးမြတ်ပါတယ်"" လို့... ဖြေကြားလိုက်သတဲ့ဗျာ၊ အဲ့ဒီတော့... မင်းကြီးလည်း လွန်စွာ ၀မ်းသာ အားရ ဖြစ်ပြီး.... ""အရှင်ဘုရား... တပည့်တော်သည် ယခုလောက်မျှသော ဒါနအမှုများကို ပြုရုံဖြင့် သာသနာတော်၏ အမွေကို ခံရပါအံ့လော"" ဟု ထပ်မံလျှောက်ထားခဲ့သတဲ့၊ အဲ့ဒီအခါမှာ မထေမြတ်က ""ဟုတ်ပေတယ် အရှင်မင်းကြီး ယခုလောက်သော ပစ္စည်း ဥစ္စာ တို့ကို စွန့်ကြဲရုံလောက်နဲ့တော့ သာသနာ့အမွေခံ မဖြစ်နိုင်ပါ၊ ကမ္ဘာမြေမှ ဗြဟ္မာပြည်သို့တိုင်အောင် ပစ္စည်းလေးပါးကို စုပုံလှူဒါန်းလျှင် လည်း ဘုရားရှင်၏ သာသနာ့အမွေကို ဆက်ခံသူအဖြစ် မရနိုင်ပါ၊ ဒကာတော်မင်းကြီးအနေနဲ့... မိမိ၏ ရင်မှဖြစ်သော သား/သမီးရတနာကို သာသနာ့ဘောင်သို့ သွင်းပေးခြင်းဖြင့်သာ သာသနာတော်၏အမွေခံ၊ သာသနာ့ဒါယကာ ဖြစ်ပေသည်"" ဟု မိန့်ကြားတော်မူခဲ့ပါသတဲ့ဗျာ။

           အဲ့ဒီတော့မှ မင်းကြီးဟာ အိမ်ရှေ့မင်းလျာ သားတော် မဟိန္ဒကို သူ့ဆန္ဒအလျောက် ရဟန်းပြုခွင့်ပေးခြင်း၊ သမီးတော် သင်္ဃမိတ္တာအား သာမဏေရီ ပြုပေးခြင်းတို့ဖြင့် သာသနာ့အမွေကို ခံယူရရှိပြီး ပထမဆုံး သာသနာ့ဒါယကာ ဖြစ်ခဲ့ပါသတဲ့ဗျာ၊ အဲ့ဒီ... မင်းကြီးကတော့.. ပါဋလိပုတ်ပြည့်ရှင် သိရိဓမ္မာသောကမင်းကြီး ဖြစ်ပါတယ်တဲ့ခင်ဗျာ၊ အဲ့ဒီကစပြီး ထေရ၀ါဒ ဗုဒ္ဓသာသနာကို သက်ဝင်ကြသူတွေဟာ မိမိတို့ရဲ့ ရင်နှင့်သည်းချာ ရင်သွေးရတနာတို့ကို သာသနာ့ဘောင် ဖြစ်သော ရဟန်း/ သာမဏေဘ၀သို့ ပို့ဆောင်ပေးခြင်းဖြင့် သာသနာ့ ဒါယကာများအဖြစ် ၀မ်းမြောက် ၀မ်းသာ ခံယူလာခဲ့ကြတာ ယနေ့တိုင်ပါပဲလို့ သိရပါတယ်ခင်ဗျာ။

Friday, December 30, 2011

လာဘ်လာဘအရာတွင် "အရှင်သီဝလိသည်"ဧတဒဂ်ဘွဲ့ကို ရယူပိုင်ဆိုင်ခဲ့သည်

မိမိကိုရင်ဘ၀ကသာမဏေသကျသီဟလုပ်စဉ်အခါကကျက်မှတ်ဘူးသော "ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ

လာဘီနံ ယဒိဒံ သီဝလိ"ဟူ၍ ကျက်မှတ်ဘူးခဲ့သည် လာဘ်လာဘပေါများရာတွင် အရှင်သီဝလိမထေရ်သည်

အမြတ်ဆုံးအသာလွန်ဆုံးဟူ၍ မြတ်စွာဘုရားသည်ဧတဒဂ်ဆုကိုပေးခဲ့သည်။ယခု ရှင်သီဝလိ၏ ဘ၀ပုံရိပ်တစိတ်တဒေသ ကိုဖေါ်ပြလိုက်ပါ၏။ သူ၏ အတိတ်ကံစသည့်အကြောင်းတရားများသည်...


ဗုဒ္ဓဘာသာဝင်များက ရှင်သီဝလိကို ကိုးကွယ်ပူဇော်လျှင် အရောင်းအ၀ယ် ကောင်းသည်။ လာဘ်လာဘပေါများသည်ဟုယုံကြည်ရင်းစွဲရှိကြသည်။ ယင်းသို့ယုံကြည်သည့်အလျောက်

ရှင်သီဝလိပုံတော်ကို ထုလုပ်ကိုးကွယ်၍ အဆောင်ကောင်းအဖြစ် သွားလေရာသို့

ယူဆောင်သွားကြသည်။ ရှင်သီဝလိဆိုသည်မှာ လာဘ်လာဘ ဖွံ့ဖြိုးသော

ရဟန္တာတပါးဖြစ်ကြောင်းကိုမူ အားလုံးက သိထားကြ၏။ ရှင်သီဝလိနှင့်ပတ်သက်၍

တောင်းခဲ့သော ဆု၊ ပြုခဲ့သော ကုသိုလ်၊ ကျူးလွန်ခဲ့သော အပြစ်၊ စံစားရသော

အကျိုးပေး၊ ခံစားရသော ဒဏ်ချက်များကိုလည်း အပြည့်အစုံ လေ့လာမှတ်သားဖို့

ကောင်းပေသည်။

(တောင်းခဲ့သောဆု)

ရှင်သီဝလိ အလောင်းတော်သည် ပဒုမုတ္တရမြတ်စွာဘုရား လက်ထက်တော်၌ လာဘ်လာဘအရာ၌ ဧတဒဂ်ဘွဲ့ ပေးခဲ့ရသော

ရဟန်းတပါးကို အားကျပြီး ထိုဧတဒဂ်မျိုး ရလိုကြောင်း ပဒုမုတ္တရဘုရားထံ

ဆုတောင်း၍ ပါရမီကို စတင်ဖြည့်ခဲ့လေသည်။

(ပြုခဲ့သောကုသိုလ်)

ဝိပဿီမြတ်စွာဘုရား လက်ထက်သို့ ရောက်သောအခါ ကျေးလက်ဇနပုဒ်တခု၌ အညတရ တောသားတဦး ဖြစ်ခဲ့ရ၏။

ထိုအချိန်၌ ဗန္ဓုမတီမြို့သူ မြို့သားတို့က ဗန္ဓုမတီမင်းကြီးနှင့်

သူနိုင်ငါနိုင် အပြိုင်ကြဲ၍ ဒါနပွဲကို ဆင်နွှဲနေချိန်ဖြစ်၏။ ၆-ကြိမ်တိတိ

ဘုရင်ကလည်း ပြည်သူတွေကို နိုင်အောင်မလုပ်နိုင်။ ပြည်သူတွေကလည်း

ဘုရင်ထက်သာအောင် မလုပ်နိုင်။ အားပြိုင်၍ နေလေ၏။ ၇-ကြိမ်မြောက်

ဒါနပြိုင်ပွဲတွင်မူ ပြည်သူများဘက်မှ ထူးခြားချက်တခုဖြစ်ပေါ်လာလေသည်။

ဘုရင်မင်းမြတ်၏ အလှူထက်သာစေရန် ပြည်သူတို့၏ဒါနပွဲတွင်လောလောလတ်လတ် ပျားရည်နှင့်

နွားနို့ခဲ မပါဘဲရှိရာ ထိုပစ္စည်းရလျှင် ဘုရင်မင်းမြတ်၏အလှူထက်

သာပေလိမ့်မည်။ ထို့ကြောင့် လမ်းဆုံလမ်းမတွင် အစောင့်ချ၍ ပြည်သူတို့က

ဦးအောင်ဝယ်ရန် ငံ့လင့်နေကြသည်။ ထိုအခိုက် တောမှ မြို့သို့ တက်လာသော

သီဝလိအလောင်း လုလင်က ထိုပစ္စည်း ၂-မျိုးကို ယူဆောင်၍လာရာ

မြို့သူမြို့သားတို့က တကျပ်ပေး၍ ၀ယ်ယူကြ၏။ ထိုခေတ်ပေါက်ဈေးအရ

တကျပ်မတန်သောပစ္စည်းကို တကျပ်ပေး၍ ၀ယ်ယူသောကြောင့် တောသားလုလင်၏ စိတ်တွင်

အထူးအဆန်းဖြစ်ပြီး ရုတ်တရက်မရောင်းဘဲဈေးကိုင်ထားလိုက်၏။

မြို့သူ မြို့သားတို့က တဖြည်းဖြည်း ဈေးတက်ပေး၍ အနည်းငယ်မျှသာတန်သော

တောသားလုလင်၏ပျားရည်နှင့်နွားနို့သည်တထောင်အထိဈေးနှုန်းမြင့်တက်သွားလေသည်ထိုအခါတောသားလုလင်က-မြတ်စွာဘုရားလှူရန်ဝယ်သည်ဆိုပါက

ငွေဖြင့် မရောင်းလိုဘဲ ကျွန်ုပ်ကိုယ်တိုင် အခမဲ့ကုသိုလ်ပါဝင်

လှူဒါန်းပါမည်-ဟု ပြောကြားရာ အားလုံကပင် သဘောတူလက်ခံပြီး ရွှင်ရွှင်ပျပျ

လှူဒါန်းခွင့်ပေးလေသည်။ တောသားလုလင်က

-လာဘ်လာပေါများရပါလို၏ဟုဆုတောင်းရာဝိပဿီမြတ်စွာဘုရားကသင်ဆုတောင်းသည့်အတိုင်းဖြစ်စေသတည်း-ဟုမိန့်ကြားတော်မူသည်။

ဤဒါနနှင့်ဤဆုတောင်းကြောင့်ဖြစ်လေရာဘ၀အကျိုးပေးကောင်းမွန်ပြီးဂေါတမမြတ်စွာဘုရားလက်ထက်တွင်လာဘ်ပေါများသည့်အရာ၌သူမတူအောင် အကျိုးပေး ကောင်းမွန်သည့် ဧတဒဂ်ဘွဲ့ရရှင်သီဝလိဖြစ်ခဲ့ရလေသည်။

(ကျူးလွန်ခဲ့သောအပြစ်)

ရှင်သီဝလိဖြစ်မည့် နောက်ဆုံးဘ၀တွင် အမိဝမ်းတွင်း၌ ၇-နှစ်ကြာမျှ ၀ဋ်ဒုက္ခ ခံစားရခြင်း၊

ဖွားမြင်သောအခါမှာလည်း အမိ၏ ယောနိဝတွင် ကန့်လန့်ခံ ပိတ်ဆို့၍ ၇-ရက်ကြာမျှ

ဒုက္ခကြီးစွာ ရောက်ရခြင်းတို့နှင့် ကြုံကြိုက်ရသည်။ ဤသည်တို့မှာ ဆိုးကျိုး

ဆိုးပြစ်ဖြစ်၍ အကြောင်းကိုသုံးသပ်လျှင်ဤသို့တွေ့မြင်ရပါမည်။

တခုသောအတိတ်ဘ၀က သီဝလိနှင့် မယ်တော် သုပ္ပ၀ါသာတို့မှာ ဗာရာဏသီမင်း၏

မိဖုရားကြီးနှင့်သားတော်ဖြစ်ခဲ့ကြလေသည်။တချိန်တွင်ကောသလမင်းကစစ်တပ်အလုံးအရင်းဖြင့်ဗာရာဏသီမင်းကိုတိုက်ခိုက်လုပ်ကြံ၍ထိုမင်း၏မိဖုရားကြီးကိုသိမ်းပိုက်ယူငင်လေသည်။

ဗာရာဏသီမင်း၏ သားသည် သူ၏ဖခင် ဗာရာဏသီမင်းကြီး စစ်ရှုံး၍ နတ်ရွာစံသောအခါ

ရေထုတ်ပြွန်ပေါက်မှ တိတ်တဆိတ် ထွက်ပြေးပြီးလျှင် ဗိုလ်ပါအလုံးအရင်းကို

စုရုံးလျက် ဗာရာဏသီမြို့ကို ပြန်လည်တိုက်ခိုက်လေသည်။ အတွင်းရှိ

မယ်တော်ကြီးက မြို့ကို ၀ိုင်းထားရန် အကြံပေးလေသည်။ မယ်တော်ကြီး

အကြံပေးသည့်အတိုင်း သားဖြစ်သူက မြို့တံခါးမကြီး လေးပေါက်တို့ကို

အ၀င်အထွက်မရှိ ပိတ်ဆို့ထားရာ၇-နှစ်မျှကြာသွားလေသည်။

မည်သို့မျှ အကြောင်းမထူး၍ မယ်တော်ကြီးထံ ထပ်မံ၍ အကြံဉာဏ်တောင်းခံရာ အတွင်းနေ

မယ်တော်ကြီးက တံခါးငယ် (မလွယ်ပေါက်)ပါ မကျန် အားလုံး ပိတ်ဆို့

ဝန်းရံထားရမည်ဟုအကြံပေးလေ၏။မယ်တော်ကြီးအကြံပေးသည့်အတိုင်းဝင်ပေါက်ထွက်ပေါက်

မရှိအောင် (၀င်မရ ထွက်မရအောင်) ပိတ်ဆို့ ၀န်းရံထားလေရာ

မြို့သူမြို့သားတွေမှာ အစာရေစာအတွက် ဒုက္ခရောက်ပြီး အနေကျပ်သောကြောင့်

ကောသလမင်း၏ ဦးခေါင်းကို ဖြတ်၍ သီဝလိအလောင်း ဗာရာဏသီမင်းသားအား ဆက်သပြီး

ထီးနန်းကို ထိုးအပ်ရလေသည်။ ဤမကောင်းမှု အကုသိုလ်ကံကြောင့်

ကိုယ်တိုင်ကျူးလွန်သူ

ဗာရဏသီမင်းသားမှာငရဲ၌ခံရပြီရှင်သီဝလိအလောင်းအလျာဖြစ်လာသည်။

(ရှင်သီဝလိမယ်တော်နှင့်ခမည်းတော်)

ရှင်သီဝလိ ဖွားရာဒေသမှာ ကုဏ္ဍိကာမြို့ ဖြစ်သည်။ ရှင်သီဝလိ၏ မျိုးရိုးမှာ

ကောလိယမင်းမျိုး ဖြစ်သည်။ ဖခင်၏အမည်ကို ကျမ်းဂန်တို့၌ သီခြားမပြပါ။

ကောလိယမင်းသား-တပါးဟုသာ သာမန်ပြဆိုသည်။

မယ်တော်၏အမည်ကိုမူသုပ္ပ၀ါသာ-ဟုသီးခြားပြဆိုသည်။သုပ္ပ၀ါသာသည်လည်း

ဆွေကြီးမျိုးကောင်း ကောလိယဘုရင်တပါး၏ သမီးတော်ဖြစ်သည်။ အလွန်သဒ္ဓါတရား

ကောင်း၏။ ဖွယ်ဖွယ်ရာရာ မွန်မွန်မြတ်မြတ် လှူတတ်သောသဘောရှိ၏။ ထို့ကြောင့်

ဂေါတမမြတ်စွာဘုရား၏ သာသနာတွင် မွန်မွန့်မြတ်မြတ် ပေးလှူတတ်သောအရာ

ဧတဒဂ်ဘွဲ့ ချီးမြှင့်ခံရသူ ဖြစ်သည်။

မြတ်စွာဘုရားနှင့် သံဃာတော်များအတွက် ခဲဘွယ်ဘောဇဉ်နှင့် ဆေးဝါးဓာတ်စာများကို သင့်လျော်အောင်

စီမံ၍ ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းလေ့ရှိသည်။ နေ့စဉ်နေ့တိုင်း သံဃာတော်

၁၀၈-ပါးကို နိစ္စဘတ် ဆွမ်းလောင်းလှူလေ့ ရှိသည်။ ဆွမ်းခံကြွလာသော

ဘိက္ခုဖြစ်စေ၊ ဘိက္ခုနီဖြစ်စေ အချည်းနှီး ပြန်မသွားရ။ ကန်တော့ဆွမ်း မလောင်း။

အကယ်၍ ဆွမ်းနှင့် ဆွမ်းဟင်း ကုန်သွားသော် အခြားစားဖွယ် တမျိုးမျိုးကို

လောင်းလှူလေ့ရှိသည်။ လှူသည့်အခါမှာလည်း ဖြစ်ကတတ်ဆန်း မလှူ။

မွန်မွန်မြတ်မြတ် ရိုရိုသေသေလှူတတ်သည်။ဒါနနှင့်ပျော်မွေ့သူဖြစ်သည်။

ဤမျှသဒ္ဓါတရားကောင်းပြီးရတနာသုံးပါးကိုရိုသေကိုင်းရှိုင်းသူဖြစ်ပါလျက်ကိုယ်ဝန်သန္ဓေကို ခုနစ်နှစ်ကြာမျှ လွယ်ထားရသည်မှာ သနားဖို့ပင် ကောင်းတော့သည်။ အဖြေကား

မြို့ကို ၀န်းရံပိတ်ဆို့ထားပါ-ဟု တိုက်တွန်း မိသော အကုသိုလ်ပြစ်ချက်၏

အကျိုးဆက်ပင် ဖြစ်တော့သည်။

ရှင်သီဝလိသည်လည်း ကျပ်တည်းကျဉ်းမြောင်းသော အမိဝမ်းထဲတွင် သွေးအလူးလူးဖြင့် ၇-နှစ်ကြာမျှ

ဒုက္ခကြီးစွာ ၀ဋ်ဆင်းရဲကို ခံရရှာသည်။ မွေးဖွားရာတွင်လည်း သက်သာလွယ်ကူခြင်း

မရှိဘဲ ကမ္မဇလေကြောင့် ဦးစောက်ပြောင်းပြန် ခြေထောက်မိုးမျှော်

ကျွမ်းထိုးမှောက်ခုံ ဖြစ်ရရုံမျှမက အမိ၏ယောနိတွင် ကန့်လန့်ခံ၍ ၇-ရက်ကြာ

ဒုက္ခဝေဒနာကိုအလူးအလဲခံရပြန်လေသည်။

(အံ့ဖွယ်ဖြစ်ရပ်ထူးများ)

