အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Wednesday, June 29, 2011

ဂယာလေယာဉ်ပေါ်ဝယ်

အမှတ်တရ (မြန်မာသင်္ကြန်အတတ်နေ့)တွင် ကျောင်းသားလေးသည် ဂယာ လေယာဉ်ဆိပ်ဝယ်.ကိုရွှေကုလားတို့နှင့် လေယာဉ်လက်မှတ်ကိစ္စအဆင်မပြေမှုဖြစ်ခဲ့ရတယ်ပေါ့အမိမြန်မာ
ပြည်မှ ဘုရားဖူးဒကာမတယောက်ကတော့ ပြောသံကြားလိုက်မိရဲ့ ဘုရားကိုကြည်ညိုလို့သာ ဘုရားဖူးခြင်လို့သာ
လာခဲ့ရတယ် နောက်တော့ တော်ပါပြီ ဆိုလား.ခုတော့..မဇ္ဈိမသားတို့ရဲ့ ဆက်ဆံရေးသည်ကား.
မိမိသည်လည်း ဗာရာဏသီရွှေမြို့တော်မှလေယာဉ်လက်မှတ်ဝယ်ယူလာခဲ့ရာမှ " မင်းလက်မှတ်က တရားမ၀င်ဘူး" ဆိုပြီး ဒါဏ်ငွေဆောင်ရမည်ဟု ပြောလာခဲ့တော့၏။
အော်. ဒုက္ခပါလား. အိန္ဒိယနိုင်ငံ ဘယ်မြို့ကပဲ ၀ယ်ဝယ် ဘယ်ကပဲစီးစီး ပြဿနာမရှိကြောင်းပြောတော့မှ
မင်းရဲ့ ကီလိုတွေအရမ်းများတယ် ဒါဏ်ငွေဆောင်ပါတဲ့ .ငါ ဟာ ကျောင်းသားတယောက်ပဲဆိုပြီးပြောသော်လည်း
မဇ္ဈိမသားတို့သည်ကားအလျှော့မပေးခဲ့ပါ ..ဆောင်လိုက်ရတော့၏.ဒေါ်လာ (၅၀) တဲ့
ဘေးနားမှ ဒကာမတယောက်မှ အရှင်ဘုရားလေယာဉ်ထွက်ခါနီးပြီတဲ့ ပေးလိုက်ပါ တပည့်တော်လှူပါ့မယ်ဆိုပြီး..
သို့သော် မိမိမှာတော့

အရှင်ဒေ၀ဒတ်အကြောင်းအဆုံးသတ်ပြီ..


ထိုအခါ မဟာပထ၀ီ မြေကြီးသည် အရှင်ဒေ၀ဒတ်ကို ရှေ့သို့ ဆက်လက်မသွားနိုင်ရန် . ဆုပ် ကိုင်၍ ဆွဲယူလိုက်သကဲ့သို့ မလှုပ်နိုင် မရှားနိုင် မသွားနိုင် တော့ပဲ မြေကြီးထဲသို့ နစ်၍ နစ်၍သာ သွားလေ တော့၏။ ချေမျက်စိ . ဒူးဆစ် . ခါး . ရင်ဘတ် . လည်ပင်း .. မေးရိုးအထိ အဆင့်ဆင့် နစ်၍ နစ်၍ သွားလေတော့၏။

အရှင်ဒေ၀ဒတ်သည် သူ့ကိုသူ သိလိုက်ပြီး ဖြစ်၏၊သူသည် ဒီဘ၀ ဒီခန္ဓာ ဒီအတ္တဘောဖြင့် နောင် တော်ကြီးဘုရားရှင်ကို ဖူးမျှော်ခွင့်ရတော့မည်မဟုတ်ပေ၊(အမှန်အားဖြင့် ဒီဘ၀တွင်သာ မဟုတ်၊ ဘယ် သောခါမှ ဘုရားရှင်ကို တစ်ဖန် ဖူးမျှော်ခွင့်ရတော့မည် မဟုတ်ပေ၊ ) သို့သော် ရင်ထဲမှာ ရှိနေ သော သိနေသော ဘုရားရှင်၏ ဂုဏ်ကျေးဇူးများကိုဖေါ်ထုတ်၍ ဘုရားရှင်ကို ဆည်းကပ် ကိုးကွယ် ကြောင်း ဤနေရာ ဤအရပ်မှသည် လျှောက်ထားချင်ပါသေး၏၊

မဟာကရုဏာရှင် ရှင်တော်မြတ်ဘုရား၊ ရှင်တော်မြတ်ဘုရား အထံပါးသို့ ခစားချဉ်းကပ် မဆည်း ကပ်နိုင်တော့သည် တပည့်မိုက် ရဟန်းမိုက် ညီတော်မိုက်၏ လျှောက်စကား အဝေးမှနေ ကြားနိုင်ပါစေသား ကြားပါစေသားဘုရား….။

ဣမေဟိ အဋ္ဌီဟိ တမဂ္ဂပုဂ္ဂလံ၊
ဒေ၀ါတိဒေ၀ံ နရဒမ္မသာရထိံ။
သမန္တစက္ခုံ သတပုညလက္ခဏံ၊
ပါဏေဟိ ဗုဒ္ဓံ သရဏံ ဥပေမိ


အဂ္ဂပုဂ္ဂလံ - ကမ္ဘာအလုံးတွင် အသာဆုံးပုဂ္ဂိုလ်လည်း ဖြစ်တော်မူပေထသော၊ဒေ၀ါတိဒေ၀ံ - နတ်အပေါင်းတို့၏ ဦးခေါင်းညွတ်လျိုး ခိုကိုးရာအစစ် နတ်မင်းလည်း ဖြစ်တော်မူပေထသော၊ နရဒမ္မသာရထိံ - ဆုံးမရန်ကြုံ များဗိုလ်ပုံကို စုံလင်စွာ သင်ပေးလျှက် ယဉ်ကျေးအောင် ဆုံးမ တော်မူပေထသော၊ သမန္တစက္ခုံ - ကြွင်းမဲ့ဥဿုံ အလုံးစုံကို အကုန်သိမြင် သဗ္ဗညုဥာဏ်ရှင် လည်း ဖြစ်တော်မူပေထသော၊ သတပုညလက္ခဏံ - ရာပေါင်းများစွာ ဘုန်းသမ္ဘာကြောင့် ကောင်းစွာမြင့်ကြွယ် တင့်တယ်သော လက္ခဏာတော်လည်း ရှိတော်မူပေထသော၊တံ ဗုဒ္ဓံ - တု၍ မနိုင် ပြိုင်၍မရ ကမ္ဘာ့ထိပ်ခေါင်ထိုနောင်တော် မြတ်ဘုရားကို၊ ဣမေဟိ အဋ္ဌီဟိ - အသားတွေပျောက် အရေခြောက်သဖြင့် မျက်မှောက်ထင်စွာ ဤသုံးရာသော အရိုးတို့ဖြင့်လည်း ကောင်း၊ ဣမေဟိ ပါဏေဟိ - မငြိမ်လှုပ်ယှက်ချုပ်ပျက်ခါနီးဖြစ်သော ဤအသက်တို့ဖြင့် လည်းကောင်း၊ သရဏံ - ဦးတင်ကျန ဖူးချင်လှလည်းမရတော့ပါ ကိုးကွယ်ရာဟူ၍သာလျှင် ၊ ဂတောသ္မိ - အပြစ်ရှိသမျှ သတိရသဖြင့်ံ အာမ၀န္တံ အကုန်ခံ၍ အတန်တန် ဆည်းကပ်ခဲ့ပါ သည်ဘုရား။ ၀ါ - ဂတောသ္မိ - အဝေးမှသည်စိတ်ဖြင့်ရည်လျှက် ယုံကြည်သဒ္ဓါ ထုံသီကာဖြင့် မှန်စွာစင်စစ် အားကိုးရာ ဖြစ်ပါပေ၏ဟူ၍သာလျှင် သိမှတ် ဆည်းကပ်ခဲ့ပါသည် မဟာ ကရုဏာရှင် ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ကြီးဘုရား။

ဤသို့ဖြင့် အရှင်ဒေ၀ဒတ်သည် . သူစိတ်ထဲ၌ အားအရဆုံးသော အထင်ရှားဆုံးသော အကြည် ညိုဆုံးသော “ အဂ္ဂပုဂ္ဂလ ဒေ၀ါတိဒေ၀ နရဓမ္မသာရထိ သမန္တစက္ခု သတပုညလက္ခဏ ” ဟူသောဂုဏ်တော်ငါးမျိုးတို့ဖြင့် ချီးမွမ်းခန်းဖွင့်၍ ဘုရားရှင်ကို ကိုးကွယ် ဆည်းကပ်သွားခဲ့ပါ၏။