ရှင်သီဝလိ၏ ကုသိုလ်ကံအကျိုးပေးကောင်းပုံမှာလည်း ထူးထူးခြားခြား ရှိလှ၍ အံ့သြဖွယ်

ကောင်းလွန်းလှပေသည်။ရှင်သီဝလိအလောင်းသန္ဓေတည်မိသည်နှင့်တပြိုင်နက်ဝမ်းတွင်းရှိ

သန္ဓေသား၏ ကုသိုလ်ကံကြောင့် မယ်တော် သုပ္ပ၀ါသာမင်းသမီးအထံသို့ ဟိုမှသည်မှ

ရာပေါင်းများစွာသော လက်ဆောင်ပစ္စည်းများ နေ့စဉ်အမြဲ ည-နံနက် ဆက်ကာဆက်ကာ

ပေးပို့လာကြလေသည်။ ဆွေမျိုးများက သုပ္ပ၀ါသာမင်းသမီး၏ ဘုန်းကံကိုစမ်းလို၍

မျိုးစေ့ထည့်ထားသော တောင်းကို မင်းသမီး၏ လက်ထဲသို့ ထည့်စေကြကုန်၏။

သုပ္ပ၀ါသာမင်းသမီး၏ လက်ဖြင့် ထိမိသမျှ မျိုးစေ့တို့သည်အံ့သြယူရလောက်အောင်

တစေ့တစေ့မှ အပင်အညှောက် အရာအထောင်ပေါက်ပွား လာကြကုန်၏။ မင်းပယ်တပယ်

ကျယ်ဝန်းသော လယ်မြေတကွက်မှ လှည်းအစီးပေါင်း ငါးဆယ်ခြောက်ဆယ်

တိုက်ယူရလောက်အောင် ကောက်စပါးများ အထွက်တိုး၍ လာလေသည်။

စပါးကျီထဲသို့ စပါးများကို သွင်းသည့်အခါမှာလည်း မင်းသမီးလက်ဖြင့် တံခါးပေါက်ကို

အကိုင်ခိုင်းကြည့်ရာ ၀မ်းတွင်းရှိ သီဝလိ၏ ဘုန်းကံကြောင့် ပြောင်း၊ စပါး၊

စသော

ကောက်ပဲသီးနှံများမှ(ထုတ်ယူသယ်ဆောင်သွားသည့်တိုင်)မူလအတိုင်းလျော့သွားသည်မရှိ၊

ပြည့်မြဲပြည့်၍ နေတတ်လေသည်။ ချက်ပြီးသား ထမင်းအိုးမှ ထမင်းကို

ခူးခပ်ကာ-ဟောဒါ-မင်းသမီး၏ ဘုန်းကံပါပဲ-ဟု ပါးစပ်မှ ပြောဆို၍

ပေးကမ်းလှူဒါန်းပါလျှင် ကုန်ခန်းသည်မရှိ၊ပြည့်စုံလုံလောက်သောဟူ၏။

ဤသို့ အံ့ဖွယ်ဖြစ်ရပ် ထူးထူးခြားခြား ဖြစ်ပေါ်ရခြင်းမှာ ၀ိပဿီဘုရားလက်ထက်က

နွားနို့ခဲနှင့် ပျားရည်ကို လှူခဲ့ဖူးသော ကုသိုလ်၏ အကျိုးဆက်ပင် ဖြစ်လေသည်။

(ဂုဏ်တော်ပွား၍သည်းခံခြင်း)

ကိုယ်ဝန်သန္ဓေကို ခုနစ်နှစ်ကြာမျှ လွယ်ထားရသော သုပ္ပ၀ါသာမင်းသမီး၏ ဆင်းရဲဒုက္ခ

မည်မျှကြီးမားသည်ကို စာရှုသူတို့ ကိုယ်ချင်းစာကြည့်လျှင်သိနိုင်ရာပါသည်။ ဤ၌

သုပ္ပ၀ါသာ မင်းသမီး၏ သဘောထားခံယူချက်မှာ အတုယူ မှတ်သားဖို့ ကောင်းပါသည်။

သုပ္ပ၀ါသာမင်းသမီးသည် သန္ဓေလွယ်ရသော ဒုက္ခဝေဒနာကို အခြားနည်းဖြင့်

မဖြေဖျာက်ဘဲ ဂုဏ်တော်ပွားများခြင်းဖြင့် အာရုံပြောင်းလဲအောင် ပြုလုပ်၍

သည်းခံခဲ့လေသည်။

ဂုဏ်တော်ပွားများဆင်ခြင်ပုံမှာ-

(က) မြတ်စွာဘုရားသည် ယခု ငါခံစားနေရသော ဆင်းရဲဒုက္ခမျိုးကို ပယ်စွန့်ဖို့ရန်

တရားဟောတော်မူ၏။ ထိုမြတ်စွာဘုရားသည် သဗ္ဗညုတ ရွှေဉာဏ်တော်နှင့်

ပြည့်စုံတော်မူပါပေစွတကား။

(ခ) မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် ယခု ငါခံစားနေရသော ဆင်းရဲဒုက္ခမျိုးကို ပယ်စွန့်ဖို့ရန် ကြံစည်ကြိုးကုတ်

အားထုတ်တော်မူ၏။ ထိုမြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် သုံးပါးသိက္ခာ

ကျင့်ဖွယ်ရာကို ကောင်းစွာ ကျင့်တော်မူပါပေစွတကား။

(ဂ) အကြင်တရားမြတ်၌ ငါခံစားနေရသော ဆင်းရဲဒုက္ခမျိုးမရှိ။ ထိုနိဗ္ဗာန်တရားမြတ်သည် အလွန့်အလွန်ချမ်းသာပေစွတကား။

သုပ္ပ၀ါသာမင်းသမီးသည် မြတ်စွာဘုရားဂုဏ်တော်နှင့်စပ်သော ကောင်းသောအကြံ၊ သံဃာတော်၏ သုပ္ပဋိပ္ပန္န

ဂုဏ်တော်နှင့်စပ်သော ကောင်းသောအကြံ၊ နိဗ္ဗာန်၏ သန္တိသုခဂုဏ်နှင့် စပ်သော

ကောင်းသောအကြံ ဤအကြံ သုံးမျိုးတို့ဖြင့် ကိုယ်ဝန်လွယ်ရသော ဒုက္ခဝေဒနာကို

သည်းခံဖြေဖျောက်၍ နေလေသည်။

သန္ဓေလွယ်ရသော အချိန်ကာလ ခုနစ်နှစ်ကြာမျှ ကြာညောင်းပြီး မွေးဖွားရန် ကမ္မဇလေ လှုပ်ရှား၍ အခံရခက်အောင် ဝေဒနာ

ပြင်းထန်လာသောအခါ သူ၏ ခင်ပွန်းဖြစ်သူ ကောလိယမင်းသားကို အနားသို့ ခေါ်ယူပြီး

အောက်ပါ စကားကို ပြောကြားလေသည်။

အမောင်-ကိုယ်ဝန်ဒုက္ခ ကြီးမားလှ၍ သေရမည်၊ ရှင်ရမည် အတပ်မသိနိုင်ပါ။ ဒါကြောင့် မသေမီ (အသက်ရှင်ခိုက်)

အလှူပေးသွားချင်ပါတယ်။ မြတ်စွာဘုရားထံသွား၍ အကျိုးအကြောင်း လျှောက်ထားပြီး

အလှူရက်ကို သတ်မှတ်ပါ။ မြတ်စွာဘုရား မိန့်ကြားသမျှကိုလဲ တလုံးမကျန်

မှတ်သားပြီး ကျွန်ုပ်ကို ပြန်ပြောပါ။

(အလှူ၂-ခုဆုံနေခြင်း)

ကောလိယမင်းသားသည် ဇနီးဖြစ်သူ သုပ္ပ၀ါသာ၏ စကားကို ယူဆောင်၍ မြတ်စွာဘုရားထံသို့ သွားရောက်ကာ

အကျိုးအကြောင်းကို လျှောက်ထားလေ၏။

သုပ္ပ၀ါသာမင်းသမီး၏သဒ္ဓါတရားကိုငဲ့၍နေအိမ်သို့အလှူခံကြွရောက်ပါရန်လည်းပင့်လျှောက်လေ၏။

မြတ်စွာဘုရားက သုပ္ပ၀ါသာမင်းသမီး၏ အလှူကို ချက်ချင်း လက်မခံသေးဘဲ

ဆိုင်းငံ့ထား၏။ ဤသို့ဆိုင်းငံ့ထားခြင်းမှာ သုပ္ပ၀ါသာမင်းသမီးထံမှ

အပင့်မရောက်မီ အရှင်မောဂ္ဂလာန်ကို ဆည်းကပ်ကိုးကွယ်သော ဒကာတဦးက

ပင့်ထားပြီးဖြစ်၍ ချက်ချင်း ၀န်မခံခြင်းဖြစ်သည်။

အလှူ ၂-ခု တိုက်ဆိုင်နေသောအခါ မြတ်စွာဘုရားက အရှင်မောဂ္ဂလာန်ကို ခေါ်၍ အလှူရက်

နောက်ဆုတ် ပေးရန် သူ၏ ဒကာထံသို့ စေလွှတ်လိုက်သည်။ အရှင်မောဂ္ဂလာန်က

သူ၏ဒကာကို ပြောပြသည်မှာ အလှူ ၂-ခု တိုက်ဆိုင်နေသည့်အတွက် ဝေဒနာသည်ကို

ဦးစားပေးသောအားဖြင့် ဒကာကြီး၏ အလှူရက်ကို ၇-ရက်မျှ နောက်သို့

ရွှေ့ပေးပါရန် ပြောကြားလေသည်။

အလှူ့ဒကာကြီးက ပြတ်ပြတ်သားသား ပြန်၍လျှောက်ထားလိုက်သည်မှာ-

အရှင်ဘုရားများ ဖြစ်စေချင်သလို တပည့်တော်၏ အလှူရက်ကို နောက်သို့ ရွှေ့ဆိုင်းပေးပါမည်။

သို့ရာတွင် ခုနစ်ရက်အတွင်း တပည့်တော်၏ အသက်ရယ်၊ စည်းစိမ်ဥစ္စာရယ်၊

သဒ္ဓါတရားရယ် ဤသုံးမျိုး မပျက်စီးစေရပါဘူး-လို့ အရှင်ဘုရားတို့

အာမခံနိုင်ပါ့မလား၊ အာမခံနိုင်ရင် တပည့်တော်ရဲ့ အလှူရက်ကို

ရွှေ့ပေးပါမယ်ဘုရား။

အလှူ့ဒကာကြီးက အာမခံချက် ၃-မျိုးကို တင်ပြတောင်းဆိုလာသောအခါ အရှင်မောဂ္ဂလာန်ကိုယ်တော်မြတ်က-ဒကာကြီးရဲ့

တင်ပြချက်ဟာ သဘာဝကျပါပေတယ်။ ဒါပေမဲ့ အသက်နှင့် စည်းစိမ်ကိုတော့

၇-ရက်အတွင်း မပျက်စီးစေရပါဘူးလို့ အာမခံမယ်ဆိုလျှင် ခံနိုင်စရာ ရှိပါတယ်။

သဒ္ဓါတရားကိုတော့ အာမမခံနိုင်ပါ။ ဒကာကြီးဘာသာ လိမ္မာသလို မပျက်စီးအောင်

ထိန်းသိမ်းစောင့်ရှောက်ပါ။ ဤသို့ ပြန်လည် ရှင်းပြတော်မူပေသည်။

ထိုဒကာကြီးသည် အရှင်မောဂ္ဂလာန်နှင့် ရင်းနှီးရုံမျှမက ကြည်ညိုရင်းစွဲရှိသည့်အပြင်

မြတ်စွာဘုရားကို ရိုသေလေးစာသောအားဖြင့် ဝေဒနာသည်ကို ဦးစားပေးကာ သူ၏

အလှူရက်ကိုနောက်သို့၇-ရက်မျှရွှေ့ပေးလိုက်လေသည်။

(မေတ္တာဓာတ်ကြောင့်ဖွားမြင်)

အရှင်မောဂ္ဂလာန်၏ ဒကာအထံမှ သဘောတူ ခွင့်ပြုချက်ရသောအခါ မြတ်စွာဘုရားက

သုပ္ပ၀ါသာမင်းသမီး၏အလှူကိုလက်ခံတော်မူပြီး-သုပ္ပ၀ါသာ မင်းသမီးသည် ရောဂါမရှိ

ပကတိချမ်းသာစေသတည်း။ရောဂါမရှိ ပကတိချမ်းသာလျက် ရောဂါကင်းသော သားကို

လွယ်ကူစွာ ဖွားစေသတည်း-ဟု မေတ္တာဓာတ် အပြည့်အ၀ဖြင့် မိန့်ကြားတော်မူလေသည်။

မြတ်စွာဘုရား မိန့်ကြားတော်မူလိုက်သည်နှင့် တပြိုင်နက် မရှေးမနှောင်း နေအိမ်တွင်

ကျန်ရစ်သောသုပ္ပ၀ါသာမင်းသမီးသည်၇-နှစ်လွယ်ထားရပြီး ၇-ရက်တိုင်တိုင်

မီးမဖွားနိုင်ဘဲ အခက်အခဲကြုံနေရသော သန္ဓေသားကို လွယ်ကူချောမောစွာ

ဖွားမြင်လေ၏။

ထိုအခါကျမှ မီးနေအိမ်အနားတွင် အကဲခတ်စုရုံးနေကြသော ဆွေတစု မျိုးတသိုက်မှာ အကြည်ဓာတ်ဆိုက်ပြီး ပြုံးနိုင် ရွှင်နိုင်ကြလေသည်။

သားကလေး မွေးပြီဆိုသော သတင်းကို ဖခင်ဖြစ်သူ ကောလိယမင်းသားထံသို့

အပြေးအလွှားပြောသူက ပြောကြ၏။ ထိုသူများ၏ လှုပ်လှုပ်ရှားရှား ၀မ်းပန်းတသာ

ပြေးလွှားကြသောမြင်ကွင်းကို ကျောင်းတော်မှ ပြန်လာသော ကောလိယမင်းသားက

တွေ့မြင်လိုက်ရသောအခါ ငါ၏ဇနီး မီးဖွားပြီဟု သဘောပေါက်ပြီး ဖြစ်လေသည်။

ဆွေမျိုးတို့၏ ပူပန်မှု စိတ်သောကကို ငြိမ်းအေးစေလျက် ဖွားမြင်သန့်စင်လာ

သောကြောင့် သူငယ်၏ အမည်ကို ( သီဝလိ) ဟု အမည်ပေးကြသည်။

သီဝလိ=သောကအပူကိုငြိမ်းအေးစေးသူ(၀ါ)မောင်ငြိမ်းချမ်း။

(မွေးဖွားစသူငယ်စကားပြောခြင်း)

သုပ္ပ၀ါသာမင်းသမီးသည် သီဝလိသတို့သား ဖွားမြောက်သည့် အထိမ်းအမှတ်အဖြစ် မြတ်စွာဘုရားနှင့်

သံဃာတော်များကို နေအိမ်သို့ပင့်၍ ၇-ရက်တိုင်တိုင် အလှူကြီးကို ပေးလေသည်။

ရှင်သီဝလိ သတို့သားမှာ အမိဝမ်း၌ ၇-နှစ်မျှနေခဲ့ရပြီးဖြစ်၍

ဖွားမြောက်လာချိန်တွင် ၇-နှစ်အရွယ်ရှိ သူငယ်တို့ ပြုလုပ်ရမည့်

အမှုလုပ်ငန်းမှန်သမျှကို ပြုလုပ်နိုင်စွမ်း ရှိပေပြီ။ ထို့ကြောင့်

သံဃာတော်များကို သီဝလိသူငယ်ကိုယ်တိုင် ရေစစ်၍

သောက်ရေဆက်ကပ်ခြင်း၊ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးနှင့်

စကားပြောခြင်းများကို ပြုလုပ်လေသည်။ ထိုအံ့ဖွယ်မြင်ကွင်းကို တွေ့မြင်ရသော

မယ်တော်သုပ္ပ၀ါသာ မင်းသမီးအဖို့ ၀မ်းမြောက် ကြည်နူးမဆုံး ရှိလေသည်။

(အံ-ဋ္ဌ-၁၊ နှာ-၁၉၄)

မြတ်စွာဘုရားက -ချစ်သမီး သုပ္ပ၀ါသာ၊ ကိုယ်ဝန်ဒုက္ခကို ၇-နှစ်မျှ လွယ်ထားရပြီးဖြစ်၍ နောက်ထပ်

ကိုယ်ဝန်ဆောင်လိုစိတ် ရှိပါသေးသလား-ဟု မေးတော်မူရာ သုပ္ပ၀ါသာမင်းသမီးက

-မှန်ပါဘုရား၊ သီဝလိလို သားမျိုးကိုသာ ရမည်ဆိုပါက နောက်ထပ်

၇ခါပဋိသန္ဓေလွယ်ပြီး၇ယောက်တိတိဖွားလိုပါသေးကြောင်းမိန်းမပီပီလျှောက်ထားလေသည်။ဤသို့လျှောက်ထားခြင်းမှာ

သားဖွားခြင်း၌ ရောင့်ရဲတင်းတိမ်မှုမရှိသော မိန်းမတို့၏

ဓမ္မတာသဘောအရလျှောက်ထားခြင်းဖြစ်ပေသည်။

(သီဝလိသင်္ကန်းဝတ်)

အလှူကြီး ၇-ရက်မြောက်သော နောက်ဆုံးနေ့တွင် ရှင်သာရိပုတ္တရာကို သီဝလိသူငယ်က

အမိဝမ်းတွင်း၌ ဒုက္ခကြီးစွာ နေထိုင်ရပုံအကြောင်းများကို လျှောက်ထားပြီး မိဘ

၂-ပါးက ခွင့်ပြုပါလျှင် သင်္ကန်းဝတ်လိုကြောင်း လျှောက်ထားလေ၏။

ခွင့်ပြုချက်ရသောအခါ ရှင်သာရိပုတ္တရာက ကျောင်းတော်သို့ခေါ်သွားပြီးလျှင်

တစပဉ္စက ကမ္မဋ္ဌာန်းကို ပေးကာ ရှင်သာမဏေပြုရန်ဆံချပေးလေ၏။


ပထမဆံဝန်းအချတွင်သောတာပန်၊
ဒုတိယဆံဝန်းအချတွင်သကဒါဂါမ်၊
တတိယဆံဝန်းအချတွင်အနာဂါမ်၊
ဆံရိတ်အပြီးတွင်ရဟန္တာဖြစ်လေ၏။