“ မိုက်သောသူသည် မိမိ မိုက်သည်၏အဖြစ်ကို သိ၏၊ ထိုသိမှုကြောင့် ပညာရှိ ဖြစ်နိုင်သေး၏၊ မိုက် သောသူသည် ငါ ပညာရှိဟု မိမိကိုယ်ကို ထင်မှတ်နေပါမူကား ထိုသူကို စင်စစ်လူမိုက် ဟူ၍ဆိုအပ်၏၊ ” တဲ့။ အရှင်ဒေ၀ဒတ်သည် မိမိ မိုက်သည်၏အဖြစ်ကို သိသူ ဖြစ်သွားသော ကြောင့် ဤဒေသနာတော်အရ ပညာရှိအဖြစ်ဖြင့် သူ့ဘ၀ကို နိဂုံးချုပ်သွားသူ ဖြစ်ပါ၏။

အမှန်အားဖြင့် အရှင်ဒေ၀ဒတ်သည် ပါရမီဖြည့်ဆည်းထားသူလည်း ဖြစ်ပါ၏၊ အရှင်ဒေ၀ဒတ် သည် ဤဘဒ္ဒကမ္ဘာမှစ၍ရေတွက် ကမ္ဘာတစ်သိန်းထက်၌ အဋ္ဌိဿရ အမည်တော်ရသည့် ပစ္စေ ကဗုဒ္ဓ ဖြစ်တော်မူမည်ဟု မိန့်ဆိုထားပါ၏။ပစ္စေကဗုဒ္ဓ ဘုရားရှင်တို့သည် နှစ်သင်္ချေနှင့် ကမ္ဘာ တစ်သိန်း ပါရမီဖြည့်ကျင့်ရပါ၏၊ ယခု ဤအရှင် ဒေ၀ဒတ်ဝတ္ထု ( ဓမ္မပဒ ) ၌ ကမ္ဘာတစ်သိန်း ထက်၌ အဋ္ဌိဿရမည်သော ပစ္စေဗုဒ္ဓ ဘုရားဖြစ်မည် ဟု မိန့်ဆိုချက်ကို ထောက်ဆသော အားဖြင့် နှစ်သင်္ချေ ပါရမီဖြည့်ပြီးသူဟုဆိုခြင်းဖြစ်ပါ၏၊ ထို့ကြောင့် အရှင်ဒေ၀ဒတ်သည် ပါရမီ ဖြည့်ဆည်းထားသူဖြစ်ကြောင်း သိသာလှပါ၏၊

ရဟန်းရှင်လူ မည်သူမဆို မမိုက်မှားအောင် နေထိုင်နိုင်ကြပါစေ၊ အကယ်၍ မိုက်မှားခဲ့သည် ရှိ
သော်လည်း မိမိအမှားကို မြင်၍ ရဲဝံ့စွာ ပြင်နိုင်ကြပါစေဟု.. ... .... ။ မူရင်းကဒီမှာပါ..http://www.newlightmyanmar.com/

အရှင်ဒေ၀ဒတ်အကြောင်း( ၃ )

အရှင်ဒေ၀ဒတ္တ . ၃

အရှင်ဒေ၀ဒတ်သည် မိုက်ရင်း မိုက်ရင်းမှ အမှားကို မြင်လာ၍ ပြင်လိုသူ ၀န်ချလိုသူ သူတော်
ကောင်းစိတ်ဓာတ် ရှိသူလည်း ဖြစ်ပါ၏၊

အရှင်ဒေ၀ဒတ်သည် ရှင်တော်မြတ်ဘုရားအား တပည့်ပရိသတ် သူ့ကိုလွှဲပေးရန် တောင်းခံခဲ့ဘူး ၏၊ သူ့သည် ဘုရားအရိုက်အရာကို ဆက်လက်ခံယူလိုသူ ဖြစ်၏၊ သို့သော် ဘုရားရှင်သည် သံဃာ့ ပရိသတ်ကို လွှဲမပေးခဲ့ချေ၊ ထိုမှ တဖန် “ ရဟန်းတော်များ - အသက်ထက်ဆုံး သက် သတ်လွတ် ဘုဉ်းပေးရန်၊ ပင့်ဆွမ်း ပို့ဆွမ်းမဘုဉ်းပေးပဲ ဆွမ်းခံ၍သာ ဘုဉ်းပေးရန်၊ ပံသုကူ သင်္ကန်းကိုသာ ၀တ်ရုံသုံးဆောင်ရန်၊ တောကျောင်း၌သာ သီတင်းသုံးရန်. သစ်ပင်ရင်း၌သာ သီတင်းသုံးနေထိုင်ရန် ” ဟူသော မူငါးချက်ကို ပညတ်ပေးပါရန် လျှောက်ထားလေ၏၊ဘုရားရှင် ခွင့်မပြုသောအခါ ခေါင်းပါးမှုကို ( သီလသမာဓိပညာ အကျင့်နှင့် ယှဉ် မယှဉ် မစဉ်းစားပဲ ) အထင်ကြီးသောသူများ သူ့ဘက်ပါလာစေရန် “ အနုနည်းသုံးကာ ” ပရိသတ်ကို ဆောင်ယူ သွား၏၊ ကျောက်မောင်းဆင်ခြင်း လေးသမားလွှတ်ခြင်း နာဠာဂီရိဆင်ဖြင့်တိုက်ခြင်း စသော အကြမ်းနည်းကို သုံးလျှက်လည်း ဘုရားရှင်ကို အန်တု ရန်ပြုခဲ့ပါ၏၊

ဤသို့ဖြင့် အသက်အရွယ်လေးလည်း ရလာပေပြီး၊ အခြံအရံနည်းပါး၍ဖြစ်သောစိတ်ဆင်းရဲ. တပည့်ကြီး ကောကာလိက၏ ဒူးနှင့်ရင်ဝတိုက်ချက်ကြောင့် ကိုယ်လည်း ဆင်းရဲလှပေပြီး၊ ကျန်း မာရေးမကောင်း၍ အိပ်ရာညောင်စောင်း လဲလျောင်းရသည်မှာလည်း ကိုးလခန့်ရှိပြီဖြစ်၏၊အရှင် ဒေ၀ဒတ်သည် အတိတ်ကို တွေးလိုက်သောအခါ သူ၏ တဖက်သတ်အမုန်းနှင့် ဘုရား၏မေတ္တာ ဓါတ် အပြုံးကို ရုပ်လုံးပေါ် မြင်လာရပေပြီ၊ စဉ်းစားလေ စဉ်းစားလေ ဘုရားရှင်၏ သနားကြင်နာ ခြင်း မဟာကရုဏာ၊ လောကကအကျိုးရှိဘို့ဆိုလျှင် ခရီးဝေးကိုပင် ဂရုမထား ချေလျှင်သွား၍ လည်း ဓမ္မကိုဖြန့်ဝေတော်မူသော ကြီးမားသည့် မေတ္တာတရား၊ ရန်ပြုသော သူ့အပေါ် တုန့်ပြန် လက်စားချေခြင်းလုံးဝမရှိ၊တည်ငြိမ်စွာ သိခံတော်မူသော မနှိုင်းယှဉ်သာသည့် ခန္တီတရား၊ သြော် .. အတုမဲ့ အဂ္ဂပုဂ္ဂလ . ဒေ၀ါတိဒေ၀ . သတပုညလက္ခဏ . သမန္တစက္ခု. စသည် စသည့် ဂုဏ်းပေါင်းစုသည့် ဘုရားရှင်ကိုမှ ငါ အပြစ်မှားကြီး ပြစ်မှားမိခဲ့လေပြီးတကား၊

အရှင်ဒေ၀ဒတ်သည် စိတ်အေးအေးထား၍ စဉ်းစားမိသောအခါ မိမိ၏ မကောင်းချက်နှင့် ဘုရား ရှင်၏ကောင်းကွက်များကို အထင်းသားမြင်ရလေတော့၏၊ ထိုအခါမှရှင်တော်ဘုရားကို လေးစား ကြည်ညိုစိတ်နှင့်အတူ မိမိ၏မိုက်ပြစ်ကို ၀န်ချတောင်းပန်လိုသောစိတ်များ တားမနိုင် ဆီးမရ ရင်ဝမှ ကြွ၍ ကြွ၍ လာပေတော့၏၊ ထိုအချိန်သည် ရှင်တော်မြတ်ဘုရား ဇေ၀တ၀န်ကျောင်း တော်၌ သီတင်းသုံး နေနေခိုက် ဖြစ်၏။

ထိုအခါ အရှင်ဒေ၀ဒတ်သည် သူ့တပည့်များကို သူအား ဘုရားရှင်ထံ ပို့ပေးဖို့ ပြောကြားလေ တော့၏၊ စွမ်းနိုင်စဉ်က အန်တု ရန်ပြုနေပြီး မစွမ်းနိုင်ခါမှ သွားချင် ဖူးမြင်ချင်ရသလားဟု အပြစ် တင်ကာသူ့တပည့်များက မပို့လိုကြ၊ သို့သော် ဆရာအရှင်ဒေ၀ဒတ်က “ င့ါကို ငါ့ဘ၀ကို မဖျက် ဆီးကြပါနဲ့၊ငါ ဘယ်လောက်ပဲ ( ဒေါသနှင့် ) မုန်းမုန်း၊ ဘုရားရှင်က ( အဒေါသ မေတ္တာနှင့် ) အပြုံးမပျက်ခဲ့ပါဘူး၊ ဆံချည်မျှင်မျှသော်လည်း ငါ့အပေါ် အမုန်းတရား အာဃာတတရား ရန်ငြိုး တရား မပွားခဲ့ မထားခဲ့ပါဘူး။