ရှင်သီဝလိကို ရဟန်းပြုသောနေ့မှစ၍ ကျောင်းတိုက်ရှိ သံဃာအားလုံး ရှင်သီဝလိ၏

ဘုန်းကံကြောင့် ကျောင်း၊ သင်္ကန်း၊ ဆွမ်း၊ ဆေး ပစ္စည်းလေးပါး ခက်ခဲမှုမရှိဘဲ

အလျှံပယ်ပေါများလေ၏။ ရှင်သီဝလိ၏ အကြောင်းအရာ ဇာတ်လမ်းစုံသည်

မြတ်စွာဘုရားသခင် ကုဏ္ဍိကာမြို့တွင် သီတင်းသုံးနေထိုင်စဉ်က

ဖြစ်ပေါ်လာခဲ့ပေသည်။

(ဘုန်းကံကိုစုံစမ်းခြင်း)

ဂေါတမမြတ်စွာဘုရား သာသနာတော်၌ ရှင်သီဝလိကို လာဘ်လာဘအကြီးမားဆုံး မထေရ်အဖြစ် အားလုံးက

လက်ခံထားကြ၏။ မှန်ပေ၏။ မြတ်စွာဘုရားသည်ပင် ပစ္စည်းလေးပါး ခက်ခဲအံ့ထင်သော

မြို့ရွာများသို့ သာသနာပြု ကြွသည့်အခါ ရှင်သီဝလိကို ခေါ်သွားလေ့ရှိ၏။

ရှင်သီဝလိပါလျှင် စားဝတ်နေရေး ခက်ခဲမှုမရှိ။ အားလုံးပြီးပြည့်စုံ၏။

လူ့ရွာကို မဆိုထားဘိ လူနေအိမ်ခြေမရှိသည့် တောအရပ်မျိုးမှာပင်

ရုက္ခစိုးနတ်တို့က ဆီးကြိုကာ လှူဒါန်းကြ၏။ ရှင်သီဝလိ ဘုန်းကံမှာ ဤမျှ

အံ့ဖွယ်ကောင်းအောင် ထူးခြားလှဘိ၏။

တခါက ဂေါတမမြတ်စွာဘုရားသည် သာဝတ္ထိပြည်သို့ ကြွလာရာ ရှင်သီဝလိကိုယ်တော်လည်း နောက်တော်မှ ပါလာ၏။

ရှင်သီဝလိက-မြတ်စွာဘုရား၊ တပည့်တော်၏ ဘုန်းကံကို စုံစမ်းလိုပါ၍ တပည့်နှင့်

အတူ သံဃာအပါး ၅၀၀-ထည့်ပေးတော်မူပါဘုရား-ဟု လျှောက်ထားရာ မြတ်စွာဘုရားက

ရှင်သီဝလိနောက်သို့ သံဃာအပါး၅၀၀-ထည့်ပေးလိုက်၏။

ရှင်သီဝလိသည် လူတို့နေထိုင်ရာ မြို့ရွာများသို့ မကြွမူ၍ ဟိမ၀န္တာသို့ ရှေးရှုကာ

တောလမ်းခရီးမှ ကြွသွားလေသည်။ ဤသို့ ကြွသွားရာ လမ်းခရီးရှိ ဆိုက်ရောက်ရာ

နေရာအားလုံး၌ပင် ဆိုင်ရာဆိုင်ရာ နတ်တို့က ရှင်သီဝလိ မထေရ်အား ခုနစ်ရက်စီ၊

ခုနစ်ရက်စီ အလှူဒါနကို အကြီးအကျယ် ပေးလှူကြလေသည်။ ရှင်သီဝလိအတွက်

ပေးလှူသော ပစ္စည်းများသည် နောက်ပါ သံဃာ ၅၀၀-တို့ပင် သုံးစွဲ၍ မကုန်အောင်

ပြည့်စုံလုံလောက်ရုံမျှမက အလျှံပယ်ဖြစ်၍ နေလေ၏။ ရှင်သီဝလိဘုန်းကံကား ဤမျှ

ကြီးမားလှပေ၏။ လူများသာမက နတ်များကပင် လှူဒါန်းကြသောကြောင့် လာဘ်လာဘ

ပေါများရာ၌ ရှင်သီဝလိမထေရ်အား ဧတဒဂ်ဘွဲ့ထူး ပေး၍ ချီးမြှင့်တော်မူလေသည်။မိ

ဒီလိုတွေလည်းကမ္ဘာမှာရှိလာနိုင်တော့မှာပါလေ

အိန္ဒိယနိုင်ငငံရဲ့ ရာသီဥတုဟာ အင်မတန်အေးလှပြီးတခါတရံ နေ့လည်မှာ နေရောင်ကိုခပ်ရေးရေးကိုသာ
မြင်ခွင့်ရတဲ့ အအေးဒဏ်ကြောင့် မိမိအခဏ်းထဲအောင်းပြီးစာရေးစာဖတ်လုပ်နေရတဲ့ရက်တို့သည် မနည်းတော့ ယခုလည်း ပြင်ပမှ ရထားဥသြသံတချက်ဆွဲလိုက်သည့် အသံတခုကြောင့် မိမိအိပ်နေရင်း လန့်နိုးလာခဲ့သည် ပြန်အိပ်ဘို့ အကြောင်းမညီညွတ်နိုင်ခဲ့။အင်တာနက်စာမျက်နှာလေး လှန်လှောပြီးဖတ်မိတဲ့အချိန်မှာ အာဖရိကတိုက်မှ ဘာသာ၂ ခုသာရှိသည်ဟု တွေးထင်ခဲ့သောလူတယောက်ဟာ.ခုတော့ ထေရ၀ါဒ ဗုဒ္ဒဘာသာဖြစ်ပြီး မိခင်ကြီးကိုပါတွန်းအားမပေးပဲ အလိုအလျှောက်ဗုဒ္ဒဘာသာဖြစ်လာပုံလေးတွေ့ရှိခဲ့လို့.ရာသီဥတုအအေးဒဏ်ကိုအံတုပြီးဤ post လေးကို တင်မိလိုက်ပါတယ်..။
အာဖရိကတိုက်၊ ယူဂန်ဒါ နိုင်ငံငယ်လေးက ခရစ်ယာန်မိသားစုမှာ Steven ကို၁၉၆၆-ခုနှစ်က ဖွားမြင်ခဲ့တာပါ။ သူဟာ ငယ်ငယ်က ဘာသာတရားဆိုလို့ ခရစ်ယာန်နဲ့အစ္စလာမ် ၂-ခုတည်းသာရှိတယ်လို့ ထင်ခဲ့တာပါ။ ၁၀ ကျော်သက်အရွယ်ရောက်မှ
အိန္ဒိယနိုင်ငံမှာ ဂေါတမ ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦး ပေါ်ထွန်းခဲ့ဖူးကြောင်းကိုနာမည်လောက်သာ ကြားဖူးခဲ့သူပါ။ အရွယ်ရောက်လာတဲ့ အခါမှာ သူဟာအိန္ဒိယနိုင်ငံကို နိုင်ငံခြားပညာသင် သွားခဲ့ပါတယ်။ အဲဒီမှာ ထိုင်းလူမျိုးရဟန်းတော် ၂-ပါးနဲ့ ခင်မင်ခဲ့ပြီး ဗုဒ္ဓဝါဒကို အနည်းငယ်
လေ့လာခွင့်ရခဲ့ပါတယ်။
ထိုင်းဘုန်းတော်ကြီး ၂-ပါး မရှိတော့တဲ့နောက်ပိုင်း သူဟာ ဗုဒ္ဓဝါဒကိုဆက်လက်လေ့လာဖို့ သိပ်ပြီး စိတ်ဝင်စားခဲ့တယ်။ အဲဒီမှာ သူက
တိဗတ်ဘုန်းတော်ကြီး ဒလိုင်းလားမားရှိရာကို သွားရောက် အရိုအသေပေးခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ထိုင်းနိုင်ငံမှာ လေ့လာဖို့ဆုံးဖြတ်ပြီးစားဝတ်နေရေးအတွက် နိုင်ငံခြားသား ခရီးသွားတွေများတဲ့ ဒေသတစ်ခုမှာ
ဒိုင်ဗင်ပစ်၊ ရေကူး နည်းပြလုပ်ခဲ့ပါတယ်။ သူ့ဘဝဟာအတိုင်းအတာတစ်ခုပြည့်ပြည့်စုံစုံ နေခဲ့ရပါတယ်။ သူဟာ
လောကီဥစ္စာပြည့်စုံမှုတွေ မှာ ဘယ်လိုမှ မမွေ့လျော်နိုင်တော့တဲ့ နောက်ပိုင်းလက်ရှိအလုပ်ကို စွန့်လွှတ်ပြီး အမိခင်နိုင်ငံကို ပြန်သွားခဲ့ပါတယ်။
မိသားစုနဲ့ ဆွေမျိုးတွေက သူ့ကို ခရီးဆောင်အိပ်ကြီးသယ်ဆောင်ပြီး ပြန်လာမဲ့အောင်မြင်တဲ့ စီးပွားရေး သမားကြီးအဖြစ် မျှော်လင့်ခဲ့ကြတာပါ။သူ့ကိုတကယ်တွေ့လိုက်ရတော့ ဗုဒ္ဓဘာသာစာအုပ်တွေနဲ့ ဒိုင်ဗင်ပစ်၊ ရေးကူးရာမှာ
သုံးတဲ့ ပစ္စည်းတွေသယ်လာတဲ့ ဆံပင်ရိတ်ထားတဲ့ ယောဂီတစ်ယောက်ဖြစ်နေတာကိုတွေ့လိုက်ရတယ်။ အခြားလူတွေအတွက်တော့ ရေကူးစရာ ပင်လယ်မရှိ တရားဆွေးနွေးစရာဗုဒ္ဓဘာသာဝင် မရှိတဲ့ နိုင်ငံကို ဒါတွေသယ်လာတယ် ဆိုတော့ ထူးဆန်းနေကြတယ်။
ထိုင်းနိုင်ငံက ပြည့်စုံတဲ့ ဘဝကို စွန့်ပစ်ခဲ့တော့ အချို့က မင်းစိတ်မှမှန်သေးရဲ့လား ဆရာဝန်ပြပါလားလို့ နောက်ကြတယ်။ သူကတော့ တရားစာအုပ်တွေဖတ်တရားအားထုတ်နဲ့သာ ကိုယ့်ဟာကိုယ်နေခဲ့တယ်။ (သူမရှိတော့တဲ့ နောက်ပိုင်းမှာသူအလုပ်၊လုပ်ခဲ့တဲ့ အပန်းဖြေစခန်းလေးဟာ ဆူနာမီဒဏ် ခံလိုက်ရတော့ခင်မင်ရင်းနှီးသူတွေ များစွာရုတ်တရက်သေဆုံးသွားတဲ့ သတင်းကိုကြားခဲ့ရတယ်။
ဆရာတော်အလောင် လျာတွက်လည်း သံဝေဂယူစရာတွေ ဖြစ်ခဲ့ပါလိမ္မယ်။
(ကျွန်တော်ကတော့ သာသနာပြုဖို့ လူဖြစ်လာတဲ့ ပုဂ္ဂိုလ်ဖြစ်တာကြောင့်
နတ်ကောင်း နတ်မြတ်တွေများ စောင့်ရှောက်နေသလားလို့ တွေးမိသေးတယ်။)
အချို့သော ဆွေမျိုးတွေက ဆိုရင် စာအုပ်တွေအားလုံးမီးရှို့ဖျက်ဆီးပစ်ဖို့နဲ့ ဘိုင်ဘယ်တစ်မျိုးတည်းကိုသာထိုင်ဖတ်နေဖို့၊ သူ့ကို ခရစ်ယာန်ဘာသာဝင် ပြန်ဖြစ်လာဖို့စည်းရုံးကြသေးတယ်။ သူ့ကို အချို့ကလည်း ဆိတ်ကလေး၊ ကြက်ကလေးတွေ စားဖို့
လက်ဆောင်အဖြစ်ပေးပြီး ကြိုဆိုကြတယ်။ ဗုဒ္ဓဘာသာဝင်ဖြစ်လာတဲ့ ယောဂီလူငယ်Steven က အကောင်တွေ သတ်တာကို မလိုလားတော့ဘူး။ အထူးသဖြင့် သူ့အတွက်သတ်မှာကို လုံးဝ မဖြစ်စေချင်ဘူး။ ဗုဒ္ဓဘာသာဝင် မရှိတဲ့ဒေသမှာ
သူဟာတစ်ဦးတည်း တရားအားထုတ်နေတယ်။ တိုင်ပင်စရာမိတ်ဆွေနဲ့ နည်းခံစရာဆရာမရှိတဲ့ဘဝမှာ သူမနေနိုင်တော့ဘူး။ ပိုမိုပြည့်စုံတဲ့ အမှန်တရားကိုရှာဖွေဖို့ သူဟာ အမိမြေကို နောက်တစ်ကြိမ်စွန့်ခွာရပြန်တယ်။
တောင်အမေရီကား မြောက်အမေရီကားမှာ ဝိပဿနာတရားတွေ အားထုတ်ခဲ့တယ်။ TathagataMeditation Center TMC မှာ တရားအားထုတ်ခွင့်ရတယ်။ နောက်ပိုင်းမှာတော့သူဟာ ရဟန်းဝတ်ဖို့ကို ဆုံးဖြတ်လိုက်တယ်။ TMC စင်တာကပဲ
ဗီယက်နာမ်ဆရာတော်တွေ၊ မြန်မာဆရာတော်ကြီးတွေရဲ့ ကျေးဇူးနဲ့သာကီဝင်မင်းမျိုးမှ ရဟန်းပြုသွားသော သိဒ္ဓတ္ထဂေါ်တမ ဘုရားရှင်ရဲ့
သားတော်အဖြစ်ကို ရယူခဲ့တယ်။ ဗုဒ္ဓရက္ခိတ ဘွဲ့တော်နဲ့ မြင့်မြတ်သော ရဟန်းဘဝကို ခံယူလိုက်တယ်။
ရဟန်းပြုပြီးတဲ့ နောက်ပိုင်း ဆရာတော်ဟာ အိန္ဒိယနိုင်ငံတောင်ကြားဒေသတစ်ခုမှာ တရားအားထုတ်နေရရင် ကောင်းမလား၊ အမိမြေကို
ဓမ္မမျိုးစေ့ချပေးရရင် ကောင်းမလားလို့ အတွေး ၂-မျိုးဝင်လာတယ်။
မြန်မာဆရာတော်ဘုရားကြီး ဦးပဏ္ဍိတက ယူဂန်ဒါ နိုင်ငံမှာ သာသနာပြုဖို့ကိုအားပေးတော်မူခဲ့တယ်။ အမေရိကန်လူမျိုး အချို့ကတော့ ဗုဒ္ဓဘာသာဝင် တစ်ဦးမှမရှိတဲ့ဒေသမှာ ရဟန်းတပါးအဖြစ် နေဖို့ မလွယ်ကူနိုင်ကြောင်းစားဖို့နေဖို့ပင် အခက်အခဲရှိနိုင်ကြောင်းတွေကို ပြောကြသေးတယ်။
နောက်ဆုံးတော့ ဆရာတော်အရှင် ဗုဒ္ဓရက္ခိတဟာ အမိမြေကို ပြန်ပြီး ဗုဒ္ဓသာသနာပြုဖို့ ဆုံးဖြတ်လိုက်တယ်။ အမိမြေကို မပြန်ခင် အိန္ဒိယ၊ မြန်မာ၊သိရီလင်္ကာနိုင်ငံတွေကို အလည်အပတ်သွားရောက်ခဲ့သေးတယ်။ သိရီလင်္ကာနိုင်ငံဘာသာရေး အဖွဲ့အစည်းတစ်ခုက သူ့အပြန်လမ်းအတွက် ဗုဒ္ဓရုပ်ပွားဆင်းတုတော်၂-ဆူထဲက တစ်ဆူကို လက်ဆောင်အဖြစ် ယူသွားဖို့ ပေးလိုက်တယ်။ သူကလည်း
အရွယ်ကြီးမားတဲ့ ရုပ်ပွားတော်ကို ယူဖို့ဆုံးဖြတ်ခဲ့တယ်။
ဗုဒ္ဓဆင်းတုတော်ကြီးကို လေယာဉ်နဲ့ သယ်ဆောင်ရာမှာ ကင်ညာနိုင်ငံအရောက်အခက်အခဲတွေနဲ့ ကြုံခဲ့ရတယ်။ ဘုန်းတော်ကြီးကို မဖူးမြင်ဖူးတဲ့ လူတွေကသူ့ကို အထူးအဆန်း ဖြစ်နေကြတယ်။ ဒေသခံ Maasai လူမျိုးစုတစ်ခုရဲ့ဝတ်စားဆင်ယင်မှုနဲ့ ဆင်တူနေလို့ Maasai မဟုတ်ဘဲ ထေရဝါဒ ဗုဒ္ဓဘာသာဝင်ရဟန်းတော်တစ်ပါးဖြစ်ကြောင်းကို ရှင်းပြခဲ့ရတယ်။
အိမ်ပြန်ရောက်လိုက်တော့ မိခင်ဖြစ်သူက တအံ့တသြဖြစ်ရတယ်။သားရဟန်းကိုကြည့်ပြီး Steven မှဟုတ်ရဲ့လားလို့ မေးသေးတယ်။
ဟုတ်မှန်ကြောင်း ပြောပြတော့ မယ်တော်ကြီးဟာ သားဖြစ်သူကို အိမ်အရောက်ပြန်ပို့ပေးသော God ကို ကျေးဇူးတင်ကြောင်း ပြောသေးတယ်။ သားဖြစ်သူကတော့သူ့ကို အိမ်ရောက်အောင် ပြန်လည်ပို့ဆောင်ပေးသော ဘုရားသခင်ဆိုတာ
လုံးဝမရှိကြောင်း ကောင်းကောင်းနားလည်နေတယ်။ ဒါပေမဲ့ အမေဖြစ်သူစိတ်အနှောင်အယှက် မဖြစ်စေချင်လို့ ဘာမှ မပြောပဲနေခဲ့တယ်။
ဗုဒ္ဓဆင်းတုတော်ကြီးနဲ့ သင်္ဃန်းဝတ်ကြီးနဲ့ အိမ်မှာကြာကြာနေလို့မသင့်တော်တာကြောင့် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းလေး ဖြစ်လာအောင်အားထုတ်ရတယ်။ အမေရိကန်နိုင်ငံ TMC စင်တာက ဆရာတော်ဘုရားကြီးတွေ ကျေးဇူးနဲ့
ယူဂန်ဒါ နိုင်ငံမှာ ပထမဆုံးသော ထေရဝါဒ ဗုဒ္ဓဘာသာ စင်တာတစ်ခုကိုဖွင့်လစ်နိုင်ခဲ့ပါတယ်။
သတင်းသုံးရာ၊ ဆွမ်းခံရာ၊ အစစ နားမလည်သူတွေများလို့ အခက်အခဲအမျိုးမျိုးတွေ့ရပါတယ်။ မြန်မာပြည်က ပါလာတဲ့ သံဃာတော်များကိုင်တဲ့ ယပ်ကို တင်းနစ်ကစားနည်းတစ်မျိုးအတွက် ဘတ်တန်လို့ထင်သူတွေ၊ သပိတ်ကို
ဗုံးထင်သူတွေ၊ ဘောလုံးထင်သူတွေ ဝတ်စားဆင်ယင်မှုကိုကြည့်ပြီးတိုင်းရင်းဆေးရောင်းတဲ့ Maasai ထင်သူတွေ စသဖြင့် အမျိုးမျိုးသောအခက်အခဲတွေ ရှိခဲ့ပါတယ်။ ဆွမ်းခံထွက်လို့ ဆွမ်းလောင်းရကောင်းမှန်းသိသူကလည်း မရှိသလောက် ရှားခဲ့ပါတယ်။ ဒါပေမဲ့ ဆရာတော်ကတော့ ဖိနပ်မပါချေဗလာနဲ့ ကြိုးစားပြီး ဆွမ်းခံထွက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ ဆင်းရဲသားများကတောင် ဆွမ်းလှူဖို့ သဒ္ဓါတရားတွေဖြစ်လာကြပါတယ်။
အမေရိကန်နိုင်ငံမှာရှိတဲ့ မိတ်ဆွေအချို့ရဲ့ အဆက်အသွယ်နဲ့ယူဂန်ဒါနိုင်ငံမှာ နေထိုင်နေကြတဲ့ ထိုင်းမိသားစုတွေ၊ သိရီလင်္ကာမိသားစုတွေရဲ့ လိပ်စာကို ရခဲ့ပါတယ်။ မယ်တော်ကြီးကိုပါ အတူတကွအဆိုပါ မိသားစုတွေဆီကို ကြွခဲ့ပါတယ်။ ထိုင်းလူမျိုးတွေကစုပေါင်းဖွင့်ထားတဲ့ စားသောက်ဆိုင်ကို ရောက်ခဲ့ပါတယ်။ ထေရဝါဒပုံစံစနစ်တကျ သင်္ဃန်းရုံထားတဲ့ ဆရာတော်ကို ဖူးမြှော်ရလို့ ထိုင်းလူမျိုးတွေဟာဆွမ်းကိုလည်းလောင်းလှူကြ ရိုသေစွာ ရှိခိုး ကန်တော့ကြတာတွေ့တော့မယ်တော်ကြီးက အလွန်တရာ အံ့သြခဲ့ပါတယ်။ သိရီလင်္ကာလူမျိုးကလည်းစက်ရုံတစ်ခုရဲ့ ပိုင်ရှင် အရပ်မြင့်မြင့် လူကြီးလူကောင်းတစ်ယောက်ပါ။
ဆရာတော်ကို မြင်တာနဲ့ ဗုဒ္ဓဝါဒီတို့ ထုံးစံအတိုင်းရိုသေစွာရှိခိုးကန်တော့ပါတယ်။ အဲဒီအချိန်မှာ မယ်တော်ကြီးရဲ့
စိတ်ခံစားမှုသဒ္ဓါတရားကို မြင်လို့ ဆရာတော်က လက်ျာတော်ရံ အရှင်သာရိပုတ္တရာရဲ့ မယ်တော်ကြီး ချွတ်ခန်းကို သတိရခဲ့ပါတယ်။ ထိုင်းလူမျိုးတွေက ဆိုရင်ယူဂန်ဒါနိုင်ငံမှာ ဆရာတော် သီတင်းသုံးသရွေ့ ဆွမ်းအဖို့ကိုတာဝန်ယူပါရစေလို့ လျှောက်ထားလိုက်ပါသေးတယ်။
အိမ်ကို ပြန်ရောက်တော့ တစ်ချိန်တုန်းက ခရစ်ယာန်ဘာသာဝင်ဖြစ်ခဲ့ပြီးလောလောဆယ်အနေအားဖြစ် အစ္စလာမ်ဘာသာဝင်ဖြစ်နေခဲ့သည်မှာ ၁၀-နှစ်ခန့်ကြာပြီဖြစ်သော မယ်တော်ကြီဟာ ဗုဒ္ဓဆင်းတုတော်ရဲ့ တင့်တယ်လှတဲ့
ရူပကာယတတော်ကို ကြည်ညိုတတ်ပြီဖြစ်ကြောင်း နဲ့ ဗုဒ္ဓဝါဒကို လေ့လာလိုကြောင်းသားရဟန်းပြောပါတယ်။ သားဖြစ်သူက တရာဓမ္မတွေ ဟောပြလို့ မယ်တော်၊နှစ်မတော်နဲ့ ယောက်ဖ၊ တူ/တူမ များအပြင် မိတ်ဆွေအချို့နဲ့ အနည်းငယ်သော
ယူဂန်ဒါ နိုင်ငံသားတွေဟာ သရဏဂုံသုံးပါးနဲ့ ငါးပါးသော နိစ္စသီလတို့ကိုတည်ဆောက်သူ ဗုဒ္ဓရဲ့တပည့်သာဝကများ ဗုဒ္ဓဘာသာဝင်များ ဖြစ်လာကြပါတယ်။ အခုတော့အာဖရိကတိုက်ရဲ့ ရတနာမြေ ဖြစ်သော ယူဂန်ဒါနိုင်ငံ the pearl of Africa မှာ
ဗုဒ္ဓဝါဒဟာ စတင်လို့ အမြစ်တွယ်ခဲ့ပါပြီ။
ဆရာတော်ဟာ ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာညီလာခံကြီးကိုလည်း ယူဂန်ဒါနိုင်ငံတော် ကိုယ်စားပြုအနေနဲ့ ပထမဆုံးတတ်ရောက်ခွင့်ရခဲ့ပါတယ်။King Oyo of Tooro ယူဂန်ဒါနိုင်ငံက Tooroဒေသရဲ့ဘုရင်လေး Oyo ဟာလည်း ဆရာတော်နဲ့အတူ အစည်းအဝေးကို တတ်ရောက်ခဲ့ပါတယ်။
မကြာသေးခင်က မြန်မာနိုင်ငံမှာ သီတဂူဆရာတော်ဘုရားကြီးဦးဆောင်ကျင်းပခဲ့တဲ့ ထေရဝါဒဗုဒ္ဓဘာသာ တက္ကသိုလ်ပေါင်းစုံ
အစည်းအဝေးကြီးကိုလည်း တတ်ရောက်ခဲ့ပါတယ်။
ယူဂန်ဒါနိုင်ငံ Kampalaမြို့တော်က University of Makere ရဲ့ဖိတ်ကြားချက်ကြောင့်ဟောပြောပွဲတစ်ခုကို ဟောပြောခဲ့ရပါတယ်။
အမေရိကန်နိုင်ငံ မဆာချူးဆက်တက္ကသိုလ်မှာလည်း အခါအားလျော်စွာ ဟောပြောမှုတွေ ပြုလုပ်ပါတယ်။ အဲဒါတွေကတော့ဆရာတော်ရဲ့ အောင်မြင်မှုတွေပါပဲ။
၂၀၀၉ ခုနှစ်အတွင်း ဆရာတော်ရဲ့ဆက်လက်လုပ်ဆောင်ဖွယ် ခရီးစဉ်နဲ့ လုပ်ငန်းစဉ်တွေကိုတော့ ဒီမှာလေ့လာနိုင်ပါတယ်။
Web site: http://www.ugandabuddhistcentre.org/