ရှင်တော်မြတ်ဘုရားဟာ “ သူ့ကို အန်တု ရန်ပြုတဲ့ ငါ့အပေါ်၊ လူပေါင်းများစွာတို့ကို ကြမ်းချင် တိုင်းကြမ်းပြီး လက်ညှိုးဖြတ် သတ်ခဲ့တဲ့ လူဆိုးကြီး အင်္ဂုလိမာလအပေါ်၊ အရက်အရှိန်နှင့် မုန် ယိုပြီး ဘုရားရှင်ကို နင်းဖြိုဖို့ ပြေးလာတဲ့ ဓနပါလခေါ် နာဠာဂီရိ ဆင်အပေါ်၊ သူ၏ရင်သွေး သား တော်လေး ရာဟုလာအပေါ် ” အားလုံးအပေါ် ထားတဲ့ မေတ္တာတရားဟာ ဘယ်သူ့ပေါ်မှ ပိုသည် မရှိ လိုသည်မရှိ ၊တပြေးညီထဲ ထားရှိကြောင်း ယခုကောင်းကောင်း သဘောပေါက်ပြီ ဖြစ်ပါ၏၊
အရှင်ဒေ၀ဒတ်၏ “ ဒေဿထ မေ ဘဂ၀န္တံ ” အတန်တန် တောင်းပန်သည့်အတွက် သူ၏ တပည့်များသည် ညောင်းစောင်းထမ်းစဉ်ဖြင့်ထမ်းကြလျှက် ဘုရားရှင်ထံသို့ခရီးထွက် ဆက်ကြ လေပြီတကား။အရှင်ဒေ၀ဒတ် အမြင်မှန်ရကာ ဘုရားရှင်ထံသို့ ဦးတင်ဖူးမြင်၍ တောင်းပန်ရန် လာရောက်ကြောင်းကို ရဟန်းတော်များက ဘုရားရှင်အား ကြိုတင်လျှောက်ထားကြ၏၊ ထိုအခါ ရှင်တော်မြတ်ဘုရားက “ ရဟန်းတို့ အရှင်ဒေ၀ဒတ်သည် လက်ရှိအတ္တဘော ကိုယ်ခန္ဓာဖြင့် ငါဘုရားကို ဖူးမြင်ခွင့် ရလိမ့်မဟုတ်ချေ ” ဟု နှုတ်တော်မှ မိန့်ချွေတော်မူလိုက်ပေ၏၊

အရှင်ဒေ၀ဒတ် မည်သည့်အရပ် ရောက်လာပါပြီ၊ စသည် စသည်ဖြင့် ရောက်သည့်အရပ်တိုင်းမှ
သတင်းစကား ကြားနေရပါ၏၊ တစ်ယူဇနာ. ယူဇနာဝက် တစ်ဂါဝုတ် ဇေ၀တန်ကျောင်းတိုက်ရှိ ရေကန်သို့ပင် ရောက်လာပေပြီး၊ခရီးလည်းပမ်း ကိုယ်လည်းနွမ်း၍ ထမ်းစဉ်ဖြင့် ထမ်းလာ ကြသော အရှင်ဒေ၀ဒတ်၏ တပည့်များ သည် ရေကန် ကန်ဘောင်ပေါ် ထမ်းစဉ်ကိုချ၍ ရေချိုး နေကြလေပြီ၊ အရှင်ဒေ၀ဒတ်သည်လည်းမြူမှုံ အညစ်အကြေး ချွေးတို့ဖြင့် ညစ်နွမ်းနေသော မိမိကိုယ်ကို သန့်ရှင်းရေးလုပ်ရန်အတွက် ညောင်းစောင်းမှ ထ၍ မြေသို့ ချေချလိုက်၏၊ ထိုအခါ

ရှင်ဒေ၀ဒတ်အကြောင်း (၂)