Saturday, December 24, 2011

ဗုဒ္ဓကို လိုက်တုသော ဂျိန်း



ဂျိန်းဘာသာနှင့် ပက်သက်သော အချက်အလက်များကို အရင်ပို့စ် ဒီနေရာတွင် ဖော်ပြထားပါသည်၊  ယင်းဘာသာ အကြောင်းကို အရင်လေ့လာထားပြီးမှ ဤပို့စ်ကို ဆက်စပ်ကာ လေ့လာရန် အကြံပေးလိုပါသည်၊

၁။ ဗုဒ္ဓသည် သက္ကတိုင်း ကပိလ၀တ္ထုမြို့ သာကီဝင်မင်းမျိုးမှ မင်းသားဖြစ်သည်။
ဂျိနသည် ၀ဇ္ဇီတိုင်း ဝေသာလီမြို့ လိစ္ဆ၀ီမင်းမျိုးမှ မင်းသားဖြစ်သည်။
၂။ ဗုဒ္ဓသည်တ၀မ်းကွဲနှမတော်စပ်သူ ယသော်ဓရာနှင့် လက်ဆက်ပြိး သားတယောက်ရသောအခါ အသက်(၂၉) တွင် တောထွက်သည်။
ဂျိနသည်လည်း တ၀မ်းကွဲနှမနှင့် လက်ထက်ကာ သမီးတယောက်ရသောအခါ အသက်(၃၀)တွင် တောထွက်သည်။
၃။ ဗုဒ္ဓသည် သူအို၊ သူနာ သူသေ ရဟန်းကိုမြင်ကာ တောထွက်ခြင်း ဖြစ်သည်။
ဂျိန၏ တောထွက်ခြင်းအကြောင်းကို မသိရပါ။

၎။ ဗုဒ္ဓသည် ဃဋိကာရဗြဟ္မာပေးသော စိရ သင်္ကန်းကို ဆင်မြန်းသည်။
ဂျိနသည် တောထွက်ရာတွင် နိဂဏ္ဍဂိုဏ်းဝင်ဘုန်းကြီးများကဲ့သို့ အ၀တ်မစည်းပဲ ၀တ်လစ်စလစ် Naked, Nude အဖြစ်ဖြင့် နေသည်။
၅။ ဗုဒ္ဓသည် လမ်းမှန်မဟုတ်သော ကိလေသာငြိမ်းစေရန် နည်းလမ်း မပေးနိုင်သောအာဠာရ ဥဒကရသေ့တို့ကို စွန့်ခွာကာ ဒုက္ကရစရိယာအကျင့်ကို (၆)နှစ်တိတိ ကျင့်သည်။
ဂျိနသည် နိဂဏ္ဍဂိုဏ်းတို့၏ ကျင့်စဉ် သတ္တ၀ါအားလုံးတို့အား မညှင်းဆဲခြင်း အဟိံသာဝါဒတရား စသောအကျင့်များကို ( ၁၂ နှစ်ကြာ) ကျင့်ခဲ့သည်။

၆။ ဗုဒ္ဓသည် ဒုက္ကရစရိယာအကျင့်ကို လမ်းမှားဟု သိမြင်ကာ ငယ်ရွယ်စဉ် ငါးနှစ်သားကတည်းက တွေ့ သိခဲ့သော အာနာပါနကျင့်စဉ်ကို အခြေခံပြီး ၀ိပဿနာကျင့်စဉ်ဖြင့် သစ္စာလေးပါးကို မြင်နိုင်သော ဘုရားတစ်ဆူ ဖြစ်လာသည်။
ဂျိနသည် နိဂဏ္ဍဂိုဏ်းခေါင်းဆောင် သေသောအခါ အလိုလို ဘုရားဖြစ်လာသည်။

၇။ ဗုဒ္ဓသည် ခန္ဓာကိုယ်မှ သံယောဇဉ်ဟူသော ကိလေသာများ ၊ စိတ် စေတသိက်များ ကုန်ခမ်းသွားအောင် ရှုမှတ်ခြင်း ၀ိပဿနာ Vipassana ကိုလုပ်နိုင်ပါမှ သန္တိသုခ နိဗ္ဗာန်ကို ရောက်နိုင်မည် ဟု ဟောကြားခဲ့သည်။ သာဝကအား လုံးတို့သည်လည်း ထိုအတိုင်း ကိလေသာကင်းပြတ်အောင် ကျင့်ကြံပြိး ၀ဋ်ဒုက္ခမှ လွတ်မြောက်သွားကြရ၏။

ဂျိနသည် သူ့သာဝကများအား မိမိခန္ဓာကိုယ်ကို ညှင်းဆဲမှု ( အတ္တကိလမထ နုယောဂ ) Self Mortification အကျင့်ကို ကျင့်ကြံမှ ကိလေသာကင်းပြတ်ပြီး ချမ်းသာရမည်ဟု ဟောပြောသည်။ သူ့တပည့် ဂျိန်းဘုန်းကြီးများသည် မိမိ၏ ယောကျာ်းအင်္ဂါဇာတ်များကို ဒုတ် ၊ လက်ဝါး ၊ သံမှို စသည်ဖြင့် ကိလေသာ တဏှာစိတ် မဖြစ်ပေါ်အောင် မထကြွရအောင် အမြဲ ညှင်းဆဲထားရသည်။

၈။ ဗုဒ္ဓဘာသာဝင်များသည် ဗုဒ္ဓရုပ်တုကို လက္ခဏာတော် (၃၂ )ပါးနှင့်အညီ ထုလုပ်ကိုးကွယ်ကြသည်။
ဂျိန်းဘာသာဝင်များသည် ဂျိနရုပ်တုကို ဗုဒ္ဓရုပ်ပွားတော်အတိုင်း အတူလုပ်ကာ ထုလုပ်ပူဇော်ကြသည်။
၉။ အသောကမင်းကြီးသည် ဗုဒ္ဓဟောကြားတော်မူခဲ့သော ဓမ္မစကြာတရားတော်ကို အထိမ်းအမှတ်အဖြစ် စင်္ကြာအ၀ိုင်း ပုံသဏ္ဍာန်ပြုလုပ်ပြီး မိဂဒါဝုန်တွင် စိုက်ထူခဲ့သည်။ ထိုကျောက်စာတိုင်ကို အိန္ဒိယနိုင်ငံတော် တံဆိပ်အဖြစ် ယနေ့အထိ အသုံးပြုနေဆဲဖြစ်သည်။

ဂျိန်းဘာသာဝင်များသည် ဂျိန်းဘုရား ဟောကြားသော သတ္တ၀ါမှန်သမျှအား မညှင်းဆဲခြင်း အဟိံသာတရားကို  လေး ထောင့် စင်္ကြာပုံသဏ္ဍာန်ပြုလုပ်ကာ( ဟစ်တလာ အမှတ်တံဆိပ် ပုံစံအတိုင်း)  ဂျိန်းဘုရားရုပ်တုတို့၌၄င်း၊ ကျောင်း ဆောင်တို့တွင်၎င်း ထုလုပ်ကိုးကွယ်ကြသည်။
၁၀။ ဗုဒ္ဓဘာသာဝင်များတွင် ထေရ၀ါဒတောင်ပိုင်း ဗုဒ္ဓဘာသာဟူ၍၄င်း၊ မဟာယာန မြောက်ပိုင်း ဗုဒ္ဓဘ
ဂျိန်းဘာသာများသည် ဒိဂမ္ဗရ ( အ၀တ်မ၀တ်သော ဂိုဏ်း ) ဆီတမ္ဗရ ( အ၀တ်ဝတ်သောဂိုဏ်း )အား ဖြင့် နှစ်ဂိုဏ်း ကွဲပြားပြန်သည်။
ာသာ ဟူ၍၄င်း ဂိုဏ်းကြီးနှစ်ဂိုဏ်း ကွဲပြားခဲ့၏။
မှားတာ မှန်တာသည် နောက်မှာအသာထား၊ ဤကဲ့သို့ ပရိသတ်အင်အား၊ ဂိုဏ်းဂဏများ တောင့်တင်းလာသောအခါ... ကုန်ရှုံးတော့ တခေါက်၊ ဆရာတင် မှားတော့ တစ်သံသရာလုံး မှောက် ... ဆိုသလို လမ်းစဉ်မှားကြမိရင်ဖြင့် ... ဆရာတင် မှားကြမိရင်ဖြင့် ... သံသရာမှာ လမ်းမှားကြီးအတိုင်း ဆက်မျောရပေအုံးတော့မည် ...

အသက်ရှုရင် ပါးစပ်ထဲကို ပိုးမွှားငယ်လေးတွေ ၀င်လာပြီး သေရင် ပါဏာတိပါတကံ ထိုက်မှာ စိုးလို့ ပါးစပ်ကို ပိတ်ထားရပါသတဲ့ ... နှာခေါင်းကနေ ၀င်မှာကိုတော့ မစိုးရိမ်ဘူး ထင်ပါရဲ့ ...

 သူတို့ ကျောင်းတော်ကြီးတွေကလဲ မယုံနိုင်စရာမြင်ကွင်းများပါပဲ၊
ဒါကြောင့် ကြားဖူးတဲ့ စကားလေး တခွန်းရှိတယ် - အိန္ဒိယဟာ ဘာသာရေးနဲ့ ပက်သက်ပြီး အစုံလင်ဆုံး၊ အရှုတ်ထွေးဆုံး အများပြားဆုံး၊ ဖြစ်ပြီး မရှိတာ ဘာမှ မရှိဘူး တဲ့၊ Incredible of India ပဲပေါ့ ...

၁၁။ ဗုဒ္ဓ၏ တရားတော်များသည် သစ္စာလေးပါး အမှန်ဖြစ်သောကြောင့် ဘယ်နေရာ၊ဘယ်ဒေသ၊ ဘယ်ခေတ် ၊ ဘယ်အခါ ကာလ ရောက်နေသည်ဖြစ်စေ၊ နေရာဒေသ၊ အချိန်ကာလ၊ လူမျိုးစွဲ၊ ဘာသာစွဲ အပိုင်းအခြားမရှိပဲ  ကိုယ်တိုင် ကျင့်လျင် ကျင့်သလောက် အကျိုးခံစားခွင့်ရရှိနိုင်သည်။ ဘာသာခြားဖြစ်သောကြောင့်၊ လူမျိုးခြားဖြစ်သောကြောင့် တရားချမ်းသာကို မခံစား နိုင် ဟူ၍ ဘယ်သောအခါမှ မရှိခဲ့ပါပေ။
 ဂျိန၏ တရားတော်များသည် သစ္စာလေးပါး မဟုတ်သောကြောင့် အိန္ဒိယနိုင်ငံအတွင်း၌သာ ပျံ့နှံ့ နေဆဲဖြစ်သည်။

 သာဝတ္ထိမြန်မာကျောင်းဆရာတော် ဦးသြဘာသ ၏ မဇ္ဈိမဒေသ မြို့ရွာများမှ သမိုင်းရုပ်ကြွင်း 
မူရင်း.. http://www.dhammayaungchi.