အရှင်အာနန္ဒာသည် သောတာပန်တည်၍ ဘုရားရှင် ပရိနိဗ္ဗာန်ဝင်စံပြီးနောက် ပထမ သင်္ဂါယနာ မတိုင်မှီ(သင်္ဂါယနာတင်မည့်နေ့ မိုးသောက်အခါ ဣရိယာပုထ်လေးပါးမှ လွတ်သော ရဟန္တာ အဖြစ်ဖြင့်)ရဟန္တာဖြစ်တော်မူ၏၊ အရှင်အာနန္ဒာသည် ရဟန္တာဖြစ်မှု၌သာ ထူးခြားသည် မဟုတ်၊ ပရိနိဗ္ဗာန် ၀င်စံသော အခါ၌လည်း ထူးဆန်းသည်သာ ဖြစ်ပါ၏၊
အရှင်အာနန္ဒာသည် သက်တော် ( ၁၂၀ ) ရောက်သောအခါ ရောဟိနီမြစ်၏ အလယ် အထက်
ကောင်းကင်ယံ ထန်းခုနှစ်ဆင့်လောက် မြင့်သောအရပ်၌ တေဇောကသိုဏ်းဝင်စားတော်မူ၍ မိမိ
ခန္ဓာကိုယ်ကို နှစ်ချမ်းဖြစ်စေလျှက် ရောဟိနီမြစ်၏ဟိုဘက်ကမ်း ဒီဘက်ကမ်းသို့ ဓာတ်တော်များ
ကို ကျစေကာ ပရိနိဗ္ဗာန် ၀င်စံတော်မူခြင်း ဖြစ်၏၊ (အရှင်အာနန္ဒာသည် တစ်သာသနာလုံး၌ ဧတဒဂ်ဘွဲ့ထူး အများဆုံးရသော ထူးခြားသည့် မထေရ်မြတ်လည်း ဖြစ်ပါ၏၊ အရှင်အာနန္ဒာ ပိုင်ဆိုင်သောဧတဒဂ်ဘွဲ့ထူးများမှာ “ ဥပဋ္ဌက . သတိမန္တ . ဂတိမန္တ . ဓိတိမန္တ . ဗဟုဿုတ ” ဘွဲ့ထူးများဖြစ်ပါ၏၊

အရှင်ဘဂု အရှင်ကိမိလ မထေရ်နှစ်ပါးတို့သည်လည်း ၀ိပဿနာတရားများ ရှုပွားတော်မူကြ၍ ရဟန္တာ ဖြစ်တော်မူကြ၏၊ ဘဂုတ္ထေရောစ ကိမိလတ္ထေရောစ အပရဘာဂေ ၀ိပဿနံ ၀ဎေတွာ အရဟတ္တံ ပါပုဏိံသု၊ ယင်းကိုထောက်ဆ၍ မဂ်ဖိုလ်ရဘို့အတွက် “ ၀ိပဿနာ ရှုရန်မလိုဟု ” ယူဆသူများ သတိထားသင့်ပါ၏၊ ထို့ပြင် ရှင်တော်မြတ်ဘုရား “ သီလေ ပတိဋ္ဌာယ နရော သပညော၊ စိတ္တံ ပညဉ္စ ဘာဝယေ ” ဟု ဟောထားတော်မူခြင်းကိုလည်း နှလုံးသွင်းသင့်လှပါ၏။

အရှင်ဒေ၀ဒတ်သည် “ သီလ သမာဓိ ” နှင့် ပြည့်စုံသူလည်း ဖြစ်ပါ၏။
အရှင်ဒေ၀ဒတ်သည်လည်း အများနည်းတူ သီလကို စင်ကြင်အောင် ထိမ်းသိမ်းစောင့်ရှောက်၍
ဘာဝနာတရား ရှုမှတ်ပွားတော်မူပါ၏၊ သီလ သမာဓိ ပညာသုံးဆင့်တွင် အလယ်အဆင့်ဖြစ် သောသမာဓိအရာ၌ လောကီ တန်ခိုးဖြစ်သော တန်ခိုးဖန်ဆင်ခြင်း ဣဒ္ဓိ၀ိဓအဘိဥာဉ်အဆင့်ထိ တက်လှန်းနိုင်ခဲ့ပါ၏။ သို့သော် လောကီဈာန်အရာသာ တည်သူဖြစ်၍ ကိလေသာများ အကြွင်းမဲ့ ပယ်သတ်နိုင်သည့်( မဂ်ပညာ ) အဆင့်ထိကား မရောက်သေးပါ။ထို့ကြောင့် ပုထုဇဉ် ဘ၀မျှသာ တည်နေပါသေး၏၊

ထို့နောက် လာဘ်လာ အခြံအရံ ကျော်ကြားမှုကို ဦးစားပေးလျှောက်လှမ်းမိရာမှ ဘုရားရှင်ကိုပင်
အန်တု အန္တရာယ်ပြုသည့်အထိ မိုက်တွင်းနက်သည့် ရဟန်းဆိုးကြီးဘ၀ ရောက်သွားရခြင်း ဖြစ်ပါ၏၊ အားငယ်ရာမှ အားပြိုင်လိုသည့်စိတ်ဓာတ်ဝင်သွားသောကြောင့် နာမည်ပျက်ထွက်သွား ရခြင်း ဖြစ်၏၊