အိန္ဒိယနိုင်ငံမှာဗုဒ္ဒဘာသာဘာကြောင့်ကွယ်တာလဲ..??


အိန္ဒိယပြည်မှာဗုဒ္ဓဘာသာဘာကြောင့်ကွယ်သွားရတာလဲဆိုတာ ဘုန်းကြီးတို့ လေ့လာလို့
ရသလောက် ပြောရရင် အခြေခံအကြောင်း ၃-ခုကို တွေ့ရပါတယ်။

၁။ ဇာတ်ဝါဒ အလွန်ပြင်းထန်ခြင်း၊ (လူတန်းစား ခွဲခြားမှု့)

၂။ အတ္တ၀ါဒ အလွန်ပြင်းထန်ခြင်း၊ (အစွဲကြီးမှု့)

၃။ သဒ္ဓါတရားနည်းပါးခြင်းတို့ကြောင့် အိန္ဒိယပြည်မှာ ဗုဒ္ဓသာသနာ ကွယ်ခဲ့ရပါတယ်။

အပြည်အစုံအကျယ်ကို သိရှိလိုလျှင်
အနှစ်ကိုးပါးတရားတော် (သီတဂူဆရာတော်) -စာအုပ်ကို ၀ယ်ယူ၍ ဖတ်ရှူကြလေကုန်......


နောက်တခု သာသနာကွယ်ခြင်းရဲ့ အကြောင်းက ဘာလဲဆိုရင် လူတွေရဲ့ နှလုံးသားထဲမှာ
သဒ္ဓါတရား ခေါင်းပါးလာမှု့ပါပဲ။
ဘာသာခြားတွေက သဒ္ဓါတရား ခေါင်းပါးတော့ လုပ်ချင်ရာ လုပ်တော့တာပဲ။ အရာရာမှာ
ကိုယ့်ဘာသာ ရှေ့တန်းက နေရာရဖို့၊ အသာစီးရဖို့၊ ခေါင်းတစ်လုံးသာဖို့ ဆိုတဲ့ မကောင်းတဲ့
စိတ်တွေ ဖြစ်လာတယ်။ သူများဘာသာက ကိုယ့်ဘာသာထက် သာသွားမှာကို မလိုလားဘူး။

ဗုဒ္ဓဘာသာ အရှိန်အ၀ါ ကောင်းမှာကို မလိုလားဘူး။ ဒီတော့ မနာလိုစိတ်တွေ ပြင်းထန်လာတယ်။
ဒါကြောင့် ဘာသာခြားများက ဗုဒ္ဓသာသနိက အဆောင်အဦ တွေကို ဖျက်ဆီးတယ်။

သမိုင်းမှတ်တမ်းများ ဖတ်ရှူ့လိုလျှင်
http://dhammaanalysis.multiply.com/market/item/8


သတိမူရင် မြူကို မြင်တယ်

နာလန္ဒာ ဗုဒ္ဓတက္ကသိုလ် ကြီးဆိုရင် တချိန်တုံးက သိပ်အောင်မြင်ခဲ့တာပဲ။ ဒီလိုအောင်မြင်တာကို
မလိုလားတဲ့ ဘာသာခြားတွေက တက္ကသိုလ်ကြီးကို မီးရှို့ပြီး ဖျက်ဆီးတယ်။
သံဃာတွေကို ညှင်းပန်း နှိပ်စက်တယ်။
သတိမူရင် မြူကို မြင်တယ်။ သတိမမူရင်တော့ ဂူကိုတောင် မြင်မှာ မဟုတ်ဘူး ဒီလို မမြင်ခဲ့ကြလို့
မြန်မာနိုင်ငံ နယ်စပ်ဒေသတွေမှာ ဘာသာခြားအဆောက်အဦးတွေ မင်းမူနေတာကို
တွေ့ရတယ်။

ပြီးတော့ ရှိသေးတယ်။ ဗောဓိပင်ကြီးနဲ့ မဟာဗောဓိစေတီတော်ကြီးကို `မဟန့်´ ဆိုတဲ့
ဟိန္ဒူဘုန်းကြီးက အင်မတန်ကြီးမားတဲ့ အဆောက်အဦတွေကို မကြည့်နိုင်တဲ့ အတွက်ကြောင့်
`ဒါတွေပျောက်အောင် ငါလုပ်လေမှပဲ´ ဆိုပြီး လုပ်လိုက်တာ ပျောက်လုမတတ် ဖြစ်သွားတယ်။

ဗောဓိပင်သမိုင်းမှတ်တမ်း ဖတ်ရှူ့လိုလျှင်
http://dhammaanalysis.multiply.com/journal/item/8


မင်းတုန်းမင်းကြီးရဲ့ ဇရပ်ကို ဖျက်ပြီးတော့ သူ့ကျောင်းဆောက်ထားတာကို ကြည့်ပါ။
ဗောဓိစေတီကြီးထဲမှာ သူတို့ရဲ့ ရုပ်ပုံတွေကို သွင်းထားတာကိုလည်း ကြည့်ပါဦး။
ဘယ်လောက်ထိ ရက်စက်သလဲဆိုတာ ထင်ရှားလှပါတယ်။

အဲဒါ အချိန်မီ ထိန်းသိမ်းထားနိုင်လို့သာ။ မထိန်းသိမ်းနိုင်ရင် ဒီနေရာ ဗုဒ္ဓစေတီ လို့ မပြောဘဲနဲ့ဟိန္ဒူတို့ရဲ့ ဘုရားကျောင်းကြီး ဖြစ်မှာ။ ဘာသာခြားတို့ရဲ့ ဖျက်ဆီးခြင်းဟာလည်း သာသနာကွယ်ခြင်းရဲ့ အကြောင်းတခုပါပဲ။ အဲဒါ သဒ္ဓါတရား ခေါင်းပါးလာလို့ပါပဲ။

မြေမျိုလို့ လူမျိုးမပျောက်၊ လူမျိုမှ လူမျိုးပျောက်မည်

ဒါကြောင့် သာသနာကို ချစ်မြတ်နိုးကြတဲ့ သူများဟာ ကိုယ့်ဘာသာကို နှောင့်ယှက်တဲ့သူများကို
ခုခံကာကွယ်ဖို့ လိုပါတယ်။ အလျှော့ပေးလို့ မဖြစ်ဘူး။
အလျှော့ပေးရင် ကန်းတက်ပြီး ပိုပြီးတော့ စော်ကားလာလိမ့်မယ်။
ရခိုင်ပြည်နယ်က ဘင်္ဂလားနယ်စပ်ဒေသမှာ ဆိုရင် ဘာသာခြား အဆောက်အဦးတွေကို
မြောက်မြားစွာ တွေ့ရတယ်။ မြန်မာလူမျိုးဆိုတာ အတော်ကို ရှာကြည့်ရတယ်။

မြန်မာနိုင်ငံဖြစ်ပြီးတော့ မြန်မာလူမျိုးပျောက်နေတာဟာ နိုင်ငံနှင့်သာသနာအတွက်
အန္တရာယ် သိပ်များတယ်။
မြေမျိုလို့ လူမျိုးမပျောက်၊ လူမျိုမှ လူမျိုးပျောက်မည်´ တဲ့ သတိ ၀ိရိယ ရှိဖို့ လိုပါတယ်။

ကိုယ့်အမျိုး ဘာသာ သာသနာကို ကာကွယ်ပိုင်ခွင့် ရှိတယ်။ အခြားသော ဘာသာများကို
သတိထားရမယ်။ ` သူတို့ ဘာလုပ်နေကြသလဲ´ ဆိုတာကို မျက်ခြေမပြတ် ကြည့်ဖို့
လိုပါတယ်

Tuesday, December 20, 2011

{မြန်မာ ကလေးငယ် တစ်ဦး လက်ချောင်း ခြေချောင်း အများဆုံး လူသားအဖြစ် ဂင်းနစ် မှတ်တမ်းဝင် }

မြန်မာ ကလေးငယ်တစ်ဦးဖြစ်သူ အသက် ၁ နှစ် အရွယ်ရှိ မလဲ့ရတီမင်းသည် လက်နှစ်ဘက်တွင် လက်ချောင်း ၁၂ ချောင်းနှင့် ခြေနှစ်ဘက်တွင် ခြေချောင်းလေးများ ၁၄ ချောင်း ပါရှိသောကြောင့် ကမ္ဘာ့လက်ချောင်း ခြေချောင်း အများဆုံး လူသားအဖြစ် ကမ္ဘာ့စံချိန်ချိုးက ဂင်းနစ်မှတ်တမ်းတွင် ပါဝင်ပြီဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း ဥက္ကလာပမြို့နယ်တွင် မိခင်ဖြစ်သူ၊ အမဖြစ်သူတို့နှင့် အတူ နေထိုင်လျက်သော အဆိုပါ ကလေးငယ်သည် လက်တစ်ဘက်တွင် လက်ချောင်း ၆ ချောင်းစီဖြင့် နှစ်ဘက်တွင် ၁၂ ချောင်း ခြေတစ်ဘက်တွင် ခြေချောင်းလေး ၇ ချောင်းစီဖြင့် နှစ်ဘက်တွင် ၁၄ ချောင်း စုစုပေါင်း ၂၆ ချောင်း ပါဝင်ကာ လာမည့် ၂၀၁၂ ဂင်းနစ် ကမ္ဘာ့မှတ်တမ်းများ စာအုပ်တွင် ပုံနှိပ်ဖော်ပြခံရဖွယ် ရှိသည်။

Lei Yadi Min most fingers and toes
လက်ရှိအချိန်တွင် လက်ချောင်း ၁၂ ချောင်းနှင့် ခြေချောင်း ၁၃ ချောင်း ပါရှိသောကြောင့် ကမ္ဘာ့လက်ချောင်း ခြေချောင်းအများဆုံး လူသားအဖြစ် ဂင်းနစ်စာအုပ်တွင် မှတ်တမ်းတင်ခံရသူများမှာ အိန္ဒိယနိုင်ငံရှိ ကလေးငယ် နှစ်ဦးဖြစ်ပြီး တစ်ဦးမှာ ၅ နှစ်အရွယ်ရှိကာ ကျန်တစ်ဦးမှာ ၁၅ နှစ်ဖြစ်သည်။
အမိမြန်မာပြည်သည်လည်း ဂရင်းနစ်စံချိန်ဝင်သည် ဆိုတော့လဲ ကျောင်းသားလေးတို့ .ရှာဖွေကြည့်ရှုနေရင်း တွေ့တော့လဲ မနေနိုင်လို့ ပြန်လည်မျှဝေလိုက်ပါကြောင်း..
မူရင်း..http://patheincity.com/

လူ့အရိုးတွေနဲ့ တည်တဲ့ ဘုရားကျောင်း


ထူးထူးဆန်းဆန်း လူတွေရဲ့အရိုးတွေ၊ ခေါင်းတွေနဲ့ တန်ဆာဆင်ထားတဲ့ ဘုရားရှိခိုးကျောင်းဟာ အပြင်မှာ တကယ်ရှိပါတယ်ဆိုရင် ယုံချင်ပါ့မလားမသိဘူးနော်။ မယုံဘူးဆိုရင် အောက်က ပုံတွေမှာ ကြည့်နိုင် ပါတယ်။ လူတွေရဲ့ အရိုး အစစ် တကယ်ဟုတ်မဟုတ် သေချာ လေ့လာ စူးစမ်းချင်တယ်ဆိုရင်တော့ ချက်ဇ် ရီပတ်ပလစ်နိုင်ငံကို ကိုယ်တိုင်သွားရောက်လို့ လေ့လာနိုင်ပါတယ်နော်။ :P
Image Hosted by PicturePush - Photo Sharing

ပုံမှာမြင်ရတဲ့ဘုရားကျောင်းဟာ အတွင်းထဲမှာတော့ လူ့အရိုးပေါင်းများစွာနဲ့ မျက်နှာကျက်တွေ နံရံတွေ၊ တိုင်တွေမှာ တန်ဆာဆင်ထားတာ ဖြစ်ပါတယ်။ ချက်ဇ်ရီပတ်ပလစ်နိုင်ငံမှာ တည်ရှိတဲ့ Ossuary ဘုရားကျောင်းဟာ ဘယ်လိုများ တန်ဆာဆင်ထားသလဲဆိုတာ သိချင်ရင် ဘုရားကျောင်းထဲ ဝင်ကြည့်ကြပါစို့လားရှင်။
Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing
ပုံမှာ မြင်ရတဲ့အတိုင်းပါဘဲ။ အားလုံးမြင်နေရတဲ့ အရိုးတွေ ဦးခေါင်းတွေဟာ တကယ်ကို လူရိုးတွေ ဖြစ်ပါ တယ်။ Ossuary ဘုရားကျောင်းဟာ (Bone Church) လို့ လူသိများပြီး ချက်ဇ်လိုတော့ Kostnice လို့ခေါ်ကြပါတယ်။ လူပေါင်း ၄၀၀၀၀ ခန့်ရဲ့ အရိုးများကို ခင်းကျင်း ဆင်ယင်ထားတာ ဖြစ်ပြီး ဒီဘုရားကျောင်းကို ၁၃ရာစုမှာ ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ ထုထည်ကြီးမားတဲ့ အဆောက် အဦး ဖြစ်သော်လည်း အလင်း ဝင်ပေါက်မှာ ပြတင်းပေါက်ခပ်ကျဉ်းကျဉ်း ကနေသာ ဝင်ရောက်နိုင်အောင် စီမံထားတာဖြစ်လို့ ဘုရားကျောင်းထဲမှာ လျှပ်စစ်မီးသာ မရှိလျှင် အေးစိမ့် မှုန်မှိုင်းနေမှာ သေချာပါတယ်။ ဘုရားကျောင်းရဲ့ နံရံ၊ မျက်နှာကျက် ကြည့်လေရာရာ နေရာတိုင်းမှာ လူတွေရဲ့ အရိုးတွေကို ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ပြုလုပ်ဖန်တီးထားတာ တွေ့နိုင်ပါတယ်။ အဲဒီအရိုးတွေဟာ ဘုရားကျောင်းရဲ့ သင်္ချိုင်း မှာ နောက်ထပ် အသစ်ရောက်လာတဲ့ လူသေ အလောင်းများ မြုပ်နှံရန် နေရာ လွတ်အတွက် ယခင်ကမြုပ်နှံ ခဲ့တဲ့ လူတွေရဲ့ အရိုးတွေကို ဘုရားကျောင်းမှာ ထိန်းသိမ်းထားရာကနေ ခုလို ပြုပြင်ဖန်တီးဖို့ စိတ်ကူး ရကာ ပြင်ဆင် ထားခဲ့တာဖြစ်ပါတယ်။ 
Bone Church

Image Hosted by PicturePush - Photo Sharing
photo
ဘုရားကျောင်း မျက်နှာကျက်ပေါ်မှာလည်း အရိုးတွေချိတ်ဆွဲထားတဲ့အပြင် မီးပန်းဆိုင်းကိုပင်လျှင် ပုံမှာ မြင်ရတဲ့အတိုင်း အရိုးများနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဒီမီးပန်းဆိုင်းဟာ မရဏမင်းရဲ့ မီးပန်းဆိုင်းလို့လည်း တင်စားကြပါသေးတယ်။
Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing

အထက်ပါ ဘုရားကျောင်းဟာ လာရောက်ကြည့်ရှုလေ့လာသူများအတွက် တစ်နှစ်ပတ်လုံး ဖွင့်ထားပြီး ဒီဇင်ဘာလ ၂၄ရက်နဲ့ ၂၅ရက် ၂ရက်တည်းသာ ပိတ်ပါတယ်။ ဝင်ကြေးမှာ ချက်ဇ်ငွေ 40Kč  ဖြစ်ပြီး ကျောင်း သူကျောင်းသားများ ဆိုရင်တော့ 20Kč သာ ပေးရမှာ ဖြစ်ပါတယ်။  ဓာတ်ပုံရိုက်မယ်ဆိုရင်တော့ ကင်မရာအတွက် အပိုကြေး 30Kč ထပ်မံ ပေးဆောင်ကြရမှာဖြစ်ပါတယ်။


photo
Bone Church Entry 
ပိရမစ်ပုံ မာဘယ် ကျောက်သားတိုင်ကြီးရဲ့ ဘေးတစ်လျှောက်မှာတော့ အရိုးခေါင်းတွေဟာ ပါးစပ်ကြီးဟပြီး မိမိရဲ့ ခြေသလုံးရိုးကို ကိုက်ထားတဲ့သဏ္ဍာန် ပုံဖော်ထားပါတယ်။
Kutna Hora Bone Church, Prague
 အကြွေစေ့တစ်ချို့တောင်တွေ့ရသေး
အရိုးဘုရားကျောင်းကို သွားလိုသူများအတွက် လိပ်စာမှာ
သွားရောက်လည်ပတ်ခဲ့ကြသူ တစ်ချို့ကတော့ ဒီမြင်ကွင်းဟာ အနိဌာရုံမြင်ကွင်းဖြစ်တယ်။ ကြည့်တဲ့ သူတွေရဲ့ စိတ်ကို ခြောက်ခြားစေတယ်။ ကြက်သီးထစေတယ် လို့ ဆိုကြပါတယ်။ တစ်ယောက်ကတော့ ဘုရားကျောင်းရဲ့ reception desk မှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးကို “ခင်ဗျား.. ဒီလိုနေရာ မျိုးမှာ နေ့တိုင်းနေရတာ ဘယ်လိုမှ မခံစားရဘူးလား။ မကြောက်ဘူးလား” လို့ မေးတဲ့အခါ. “ အိုး.. ဒါတွေက  သေပြီးသားသူတွေရဲ့ အရိုးတွေဘဲ.. အသက်ရှိတော့တာမှ မဟုတ်တာ။ ဘာကြောက်စရာရှိလဲ.. သူတို့က ဘယ်သူ့ကိုမှ နာကျင်အောင် မလုပ်နိုင်တော့ပါဘူး။ အသက်ရှင်နေတဲ့ သူတွေကသာ ဒုက္ခပေးနိုင်တာ၊ ကြောက်ဖို့ကောင်းတာ” လို့ ခပ်ပြတ်ပြတ် ပြန်ဖြေပါတယ်တဲ့။ 
ထိုအမျိုးသမီးကတော့ သတ္တိရှိလိုက်လေ.. ဒေါ်ချောတို့ကတော့ သွားလဲ မလည်ရဲသလို၊ အဲဒီနေရာမှာလည်း အလုပ်လုပ်ရဲမယ်တော့ မထင်ပါ။ သတ္တိက အဲသလိုကောင်းပါသည်။ :P အရိုးတွေနဲ့ ဘုရားကျောင်းကို ဗဟုသုတ သက်သက် အနေနဲ့ ဖော်ပြခြင်းသာ ဖြစ်ပါသည်/
မူရင်းကဒီကနေ ကူးထားတာပေါ့... http://satekuupuyar.blogspot.com/2011/12/blog-post_4432.html