ယင်းစကားကို အနည်းငယ်မျှ ရှင်းပြပါအုံးမည်။ မြတ်စွာဘုရားရှင် ကောသမ္ဗီပြည်၌ သီးတင်းသုံး စံနေတော်မူစဉ် ရဟန်းတော်များ လာဘ် လာဘ ပေါများနေချိန်ဖြစ်၏၊ လူအများစုသည် သင်္ကန်း ဆေးပစ္စည်း စသည်များကို ယူဆောင်လာကြလျှက် “ မြတ်စွာဘုရား ဘယ်မှာ သီတင်းသုံး တော်မူပါလဲဘုရား၊ အရှင်သာရိပုတ္တရာ. အရှင်မောဂ္ဂလာန် အရှင်မဟာကဿပ အရှင်ဘဒ္ဒိယ အရှင်အနုရုဒ္ဓါ အရှင်အာနန္ဒာ အရှင်ဘဂု အရှင်ကိမိလတို့ ဘယ်ကျောင်းဆောင်မှာ သီတင်းသုံး ကြပါသလဲဘုရား စသည်ဖြင့် မေးမြန်း၍ ၀င်ထွက်သွားလာ ကြကုန်၏၊

အရှင်ဒေ၀ဒတ်ကို မေးမြန်းသူ တစ်ဦးတစ်ယောက်မျှ မရှိပေ၊ ထိုအခါ အရှင်ဒေ၀ဒတ်၏ အတ္တ မာနလောဘသည် ပါးပျဉ်းထောင်၍ လာတော့၏၊ ငါလည်းပဲ သူတို့နှင့်အတူ ရဟန်းပြုလာသူပဲ၊ နောက်ပြီး သူတို့လည်း ခတ္တိယမျိုးက ရဟန်းပြုလာသူ၊ ငါလည်း ခတ္တိယမျိုးက ရဟန်းပြုလာသူ အတူတူပဲမဟုတ်လား၊ ဒါပေမဲ့ ဒီလူတွေဟာ လှူဖွယ်ပစ္စည်းတွေ ယူဆောင်လာကြပြီး သူတို့ကိုသာ ရှာမှီးကြတယ် မေးမြန်းကြတယ်၊ ငါ့ဆီတော့ ဘယ်သူတစ်ဦးတစ်ယောက်မှ မလာ ဘူးဟု အားငယ်စိတ် ၀င်လာ၏၊ ငါလည်း လာဘသက္ကာရကို ရအောင် ဖန်ရမယ်၊ ဘယ်နည်းနှင့် ဘယ်သူ့ကို ငါချဉ်းကပ်ရ ကောင်းမလဲ၊ ဤသို့ဖြင့် “လာဘသက္ကာရ ” ရဖို့ရန် အရှင်ဒေ၀ဒတ် သည် “ လဲ ” ပေါင်းစုံဖြင့် စဉ်းစားခန်းဝင်ရင်းမှ အသက်ငယ်ပြီး အရောင်ဆိုးရ လွယ်ကူသော မင်းသားငယ် (မင်းလောင်း ) အဇာတသတ်ကို မြွေများဖန်ဆင်း၍ အံ့သြဖွယ်ကိုပြကာ ကြည်ညို စေလျှက် ဒကားရင်းဖြစ်စေအောင် သွေးဆောင်ခဲ့၏၊ အဇာတသတ်သည် “ အံ့သြဖွယ်ကို မြင် လိုက်ရ၍ အရှင်ဒေ၀ဒတ်ကို အားကိုးရာ အစစ်ဟူ၍ထင်မှတ်သွား၏၊ ကြည်ညိုသွား၏၊ တနည်း အားဖြင့် ထင်မှတ် မှားသွား ခြင်းဖြစ်ပါ၏