အိန္ဒိယနိုင်ငံမှ ကမ္ဘာ့အရပ်အပုဆုံး အထက်တန်းကျောင်းသူလေး

အိန္ဒိယ နိုင်ငံ မှ ဂျူရောသီ အာမက် (Jyoti Amge) မှာ ကမ္ဘာ့ အရပ်အပုဆုံး သက်ရှိ အမျိုးသမီး အဖြစ် စာရင်းဝင်သွားပါတယ်။
သူမ အသက် ၁၈ နှစ်ပြည့်တဲ့အချိန်ထိ စောင့်ကြည့်နေပြီး ယခုသူမ အသက် ၁၈ နှစ်ပြည့်တဲ့နေ့တိတိမှာပဲ နောက်ဆုံးအဖြစ် သူမ အရပ်ကိုတိုင်းကြည့်တဲ့အခါ နှစ်ပေသာရှိနေတယ်ဆိုတာကိုသိရပါတယ်။
အရင်က ကမ္ဘာ့အပုဆုံး အဖြစ်သတ်မှတ်ခံထားရသူကတော့ အမေရိကန်နိုင်ငံမှ အသက် ၂၂ နှစ်ရှိ ဘရစ်ဂျစ် ဂျောဒန် (Bridgette Jordan) ဖြစ်ပြီး သူ့အရပ်မှာ နှစ်ပေ သုံးလက်မ ဖြစ်ပါတယ်။
အခုတော့ ၁၈ နှစ် တင်းတင်းပြည့်ခဲ့ပီ ဖြစ်တဲ့ အာမက်ရဲ့ အရပ် က နှစ်ပေသာ ရှိသည့်အတွက် ကမ္ဘာ့အပုဆုံး သက်ရှိ စံချိန်ကို ထပ်ချိုး လိုက်နိုင်ပြီလို့ ဆိုရမှာပါ။
ပြီးခဲ့တဲ့ သောကြာနေ့က သူမရဲ့မွေးနေ့ပါတီကို နပ်ပွာ Nagpur မှာ ကျင်းပခဲ့ပါတယ်။ သူမ မွေးနေ့ကို မွေးနေ့ကိတ်နဲ့အတူ ပတ်ဝန်းကျင်အိမ်နီးချင်းမှ လူအများတက်ရောက်ခဲ့သလို လန်ဒန်မှ မျိုးရိုးဗီဇ လေ့လာရေးဌာနမှ ကိုယ်စားလှယ်လည်း တက်ရောက်ခဲ့တယ်လို့သိရပါတယ်။
အာမက်ဟာ သူမရဲ့ မွေးနေ့မှာပျော်ရွင်နေသလို ၂၀၁၂ ခုနှစ် မျိုးရိုးဗီဇ မှတ်တမ်းမှာ သူမရဲ့ နာမည်စာရင်းပါသွားခဲ့သလို တရားဝင် မှတ်တမ်းလွှာကိုလေး ကိုလည်းဂုဏ်ယူစွာလက်ခံယူခဲ့ပါတယ်။
သူမ အရပ်က ၂ ပေ နဲ့ ၀.၀၆ လက်မ ဖြစ်ပါတယ်။ တကယ်တမ်းကြည့်မယ်ဆိုရင် အဲလောက် အရပ်ဟာ ၂ နှစ်အရွယ် ကလေးရဲ့ အရပ်လောက်သာရှိတာပါ။ သူမ ဟာအထက်တန်းကျောင်းသူတစ်ယောက်ဖြစ်ပြီး တစ်နေ့ကျရင် Bollywood Star ဘောလစ်ဝတ် ရုပ်ရှင်စတားဖြစ်ချင်တယ်ဆိုပါတယ်။ သူမ ဖြစ်ချင်တဲ့အတိုင်း နောက်နှစ်ကစပြီး ဘောလစ်ဝတ်မှာ ရုပ်ရှင်နှစ်ကား စရိုက်တော့မှာဆိုတာကိုလည်းသိရှိရပါတယ်။
သမိုင်းမှာတော့ သူမလိုမျိုး အသက် ၁၈ နှစ်မှာ အရပ် ၂ ပေသာရှိခဲ့တဲ့ အမျိုးသမီးတစ်ဦး လည်းရှိခဲ့ဖူးပါတယ်။ အဲဒါကတော့ အမေရီကန်နိုင်ငံသူ ပေါ်လင်း မတ်စ်တာ Pauline Musters ဖြစ်ြပီး ၁၈၉၅ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။


 
မှတ်ချက်။ ။မေးတခုမှတွေ့ရှိ၍ ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။

Sunday, December 18, 2011

မြတ်စွာဘုရားသည်နေ့စဉ်နေ့တိုင်းဆောင်ရွက်တော်မူသည်။



“ဗုဒ္ဓေါ လောကေ သမုပ္ပန္နော၊ ဟိတာယ သဗ္ဗပါဏိနံ။
မြတ်စွာဘုရားရှင်သည် သတ္တ၀ါအားလုံး အကျိုးစီးပွားများစေရန် ပွင့်ထွန်း ပေါ်ပေါက်တော်မူလာရသည်”

မိမိတစ်ဦးတည်းအကျိုးအတွက် ဆိုရပါမူ ဘုရားရှင်သည် ဖလသမာပတ်ဝင်စား၍ ချမ်းသာစွာ နေတော်မူနိုင်သော်လည်း နေတော်မမူအား သတ္တ၀ါများအတွက် မနေမနား ကြိုးစားတော်မူသည်။ ဘုရားရှင်၏ နေ့စဉ် ဆောင်ရွက်တော်မူမြဲဖြစ်သော လုပ်ငန်းစဉ် (ဗုဒ္ဓကိစ္စငါးပါး)ကို လေ့လာကြည့်လျှင်ပင် သတ္တ၀ါများအပေါ် ထားတော်မူသော မဟာကရုဏာတော်ကို အလွယ်တကူပင် တွေ့မြင်ရမည်ဖြစ်၏။

တစ်နေ့တာအချိန်ကို ငါးပိုင်းပိုင်း၍ သူ့အချိန်နှင့်သူ မလစ်လပ်စေရအောင် နေ့စဉ်နှင့်အမျှ ဆောင်ရွက်တော်မူသည်။ နံနက်ခင်း လုပ်ငန်း၊ ဆွမ်းစားပြီးချိန် လုပ်ငန်း၊ ညဉ့်ဦးယံ လုပ်ငန်း၊ သန်ခေါင်ယံ လုပ်ငန်း၊ မိုးသောက်ယံ လုပ်ငန်းဟူ၍ တစ်နေ့တာ ဆောင်ရွက်ဖွယ် လုပ်ငန်းစဉ်များကို ငါးပိုင်း ပိုင်း၍ နေ့စဉ်ဆောင်ရွက်တော်မူသည်။

(က) ပုရေဘတ္တကိစ္စ = နံနက်ခင်း လုပ်ငန်းစဉ်


မြတ်စွာဘုရားရှင်သည် အရုဏ်တက်ချိန် စောစော အိပ်ရာမှ ထတော်မူ၍ မျက်နှာသစ်ခြင်း၊ ကိုယ်လက်သုတ်သင်ခြင်းကို ပြုတော်မူသည်။ ထို့နောက် ဂန္ဓကုဋီတိုက်ခန်းသို့ ပြန်လည်ဝင်တော်မူပြီး သမာပတ်ဝင်စားကာ ခဏမျှ ချမ်းသာစွာနေတော်မူသည်။ ထို့နောက် ဆွမ်းခံချိန်ရောက်သောအခါ သင်္ကန်းတော်ကို ရုံတော်မူပြီး တစ်ခါတစ်ရံ ကိုယ်တော်တစ်ပါးတည်း၊ တစ်ခါတရံ သံဃာတော်များ ခြံရံလျက် ဆွမ်းခံကြွတော်မူသည်။ ထိုသို့ ကြွတော်မူသောအခါ၌လည်း တစ်ခါတရံ တန်ခိုးအမျိုးမျိုးကို ဖန်ဆင်း၍လည်းကောင်း၊ တစ်ခါတရံ ပကတိသဘာဝအတိုင်းလည်းကောင်း ကြွတော်မူသည်။

မြတ်စွာဘုရားကြွတော်မူလေရာတိုင်း ပါရမီတော်ကြောင့် ခလုတ်တံသင်း ဆူးငြှောင့် နှောက်ယှက်ခြင်းမရှိ၊ ကမူချိုင့်ဝှမ်း နိမ့်မြင့်မညီဖြစ်နေသော လမ်းများလည်း အလိုလို ချောမွေ့ ပြေပြစ်၍သွားကြ၏။ ဒကာဒကာမတို့လည်း ပန်းနံ့သာလက်စွဲကာ ဘုရားရှင်ကို ဖူးမြော်ရန် စုဝေးရောက်လာကြကုန်၏။ မိမိတို့ တက်နိုင်သလောက် သံဃာတော်ဆယ်ပါး၊ အပါးနှစ်ဆယ်၊ အပါးတစ်ရာ စသည် တောင်းယူ ပင့်ဆောင်ကြကုန်လျက် မြတ်စွာဘုရား၏ သပိတ်တော်ကို ယူဆောင်ကာ နေရာတော်ခင်း၍ ရိုသေစွာ ဆွမ်းလုပ်ကျွေးကြကုန်၏။ ဆွမ်းဘုဉ်းပေးပြီးနောက် မြတ်စွာဘုရားရှင်သည် ဒကာ၊ ဒကာမတို့၏ စရိုက် ဓာတ်ခံကို ဆင်ခြင်တော်မူလျက် သင့်လျော်သော အနုမောဒနာတရားကို ဟောကြားတော်မူ၏။

ထို့နောက် မြတ်စွာဘုရားသည် ကျောင်းတော်သို့ ပြန်ကြွတော်မူ၏။ ပန်းနံ့သာတို့ဖြင့် ထုံမွမ်းထားသော စုဝေးရာမဏ္ဍပ် နေရာတော်၌ ထိုင်နေတော်မူ၍ ဆွမ်းစားရာမှ ပြန်လာကြသော ရဟန်းတော်တို့ကို စောင့်လျက်နေတော်မူ၏။ ထို့နောက် သံဃာတော်များ စုံလင်သောအခါ ဂန္ဓကုဋီကျောင်းဆောင်ဘက်သို့ ကြွတော်မူလေသည်။ ဤကား နေ့စဉ်နံနက်တိုင်း ပြုလုပ်လေ့ရှိသော နံနက်ခင်း လုပ်ငန်းစဉ်ဖြစ်ပေသည်။

(ခ) ပစ္ဆာဘတ္တကိစ္စ = နေ့လယ် လုပ်ငန်းစဉ်

မြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြီးဆုံးသည့်နောက် တစ်နေ့တာ ဆောင်ရွက်မြဲ လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်တော်မူ၏။ ဂန္ဓကုဋီကျောင်းတော်အနီး အသင့်ခင်းထားသော နေရာတော်၌ ထိုင်တော်မူပြီးနောက် ခြေဆေးအင်းပျဉ်၌ ရပ်တော်မူလျက် ရဟန်းတော်များအား ဒုလ္လဘတရား ငါးပါးကို နေ့စဉ်ပင် ဟောကြားသတိပေးတော်မူမြဲဖြစ်သည်။

“အပ္ပမာဒေန ဘိက္ခ၀ သမ္ပာဒေထ = ရဟန်းတို့ မမေ့လျော့သော သတိတရားနှင့် ပြည့်စုံကြပစေ။

၁။ ဗုဒ္ဓုပ္ပါဒေါ ဒုလ္လဘော လောကသ္မိံ = ရဟန်းတို့ - လောက၌ ဘုရားရှင် ပွင့်ထွန်းတော်မူခြင်း ဖြစ်ပေါ်ခဲ၏။

၂။ မနုဿတ္တိပဋိလာဘော ဒုလ္လဘော = လူအဖြစ်ရခြင်းသည် ခက်ခဲ၏။ (လူအဖြစ် ရခဲ၏)။

၃။ သဒ္ဓါသမ္ပတ္တိ ဒုလ္လဘာ = (ရတနာသုံးပါးနှင့်ကံ ကံ၏အကျိုးကို ယုံကြည်မူ) သဒ္ဓါတရားနှင့် ပြည့်စုံခြင်းသည် ခက်ခဲ၏။ (သဒ္ဓါနှင့် ပြည့်စုံခြင်းကို ရခဲ၏)။

၎။ ပဗ္ဗဇ္ဇာ ဒုလ္လဘာ = ရဟန်းအဖြစ်ကို ရခဲ၏။

၅။ သဒ္ဓမ္မဿဝနံ ဒုလ္လဘံ = သူတော်ကောင်းတရား ကြားနာရဖို့ ခက်ခဲ၏”။

ဒုလ္လဘတရား ဟောကြား သတိပေးပြီးလျှင် ကမ္မဋ္ဌာန်း မေးလျှောက်သော ရဟန်းတို့အား သင့်လျော်သော ကမ္မဋ္ဌာန်းကို ပေးတော်မူသည်။ ကမ္မဋ္ဌာန်းသင်ယူပြီးသော ရဟန်းတော်များ မိမိတို့နှင့် သင့်လျော် ဆိတ်ငြိမ်ရာသို့ အသီးသီး ကြွရောက်၍ ကမ္မဋ္ဌာန်းဘာဝနာ တရား ပွားများ အားထုတ်ကြလေသည်။

ကမ္မဋ္ဌာန်းပေးပြီးနောက် ဂန္ဓကုဋီကျောင်းတော်သို့ ၀င်တော်မူကာ အလိုတော်ရှိလျှင် တစ်မုဟုတ်ခန့် လျောင်းတော်မူသည်။ လျောင်းရာမှ ထတော်မူပြီးလျှင် တစ်လောကလုံးကို ခြုံ၍ ချေချွတ်ထိုက်သော သတ္တ၀ါဝေနေယျများ ရှိ-မရှိ အမြဲ ရူကြည့်တော်မူလေသည်။

မြတ်စွာဘုရား သီတင်းသုံးရာဒေသရှိ ဒကာ ဒကာမတို့သည် ညနေချမ်းကာလရောက်လျှင် အဖျော်ယမကာ၊ ပန်းနံ့သာ စသည်ယူဆောင်လျက် တရားနာယူရန် ကျောင်းတော်သို့ ရောက်လာစည်းဝေးကြသည်။ ထိုအခါ မြတ်စွာဘုရားသည် ထိုတရားမဏ္ဍပ်ရှိ နေရာတော်၌ သီတင်းသုံးတော်မူလျက် သင့်လျော်သော တရားကို ဟောကြားတော်မူလေသည်။ ညနေစောင်းအချိန်လောက်တွင် တရားပွဲပြီးဆုံး၍ ပရိသတ်တို့ ကျောင်းတော်မှ ပြန်ကြလေသည်။

(ဂ) ပုရိမယာမကိစ္စ = ညဉ့်ဦးယံ လုပ်ငန်းစဉ်

မြတ်စွာဘုရားရှင်သည် တစ်နေ့တာ ဆောင်ရွက်ဖွယ်လုပ်ငန်းများ ပြုလုပ်ပြီးနောက် ရေချိုးတော်မူလိုလျှင် ရေချိုးအိမ်သို့ ၀င်တော်မူကာ ရေသပ္ပါယ်တော်မူသည်။ အလုပ်အကျွေးရဟန်း ကလည်း ဘုရားရှင် နေရာတော်ကို ဂန္ဓကုဋီပရိဝုဏ်အတွင်း၌ ခင်းထားရလေရာ ရေသုံးသပ်တော်မူပြီးလျှင် ထိုနရာတော်သို့ကြွကာ နှစ်ထပ်သင်္ကန်းကို ၀တ်၊ ခါးပန်းကြိုးကို ဖွဲ့ချည်ပြီးလျှင် ကိုယ်ရုံလက်ကန်တော့ ထိုးတော်မူလျက် တစ်မုဟုတ်ခန့် တစ်ပါးတည်း ကိန်းအောင်း စံနေတော်မူလေသည်။

ခဏကြာလျှင် ထိုထိုအရပ်မှ ရဟန်းတော်များ လာရောက် ဆည်းကပ်ကြကုန်၏။ မြတ်စွာဘုရားသည် ညဉ့်ဦးယံတစ်ချိန်လုံး ထိုရဟန်းတော်များ မေးလျှောက်သမျှ ဖြေဆိုတော်မူ၍ တရားဓမ္မ ဟောပြပေးတော်မူ၏။ ဤသို့ဖြင့် ညဉ့်ဦးယံအချိန်ပိုင်း ကုန်လွန်သွား၏။

(ဃ) မဇ္ဈိမယာမကိစ္စ = သန်ခေါင်ယံ လုပ်ငန်းစဉ်

ညဉ့်ဦးယံလုပ်ငန်းပြီးဆုံး၍ ရဟန်းတော်များ ပြန်ကြွပြီးသောအခါ နတ်ဗြဟ္မာတို့ ဆည်းကပ်ရန် အချိန်ဖြစ်တော့သည်။ စကြ၀ဠာပေါင်း တိုက်တစ်သောင်း၌ နေကြကုန်သော နတ်ဗြဟ္မာတို့သည် မိမိတို့ ဆင်ခြင်စဉ်းစားခဲ့ကြသော အမေးပုစ္ဆာ ပြဿနာများကို မေးလျှောက်ကြကုန်၏။ မြတ်စွာဘုရားသည် သန်ခေါင်ယံ တစ်ချိန်လုံး အမေးပုစ္ဆာ ပြဿနာအလိုက် နတ်ဗြဟ္မာတို့ သံသယပြေကင်းအောင် ဖြေရှင်းဟောပြတော်မူရလေသည်။ မင်္ဂလသုတ် စသော သုတ်တော်များသည် နတ်ဗြဟ္မာများ မေးလျှောက်သဖြင့် ဤသန်ခေါင်ယံ၌ ဟောကြား ဖြေရှင်းတော်မူခဲ့သော သုတ်တော်များ ဖြစ်လေသည်။

(င) ပစ္ဆိမယာမကိစ္စ = မိုးသောက်ယံ လုပ်ငန်းစဉ်

ပစ္ဆိမယံ ခေါ် မိုးသောက်ယံကို သုံးပိုင်း ခွဲဝေတော်မူလျက် ကျင့်ဆောင်တော်မူလေသည်။

တစ်နေ့တာလုံး ဆောင်ရွက်တော်မူရသဖြင့် ကိုယ်လက် ပင်ပန်း နွမ်းနယ်မူ ပြေပျောက်စေရန် ပထမပိုင်းတစ်ချိန် စင်္ကြံကြွခြင်းဖြင့် ကုန်လွန်စေသည်။

ဒုတိယပိုင်း တစ်ချိန်မှာမူ ဂန္ဓကုဋီကျောင်းတော်သို့ ၀င်၍ လက်ယာနံတောင်းဖြင့် လျောင်းစက်တော်မူသည်။

တတိယပိုင်းအချိန် လျောင်းတော်မူရာမှ ထတော်မူပြီးလျှင် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူကာ ရှေးရှေး ဘုရားရှင်တို့ အထံ၌ ဒါန သီလ စသည် ပြုခဲ့ဖူးသော ကုသိုလ်ပါရမီထူး ရှိသူများ ရှိ-မရှိ တစ်လောကလုံးကို ခြုံငုံ၍ ကြည့်ရူတော်မူလေသည်။
သာဝတ္ထိမြို့ဇေတ၀န်ကျောင်းတော်ဝယ် နေ့စဉ် တနေ့တာလုပ်ငန်းစဉ်ဖြစ်တော်မူပါသည်။

Wednesday, December 14, 2011

သီတဂူ ဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရက တိဘက် ခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမား ကို မြန်မာနိုင်ငံသို့ ဘုရားဖူးလာရောက်နိုင်ရန်စီစဉ်နေကြောင်း သတင်းရရှိသည်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ဒလိုင်းလားမားနှင့် သီတဂူဆရာတော် အရှင်ဉာဏိသရ တွေ့ဆုံစဉ် (ဓာတ်ပုံ - သီတဂူ ဘလော့ဂ်မှ)
“ဒီကိစ္စ တဆင့်ပြီး တဆင့် ဘုန်းကြီး စီစဉ်သွားမှာပါ”ဟု ဒေါက်တာ အရှင်ဉာဏိဿရက The Wall Street Journal သို့ ယမန်နေ့က ပြောကြားသည်။
ဆရာတော် အရှင် ဉာဏိဿရသည် ဒလိုင်းလားမားကို လာမည့် ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ပြီး ရွှေတိဂုံ ဘုရားကို ဖူးမြော်နိုင်မည်ဟု မျှော်လင့်ကြောင်းနှင့် ဒလိုင်းလားမားကို ဖိတ်ခေါ်ရေးအတွက် ခွင့်ပြုချက် ရရန် မြန်မာအစိုးရထံ ချဉ်းကပ်ဆောင်ရွက်နေကြောင်းလည်း ဆရာတော်က ဆက်လက် ပြောကြားသည်။
ဘုန်းတော်ကြီး ဒလိုင်းလားမားသည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်၍ ရွှေတိဂုံဘုရားအား ဖူးမြော်လိုသည်ဟု အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် မကြာသေးမီက ကျင်းပခဲ့သော ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ညီလာခံ၌ ရွှေကျင် သာသနာပိုင် ၀ါဆို ဆရာတော်ကြီးနှင့် တွေ့ဆုံစဉ် လျှောက်ထားခဲ့သည်။
ထိုစဉ်က ၀ါဆိုဆရာတော်ကြီးက ပြန်လည်၍“ဖိတ်ကြားလို့ ဖြစ်သည့်အခါ ဖိတ်ကြားပါမည်၊ လာရောက်ဖူးမြော်ဖို့ သင့်လျော်သည့် အခါ ရွှေတိဂုံ စေတီတော်ကို ဖူးမြော်လှည့်ပါ”ဟု မိန့်ကြားခဲ့သည်။
တိဘက်လွတ်မြောက်ရေး ကမ္ဘာလုံးဆိုင်ရာ လှုံ့ဆော်မှု အကြောင်းပြချက်ဖြင့် ဒလိုင်းလားမား၏ ပြည်ပခရီးစဉ်များ အပေါ် တရုတ်အစိုးရက အစဉ်တစိုက် ဖိအားပေး ပိတ်ပင်ခဲ့ကြောင်း၊ ထို့ကြောင့် ၄င်းအနေဖြင့် ပြည်ဝင်ခွင့် ဗီဇာရရေး အတွက် အခွင့် အလမ်း နည်းပါးကြောင်း ကျွမ်းကျင်သူများက ထောက်ပြကြသည်ကိုလည်း The Wall Street Journal တွင်ဖော်ပြထားသည်။
လွန်ခဲ့သည့် အောက်တိုဘာလကလည်း တရုတ်နိုင်ငံက ၄င်းနှင့် ကုန်သွယ်မူ ဆက်ဆံရေးနီးနီးကပ်ကပ်ရှိနေသည့် တောင် အာဖရိက နိုင်ငံအား ဒလိုင်းလားမား၏ ဗီဇာတောင်းခံမူကို လက်မခံရန် ဖိအားပေးခဲ့သည့်အတွက် ဒလိုင်းလားမားကို ဗီဇာငြင်း ဆိုခဲ့သည်။
တရုတ်နိုင်ငံနှင့် ရင်းနှီးမြုပ်နှံမှု အပါအ၀င် သံတမန်ဆက်ဆံရေး နက်နက်ရှိုင်းရှိုင်း ရှိနေသည့် မြန်မာနိုင်ငံသည်လည်း တရုတ် အစိုးရနှင့်ဆက်ဆံရေး ထိခိုက်ခံမည်မဟုတ်ကြောင်း လေ့လာသူများက ထောက်ပြထားသည်ကို The Wall Street Journal အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
“ကမ္ဘာတ၀န်းက ဗုဒ္ဓဘာသာခေါင်းဆောင်အားလုံးကို မြန်မာနိုင်ငံက ဘာသာရေး ခေါင်းဆောင် တဦးအနေနဲ့ ဖိတ်ခေါ်ပိုင်ခွင့်ရှိတယ်။ ဘုန်းကြီးလည်း ဆရာတော် ဒလိုင်းလားမားကို ဖိတ်ခေါ်မယ်”ဟု အရှင် ဉာဏိဿရက ယင်းဂျာနယ်ကို ပြောသည်။
၂၀၀၄ ခုနှစ်က ကမ္ဘာ့ ဗုဒ္ဓဘာသာ ထိပ်သီးညီလာခံတခုကို မြန်မာနိုင်ငံတွင်ကျင်းပခဲ့စဉ် ဆရာတော် အရှင် ဉာဏိဿရ က တိဘက် ဘာသာရေး ခေါင်းဆောင် ဒလိုင်းလားမားကို မြန်မာအစိုးရက တက်ရောက်ခွင့်ပေးမည်ဟု မျှော်လင့်ခဲ့သော်လည်း တက်ရောက်နိုင်ခဲ့ခြင်း မရှိပေ။
သမ္မတ အကြံပေးတဦးဖြစ်သူ ဦးကိုကိုလှိုင်က ဒလိုင်းလားမား မြန်မာနိုင်ငံသို့ အလည်လာရေးအပေါ် မြန်မာအစိုးရအနေဖြင့်  မည်ကဲ့သို့ သဘောထားမည်ကို မသိကြောင်း၊ အခွင့်အလမ်းနည်းသည်ဟု သူ့တဦးတည်းအနေဖြင့်ထင်မြင်ကြောင်း တရုတ် အစိုးရကလည်း အထိအခိုက်မခံကြောင်း၊ ဘာသာရေးအနေဖြင့် ပြဿနာမရှိသော်လည်း နိုင်ငံရေး ရှုထောင့်မှ အငြင်းပွားဖွယ် ရာများ ရှိကြောင်း သမ္မတ အကြံပေးတဦးအနေနှင့်မဟုတ်ဘဲ မှတ်ချက်ပေးထားသည်ကို The Wall Street Journal တွင်ဖော် ပြခဲ့သည်။
“ဘုန်းကြီးက မြန်မာအစိုးရနဲ့ပဲ စကားပြောမယ်။ တရုတ်အစိုးရနဲ့ ဘုန်းကြီးအနေနဲ့ ပြောစရာ မလိုဘူး။ မြန်မာအစိုးရက ဒီကိစ္စ တရုတ်ကွန်မြူနစ်အစိုးရနဲ့ ဆွေးနွေးမယ်ဆိုရင် ကြာသွားမယ်”ဟုလည်း အရှင်ဉာဏိဿရက ပြောဆိုထားသည်။
၁၉၉၃ ခုနှစ်တွင် ဒလိုင်းလားမား အပါအ၀င် နိုဗဲလ်ငြိမ်းချမ်းရေး ဆုရှင်များသည် ထိုင်းနိုင်ငံသို့လာရောက်၍ မြန်မာ့ ဒီမိုကရေစီ အရေးနှင့် ထိုစဉ်က နေအိမ်အကျယ်ချုပ်ကျနေသော ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့ဖူးသည်။
ထိုစဉ်က တရုတ်အစိုးရ၏ ဖိအားပေးမှုကြောင့် ထိုင်းအစိုးရက ဒလိုင်းလားမားကို ထိုင်းနိုင်ငံတွင် ၂၄ နာရီသာ နေထိုင်ခွင့် ဗီဇာပေးခဲ့သည်။
၁၉၈၉ ခုနှစ်က ဒလိုင်းလားမားကို ငြိမ်းချမ်းရေး နိုဗဲလ်ဆုပေးအပ်ပွဲ အခမ်းအနားကျင်းပသည့် နော်ဝေးနိုင်ငံနှင့် ဆုရွေးချယ်ရေး အဖွဲ့ကိုလည်း တရုတ် အစိုးရက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ဖူးသည်။
မူရင်းက  ဧရာဝတီ

Sunday, December 11, 2011

သွေးမျက်ရည်တွေကျနေတဲ့ ကလေးငယ်

                                       မျက်ရည်တွေငိုတဲ့မိန်းကလေး Twinkle


Twinkle Dwivedi ဆိုတာ စိတ်ဝင်စား ပြီး ရှုပ်ထွေးဖို့ကောင်းတဲ့ဘာသာရပ်တစ်ခုဖြစ်လို့နေပါတယ် ။ ယုံကြည်နိုင် ဖို့ ခက်ခဲသလို လက်ခံနိုင်ဖို့လည်း ခက်ခဲလွန်းလှပါတယ် ။ အခု ၁၄ နှစ်အရွယ် Indian မိန်းကလေး ငယ်လေး Twinkle ဟာ သူမမျက်လုံးတွေကနေ သွေးရည်တွေ ခဏခဏ ထွက်ကျလို့နေပါတယ်တဲ့ သူမရဲ့ အရေ ခွံတွေနောက်ဆုံးသူမ ခြေဖ၀ါးပါမကျန် နှာခေါင်းပေါက်တွေကနေလည်း သွေးတွေ ယိုစီးကျ လို့နေပါတယ် ။ Twinkle လေးနဲ့ သူ့မိဘတွေကတော့ ဆေးပညာရပ်ဆိုင်ရာက ဆရာဝန်တွေကိုရော နတ်ဆ ရာတွေရော သူတို့ ကို ကူညီဖို့နဲ့ တွင်ကယ်လေးရဲ့ ထူးဆန်းဖွယ်ကောင်းသော ပြဿနာ ကို ဖြေရှင်းပေး ကြဖို့ မေတ္တာ ရပ်ခံထားပါတယ် ။

National Geographic မှ တွင်ကယ်ဆီမှ အစိတ်အပိုင်း အသားစ သို့ သွေး နမူနာယူစမ်းသပ်ခဲ့ပြီး Dr.George Buchanan ကလည်း ဒီအဖြစ်အပျက်အတွက် တွင်ကယ့်မိဘတွေနဲ့လည်းသက်ဆိုင်လိမ့်မယ်လို့ ဆိုပါတယ် ။ သူပြောတာ ကတော့ တွင်ကယ်ဟာ ဆေးပညာရပ် ဆိုင်ရာ အထူးကုဆရာဝန်တွေနဲပ ၂၄ နာရီပတ်လုံးစောင့် ကြည့်လေ့လာမှုတွေ ပြုလုပ်ရမှာဖြစ်ပြီး ဒါဟာလည်း အရမ်းကို ငွေကုန်ကြေးကျများတဲ့ အခြေအနေ တစ်ခုဖြစ် လို့နေပါတယ် ။ တွင်ကယ့် မိဘတွေက ဆင်းရဲလွန်းပါတယ် ဘယ်သူတစ်ဦးတစ်ယောက်ကမှ တွင်ကယ့်ရဲ့ အခြေအနေကို ကုသဖို့အတွက် ငွေကြေးပေးနိုင်စွမ်းမရှီခဲ့ပါဘူး ။ အကယ်၍ တွင်ကယ့်မှာ ဘာဖြစ်ပျက်နေ သလဲဆိုတာကို ကျွန်တော်တို့ အတိအကျ မပြောနိုင်သေးသရွေ့ ဘာစကား မှပြောစ ရာလည်း မရှိပါဘူး ။



ဒါဟာ ဘယ်လို အခြေအနေမျိုးလဲလို့သင်ထင်ပါသလဲ ? Buchanan ကတော့ ဒါဟာ Munchhausen သို့မဟုတ် Munchhausen-By-Proxy Syndrome လို့ခေါ်တဲ့ အခြေအနေဖြစ်မယ်လို့ ယူဆပါတယ်တဲ့ ။ ဆိုလိုတာ ကတော့ တွင်ကယ် ( ပထမ ပစ်မှတ် ) နဲ့ သူမ အမေ ( ဒုတိယ ပစ်မှတ်) တို့ဟာ အဓိက ဒီသွေးယိုထွက်မှု ပြဿနာ မှာ ပါဝင်ပတ်သတ်နေကြသူတွေပါ ။

လန်ဒန်မှ ဆရာဝန်တစ်ဦးကတော့ သူမဟာ Type II von Willebrand disease ကို ခံစားနေတာ ဖြစ်ပါလိမ့်မယ်လို့ဆိုပါတယ် ။ Type II von Willebrand disease ဆိုတာဟာ သွေးခဲမှု ပြဿနာ တစ်ခုဖြစ် ပါတယ် ။ Von Willebrand ဆိုတာဟာ အလွယ်တကူသွေးခြေဥခြင်း စသည်တို့ကို ဆိုလိုပြီး ဒီလိုမျိုး အကြာကြီး တရပ် စပ် သွေးယိုတဲ့ဖြစ်စဉ်မျိုးကတော့ အခုမှ သူလည်း ကြားဖူးတာပါလို့ဆိုပါတယ် ။ ကဲ ဒါဆို တွင်ကယ်ဟာ Von Willebrand ကြောင့်မဟုတ်ခဲ့ဘူးဆိုရင်ရော သူမဟာဘာတွေ မှားယွင်းနေသလဲဆိုတာ အများကြီး စမ်းသပ် မှုတွေ ပြုလုပ်ရပါဦးမယ် ။

တခြားသူတွေ ယုံကြည်ကြတာကတော့တွင်ကယ်ဟာ နတ်တွေသရဲတွေရဲ့ပြုစားခြင်းကို ခံနေရတာပါတဲ့ ။ သူမ ကျောင်း က သူမ ဒီလို လက္ခဏာတွေ စစကြုံလာခဲ့ခြင်း ကျောင်းနားစေခဲ့ပါတယ် သူမ သူငယ်ချင်းတွေ ကလည်း သူမနဲ့အတူတူသွားမကစားကြတော့ပါဘူး ။ တခါတရံ သူမဘေးပတ်ဝန်းကျင်က လူတွေနဲ့ အတန်းဖော်တွေက ခဲလုံးတွေနဲ့သူမကို ပစ်ပေါက်ကြပြီး သူမလမ်းလျှောက်လာရင်အမျိုးမျိုး နှောက်ယှက်မှုတွေ ပြုလုပ်ခဲ့ကြတာကိုလည်း တွင်ကယ်လေးခမျာ ခံခဲ့ရပါသေးတယ် ။ ဒါ့အပြင်သူမရဲ့ စိတ်ဒါဏ်ရာတွေ နဲ့ အမာရွတ်တွေကိုရော ကျွန်တော်တို့ ဘယ်လိုကုစားပေးကြမှာလဲ ။



သူမ ခြေဖ၀ါးက သွေးတွေထွက်လာတဲ့အခါ တွင်ကယ်ဟာ အလွန်အမင်း ခက်ခဲတဲ့ အခြေအနေတွေ နဲ့ရင် ဆိုင်ရပါတယ် ။မူရင်းက ဒီမှာပါhttp://www.thettantcho.com/

Friday, December 9, 2011

မွတ်စလင်တစ်ဦး၏ ရင်တွင်းစကား




(Tawfik Hamid ရဲ့ From the heart of a Muslim ဆိုတဲ့ ဆောင်းပါးကို ဘာသာပြန်ပါတယ်။)

ကျွန်တော်ဟာ ကျွန်တော့် ယုံကြည်ချက်နဲ့ မွတ်စလင်တစ်ယောက် ဖြစ်ပါတယ်။ စိတ်ဆန္ဒအရဆိုရင်တော့ ကျွန်တော်ဟာ ခရစ်ယာန်တစ်ယောက်ပေါ့။ နှလုံးသားအရတော့ ဂျူးတစ်ယောက် ဖြစ်ပါတယ်။ ခြုံကြည့်လိုက်ရင်တော့ ကျွန်တော်ဟာ လူသားတစ်ယောက်ပါ။ ဒေါက်တာ ဟာမစ်ဆိုတာ တယူသန် မွတ်စလင်တွေကို ဆန့်ကျင်တဲ့ စာရေးဆရာ၊ အီဂျစ်ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

ကျွန်တော်ဟာ မွတ်စလင်တစ်ယောက်အနေနဲ့ မွေးလာတယ်။ ကျွန်တော့်ဘ၀တစ်လျှောက်လုံး အစ္စလာဟ်ဘာသာဝင်တစ်ဦးလိုပဲ နေခဲ့တယ်။ ရက်စက်ကြမ်းတမ်းတဲ့ အကြမ်းဖက်မှုတွေကို ကျွန်တော်နဲ့ဘ၀တူ မွတ်စလင်တွေက ကမ္ဘာ့အနေရာအနှံ့အပြားမှာ လုပ်ဆောင်နေကြတာကို တွေ့ပြီးနောက်မှာ၊ ပြီးတော့ ကမ္ဘာအနှံ့အပြားက အစ္စလာဟ်ဘာသာဝင်တွေရဲ့ အကြမ်းဖက်မှုများကို တွေ့မြင်ရဖန်များလာပြီးတဲ့နောက်မှာ ကျွန်တော့်မှာ ခံစားချက်လေးတစ်ခု ပေါက်ဖွားလာခဲ့တယ်။ ဒါကတော့ ကျွန်တော်ဟာ မွတ်စလင်တစ်ယောက်ဖြစ်သလို လူသားတစ်ဦးလည်းဖြစ်တဲ့အတွက် အမှန်တရားကို ထုတ်ဖော်ပြောကြားဖို့ တာဝန်ရှိတယ်ဆိုတဲ့ ခံစားချက်ပါ။ ဒီခံစားချက်က အစ္စလာဟ်ဘာသာနဲ့ ကမ္ဘာကြီးကို ကပ်ဘေးတွေနဲ့ ယဉ်ကျေးမှုတိုက်ပွဲတွေကနေ ကာကွယ်ပေးနိုင်မယ်လို့ ထင်ပါတယ်။

ကျွန်တော် ၀န်ခံပါတယ်။ လက်ရှိ အစ္စလာဟ်တရားတွေဟာ မွတ်စလင်မဟုတ်သူတွေအပေါ် အမုန်းတရားနဲ့ အကြမ်းဖက်မှုတွေကို ဖန်တီးပေးနေတယ်ဆိုတာကိုပေါ့။ ကျွန်တော်တို့ မွတ်စလင်တွေဟာ ပြောင်းလဲဖို့ လိုအပ်နေပါတယ်။ ဒီနေ့အချိန်အထိ မိန်းမအများကြီးယူတဲ့စနစ်ကို လက်ခံကျင့်သုံးနေကြဆဲဖြစ်တယ်။

နောက်ပြီး မွတ်စလင်ကနေ အခြားဘာသာပြောင်းသွားသူတွေကို သတ်ဖြတ်တဲ့အကျင့်တွေက ရှိနေဆဲဖြစ်တယ်။ အထူးသဖြင့် ကျွန်တော်တို့ မွတ်စလင်တွေဟာ ကျွန်စနစ်နဲ့စစ်ပွဲတွေကို ဆန့်ကျင်တဲ့နေရာမှာ ပြတ်သားတဲ့ ရပ်တည်ချက် မရှိသေးတာပဲဖြစ်တယ်။ ဆန့်ကျင့်ကန့်ကွက်တာတွေ မလုပ်တဲ့အပြင် အဲဒီကျွန်စနစ်နဲ့စစ်ပွဲတွေကို ဖန်တီးပြီး အစ္စလာဟ်သာသနာပြန့်ပွားအောင်၊ အခြားဘာသာဝင်တွေကို မွတ်စလင်ဖြစ်လာအောင် လုပ်နေကြပါတယ်။ နောက်ပြီးတော့ ဂျိဇီယာ (Jizia)လို့ခေါ်တဲ့ မတရားအခွန်ငွေတွေ ကောက်ခံနေကြပါတယ်။ (မလေးရှားမှာ တရုတ်လူမျိုးများကို နှိမ်ထားသလိုမျိုး ဖြစ်မည်ဟု ထင်ပါတယ်…စာရေးသူ)

ကျွန်တော်တို့ မွတ်စလင်တွေဟာ “အစ္စလာဟ်ဘာသာကို လေးစားကြပါ”လို့ ကမ္ဘာ့လူသားတွေကို တောင်းဆိုနေကြတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ဟာ ဗလီတွေမှာ ကြာသပတေးနေ့တိုင်း အခြားအစ္စလာဟ်ဘာသာဝင် မဟုတ်သူတွေကို (အာရဗီဘာသာစကားနဲ့) ဆဲရေးတိုင်းထွာနေကြပါတယ်။ ကျွန်တော်တို့ အစ္စလာဟ်ဘာသာဝင်တွေဟာ ဂျူးတွေကို ၀က်နဲ့မျောက်ကနေဆင်းသက်သူများလို့ ဆဲရေးတိုင်းထွာကြတယ်။ ဒါဆိုရင် ကျွန်တော်တို့ရဲ့ မွတ်စလင်ဘာသာဝင်ကလေးငယ်တွေကို ဘယ်လို မက်ဆေ့တွေ (သင်ကြားချက်တွေ) ပေးချင်တာပါလဲ။ ဒါဟာ မေတ္တာတရားနဲ့ငြိမ်းချမ်းရေး လက်ဆောင်တွေလား။ အမုန်းတရားလက်ဆောင်တွေလား။

ကျွန်တော် ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေနဲ့ ဂျူးဘုရားကျောင်းတွေကို ရောက်ဖူးတယ်။ သူတို့က ကျွန်တော်တို့ မွတ်စလင်တွေအတွက် ဆုတောင်းပေးနေကြတယ်ဗျ။ ဒါပေမယ့် ကျွန်တော်တို့ မွတ်စလင်ခေါင်းဆောင်တွေက သူတို့ကို ဆဲရေးတိုင်းထွာနေကြတယ်။ ကျွန်တော်တို့ရဲ့ မွတ်စလင်မျိုးဆက်တွေကိုလည်း သူတို့ (အခြားဘာသာဝင်တွေ)ကို မုန်းတီးရွံရှာဖို့နဲ့ မိစ္ဆာဒိဋ္ဌိများအဖြစ် ခေါ်ကြဖို့ သင်ကြားပေးနေကြပါတယ်။

ကျွန်တော်တို့ မွတ်စလင်တွေဟာ တစ်စုံတစ်ယောက်က “မိုဟာမက်ဆိုတာ အရွယ်မရောက်သေးတဲ့ အမျိုးသမီးငယ်လေးတွေအပေါ်မှာ ကာမစပ်ယှက်သူ”လို့ စွပ်စွဲတဲ့အခါ မိုဟာမက်ကို ကာကွယ်ဖို့ ချက်ချင်းဆိုသလို ပြင်းပြင်းထန်ထန် ကြိမ်းမောင်းကန့်ကွက်ကြပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ မွတ်စလင်တွေဟာ အစ္စလာဟ်ကျမ်းစာမှာလာတဲ့ “တမန်တော် မိုဟာမက် အသက် ၅၀ ကျော်သောအခါ အသက် ၇-နှစ်မျှသာရှိသေးသော အမျိုးသမီးငယ်လေးကို လက်ထပ်တော်မူတယ်”ဆိုတဲ့အကြောင်းကိုတော့ ဂုဏ်ယူပြောဆိုနေကြပြန်ပါတယ်။

ပြောရမှာတော့ ၀မ်းနည်းပါတယ်။ မွတ်စလင်များစွာဟာ (အားလုံးတော့ မဟုတ်ပါဘူး) အမေရိကန်က ဝေါထရိစင်တာကို ၀င်တိုက်တဲ့ စက်တင်ဘာ ၁၁-ရက်အဖြစ်အပျက်နဲ့ ကမ္ဘာအနှံ့အပြားက အကြမ်းဖက်တိုက်ခိုက်မှုတွေကို ကြားရတိုင်း ၀မ်းမြောက်ဝမ်းသာ ဖြစ်နေကြပါတယ်။ ကမ္ဘာ့မီဒီယာရှေ့မှာတော့ ကျွန်တော်တို့ မွတ်စလင်တွေဟာ ဒီလို အကြမ်းဖက်မှုတွေကို ဆန့်ကျင်ရှုတ်ချကြောင်း ကြေညာကြပါတယ်။ ဒါပေမယ့် မွတ်စလင်အကြမ်းဖက်သမားတွေကို မွတ်စလင်တွေဟာ သဘောခွေ့နေကြပါတယ်။ လျစ်လျူရှုထားကြပါတယ်။ သူတို့ အကြမ်းဖက်ရခြင်းအကြောင်းကိုတောင် ရှာကြံပြီး အကြမ်းဖက်သမားတွေကို သနားနေကြပါတယ်။

ဥပမာအနေနဲ့ ဘယ်အစ္စလာဟ်အဖွဲ့အစည်းက အကြမ်းဖက်ခေါင်းဆောင် ဘင်လာဒင်ကို “ဘာသာရေးသွေဖီသူ၊ အစ္စလာဟ်တရားတော်ကို ချိုးဖောက်သူ”လို့ တရားဝင်ကြေညာချက် ထုတ်ပြန်ပါသလဲ။ ရှေ့နောက်မညီတာတစ်ခုက စာရေးဆရာ ရပ်ခ်ျဒိုင်း (Rushdie)ကိုတော့ အစ္စလာဟ်ကို ဆန့်ကျင်တဲ့စာအုပ် ရေးသားမှုနဲ့ သေဒဏ်ပေးသင့်ကြောင်း ကြေညာပေးခဲ့တယ်။

ကျွန်တော်တို့ မွတ်စလင်တွေဟာ ဘာသာရေးလွတ်လပ်ခွင့်တွေ ပိုရဖို့ ကမ္ဘာအနှံ့အပြားမှာ တောင်းဆိုနေကြတယ်။ ဥပမာ ပြင်သစ်မှာ ခေါင်းမြီးခြုံခွင့် ပိတ်ပင်ခြင်းကိစ္စကို ပယ်ဖျက်ဖို့ တောင်းဆိုနေကြတယ်။

ကျွန်တော်တို့ တကယ်လုပ်သင့်တာက ကမ္ဘာအနှံ့အပြားမှာ ဖြစ်ပျက်နေတဲ့ အစ္စလာဟ်အစွန်းရောက် လူသတ်သမားတွေကို ဆန့်ကျင်ကြဖို့ အားပေးအားမြှောက်မပြုကြဖို့နဲ့ အစွဲအလန်းတွေ သိပ်မကြီးကြဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မွတ်စလင်တွေဟာ အခုထိ ဒါတွေကို ဆန့်ကျင်ကြောင်း၊ အားပေးအားမြှောက်မပြုပါကြောင်းဆိုတဲ့ ဆန္ဒတွေ မဖော်ထုတ်ပေးနိုင်ကြပါဘူး။ ကျွန်တော်တို့ရဲ့သဘောထားကို မဖော်ပြဘဲ တိတ်တိတ်ကလေး နေနေကြတာဟာ အစ္စလာဟ်အကြမ်းဖက်သမားတွေကို သတ်ဖြတ်ခြင်းလုပ်ငန်းတွေ ဆက်လုပ်ဖို့၊ အကြမ်းဖက်မှုတွေ ဆက်လုပ်ဖို့ အားပေးနေတာ၊ တိုက်တွန်းနေတာ၊ စွမ်းအင်တွေ ဖြည့်ပေးနေတာနဲ့ အတူတူပါပဲ။

ကျွန်တော်တို့ မွတ်စလင်တွေဟာ ကျွန်တော်တို့ ကံမကောင်းအကြောင်းမလှတာတွေအတွက် အစ္စရေးလူမျိုးတွေနဲ့အခြားသူများအပေါ်ကို အပြစ်တင်၊ လက်ညှိုးထိုးနေကြတာကို ရပ်တန့်ပစ်ဖို့ လိုအပ်နေပါတယ်။ ကျွန်တော် မွတ်စလင်တစ်ယောက်အနေနဲ့ ရိုးရိုးသားသား ပြောရရင် အစ္စရေးနိုင်ငံဆိုတာ အရှေ့အလယ်ပိုင်းဒေသမှာ ဒီမိုကရေစီရဲ့ မီးရှူးတန်ဆောင်တစ်ခု ဖြစ်ပါတယ်။ ယဉ်ကျေးမှုရဲ့အလင်းရောင် ဖြစ်ပါတယ်။ လူ့အခွင့်အရေးများရဲ့ စံထားရာနိုင်ငံတစ်ခု ဖြစ်ပါတယ်။

မွတ်စလင်နိုင်ငံတွေဖြစ်တဲ့ အာရပ်နိုင်ငံတွေဟာ ကရုဏာတရားမဲ့စွာနဲ့ ဘာနစ်နာကြေးမှမပေးဘဲ ဂျူးလူမျိုးတွေကို ပထုတ်နေကြတယ်။ “လွတ်လပ်သောဂျူးနိုင်ငံတော်”ကို ခွင့်မပြုကြဘူး။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ အစ္စရေးလူမျိုးတွေကတော့ အာရပ်လူမျိုးသန်းပေါင်းများစွာကို သူတို့နိုင်ငံသားအဖြစ် သူတို့မြေပေါ်မှာ လက်ခံပေးထားပါတယ်။ ဂျူးလူမျိုးတွေနဲ့ အခွင့်အရေးတန်းတူ ခံစားခွင့်ပေးထားပါတယ်။

အစ္စရေးမှာ အမျိုးသားက အမျိုးသမီးတွေကို တရားဝင် ရိုက်နှက်ခွင့်မပြုပါဘူး။ လူတိုင်းလူတိုင်း ဘာသာတစ်ခုကနေ ဘာသာတစ်ခုကို လွတ်လွတ်လပ်လပ် ပြောင်းနိုင်ခွင့် ရှိပါတယ်။ အစ္စလာဟ်မှာလို ဘာသာပြောင်းလဲခြင်းဥပဒေအရ သတ်ဖြတ်ခံရမှာကိုလည်း ကြောက်စရာမလိုပါဘူး။ ကျွန်တော်တို့ရဲ့ အစ္စလာဟ်နိုင်ငံတွေမှာ ဒီလို အခွင့်အရေးမျိုးကို ရနိုင်လို့လား။ ဒီအခွင့်အရေးမျိုးကို ခံစားကြရလို့လား။ (ဒါဆိုရင် ခင်ဗျားက အစ္စရေးဘက်တော်သား မွတ်စလင်လားလို့ ကျွန်တော့်ကို မေးလိမ့်မယ်)။

ကျွန်တော်အနေနဲ့ ပါလက်စတိုင်းက မွတ်စလင်တွေ ဒုက္ခခံစားနေရတယ်ဆိုတာကို လက်ခံပါတယ်။ ဒါပေမယ့် ဒီလို ဒုက္ခခံစားနေရတာတွေဟာ အစ္စရေးတွေ(ဂျူးတွေ)ကြောင့် မဟုတ်ပါဘူး။ ပါလက်စတိုင်းက အကျင့်ပျက်ခြစားနေတဲ့ (ပျက်စီးနေတဲ့)ခေါင်းဆောင်တွေကြောင့် ဖြစ်ပါတယ်။

အစ္စရေးနိုင်ငံမှာနေတဲ့ အာရပ်လူမျိုးတွေ အာရပ်တိုင်းပြည်တွေမှာ နေချင်လို့ဆိုပြီး ထွက်ပြေးတာကို တွေ့မြင်ရဖို့ ခဲယဉ်းပါတယ်။ အခြားတစ်ဖက်မှာတော့ ထောင်သောင်းများစွာသော ပါလက်စတိုင်းလူမျိုး မွတ်စလင်တွေဟာ သူတို့ရဲ့ ရန်သူတော်ကြီးဖြစ်တဲ့ အစ္စရေးမှာ ပျော်ရွှင်စွာ အလုပ်လုပ်ဖို့ အစ္စရေးနယ်မြေထဲကို ၀င်နေကြပါတယ်။ အချို့ပုဂ္ဂိုလ်တွေ ပြောနေကြသလို အစ္စရေးတွေက ဆိုးဆိုးဝါးဝါး လူမဆန်စွာ ဆက်ဆံကြတယ်ဆိုရင် ဆန့်ကျင်ဘက်အခြေအနေ (ပါလက်စတိုင်းတွေက အစ္စရေးနယ်မြေထဲ မ၀င်ဘဲ၊ အစ္စရေးထဲက အာရပ်တွေကသာ ပါလက်စတိုင်းနယ်မြေထဲ ၀င်နေကြမယ်ဆိုတဲ့ ဆန့်ကျင်ဘက်အခြေအနေ… စာရေးသူ) တွေပဲ ကျွန်တော်တို့ တွေ့ရမှာ အသေအချာပါပဲ။ ဒီတော့ ကျွန်တော်တို့ မွတ်စလင်တွေအနေနဲ့ ကိုယ့်ပြဿနာကိုယ်လက်ခံပြီး ကိုယ်ကိုယ်တိုင်ပဲ ဖြေရှင်းကြရပါလိမ့်မယ်။ ဒါမှသာ လူသားထုတစ်ရပ်လုံးနဲ့ ညီညွတ်မျှတစွာနေနိုင်မယ့် ခေတ်သစ်တစ်ခုကို စတင်နိုင်ကြပါလိမ့်မယ်။

ကျွန်တော်တို့ မွတ်စလင်ဘာသာရေးခေါင်းဆောင်များအနေနဲ့
-မယားများစွာယူခြင်း၊
-အရွယ်မရောက်သူများကို လက်ထပ်ခြင်း၊
-ကျွန်စနစ်၊
-အစ္စလာဟ်ဘာသာကို သွေဖီသူများကို သတ်ဖြတ်ခြင်း၊
-အမျိုးသမီးများကို ရိုက်နှက်ခြင်းနဲ့
-အစ္စလာဟ်ဘာသာပြန့်ပွားရေးအတွက် မွတ်စလင်မဟုတ်တဲ့နိုင်ငံများကို စစ်ကြေငြာခြင်းဆိုတဲ့ အချက်တွေကို ထင်ထင်ရှားရှား၊ ပြတ်ပြတ်သားသား ဆန့်ကျင်ကြဖို့ လိုအပ်နေပါပြီ။ ဒီလို လုပ်ဆောင်ပြမှသာလျှင် “ကျွန်တော်တို့ဘာသာကို လေးစားကြပါ”လို့ အခြားသူတွေကို တောင်းဆိုနိုင်ပါလိမ့်မယ်။

ကျွန်တော်တို့ မွတ်စလင်တွေအနေနဲ့ “ကျွန်တော်တို့ရဲ့ သူတော်ကောင်းယောင်ဆောင်တတ်တဲ့အကျင့်”တွေကို ရပ်တန့်ဖို့ အချိန်ကျရောက်ပါပြီ။ ပြီးတော့ ဒီအချိန်ဟာ “ကျွန်တော်တို့ မွတ်စလင်တွေ ပြောင်းလဲရမယ်”လို့ ပွင့်ပွင့်လင်းလင်း ပြောရမယ့်အချိန်ပါပဲ။
မူရင်းက.ဒီမှာhttp://www.ashinkusala.com