ထို့ကြောင့် ရှင်တော်မြတ်ဘုရား က “ အံ့သြဖွယ်ကို ပြသော ဣဒ္ဓိပါဋိဟာရိယသည် အားကိုး စရာ အစစ်မဟုတ်၊ လမ်းမှားကို ကြဉ်၊ လမ်းမှန်ကို ယှဉ်စေသည့် အနုသာသနပါဋိဟာရိယ သည်သာလျှင်အားကိုးစရာဖြစ်၏ဟုမိန့်တော်မူခဲ့ပါ၏၊(ဆင်ခြင်ဥာဏ်မဲ့လျှက်အထူးအဆန်းကိုအား
ကိုးရာထင်သူများ သတိထားဖွယ်ပင် ဖြစ်ပါ၏၊) ဤသို့ဖြင့် အရှင်ဒေ၀ဒတ်သည် လာဘသက္ကာရ နောက် လိုက်ရင်း လိုက်ရင်းဖြင့် မိုက်တွင်းနက်သူ ဖြစ်သွားရရှာ၏၊ “ သီလ သမာဓိ ” တို့ဖြင့် ဖြူစင်နေသော သူ့ဘ၀ သူ့အလှကို လာဘသက္ကာရက ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်ပါ၏၊ “၀ါးသီး သည် ၀ါးပင်ကို ပြန်သတ်၏ ငှက်ပျောသီးသည် ငှက်ပျောပင်ကို ပြန်သတ်၏၊ အဿတိုရ်မြင်း ဖွါးခြင်းသည် မိခင်ကို ပြန်သတ်၏၊ လာဘသက္ကာရသည် လက်ခံသူကို သတ်တတ်ပါ၏ ” တဲ့ မှန်၏ အရှင်ဒေ၀ဒတ်သည် လာဘသက္ကာရကို လက်ခံမှား၍ သူ့ဘ၀ အသတ်ခံလိုက်ရခြင်း ဖြစ်ပါ၏၊ အကယ်၍သာ “ အညာ ဟိ လာဘူပနိသာ၊ အညာ နိဗ္ဗာနဂါမိနီ၊ သက္ကာရံ နာဘိ နန္ဒေယျ၊ ၀ိဝေက မနုဗြူဟယေ ” ဟူသော ရှင်တော်ဘုရား၏ စကားကို အရှင်ဒေ၀ဒတ် အချိန်မီ ဆင်ခြင်နှလုံးသွင်းမှိလျှင် ဤကဲ့သို့ ဖြစ်လာနိုင်မည် မဟုတ်ချေ။ ယခုမူကား….။

အရှင်ဒေ၀ဒတ်သည် မိုက်ရင်း မိုက်ရင်းမှ အမှားကို မြင်လာ၍ ပြင်လိုသူ ၀န်ချလိုသူ သူတော်
ကောင်းစိတ်ဓာတ် ရှိသူလည်း ဖြစ်ပါ၏၊...အလင်းသစ် ဆီက ပါ

ရှင်ဒေ၀ဒတ်အကြောင်း

အရှင်ဒေ၀ဒတ် - ဟု ကြားလျှင် လူတိုင်းက ရဟန်းကြမ်းကြီး ဆရာမှားကြီးဟု ထင်ကြ၏၊ ထင် လည်း ထင်စရာပင်ဖြစ်၏။အရှင်ဒေ၀ဒတ်သည် သူမတူအောင် မိုက်တွင်းနက်ခဲ့သူလည်း ဖြစ်ခဲ့ပါ
၏၊ ယခု တင်ပြမည့် အကြောင်းအရာသည် ( လူသိများသော မိုက်ကွက်များကို ) တင်ပြမည် မ
ဟုတ်ပါ။ ကောင်းကွက်များကိုသာ ရွေးချယ်၍ တင်ပြသွားမည် ဖြစ်ပါ်၏၊

မိမိ မြတ်နိုးသူအကြောင်း ရေးလျှင် (မကောင်းကွက်များကို ချန်တတ်၍ ) သမိုင်းမှန် မဖြစ်နိုင်တဲ့၊
မိမိ မုန်းသူအကြောင်း ရေးပြန်လျှင်လည်း (ကောင်းကွက်များကို ချန်တတ်၍ ) သမိုင်းမှန် မဖြစ်
နိုင်ပါတဲ့။ စာရေးသူသည် အရှင်ဒေ၀တ်ကို မြတ်နိုး၍ မကောင်းကွက်များကို ချန်ထားခြင်း မဟုတ်ပါ၊ လူအများ ဂရုမပြုမိသော ကောင်းကွက်လေးများကို မြင်စေလို၍ တင်ပြခြင်းမျှသာ ဖြစ်ပါ၏၊ ထို့ကြောင့် ယခုတင်ပြချက်များသည် အရှင်ဒေ၀ဒတ်၏ သမိုင်း (အပါဒါန်) အပြည့်အစုံ မဟုတ်သည်ကို ရှေးဦးစွာ အသိပေးအပ်ပါ၏

အရှင်ဒေ၀ဒတ်သည် ပုဗ္ဗေစ ကတပုညတာစက်နှင့် ပြည့်စုံသူ ဖြစ်ပါ၏၊ တနည်းအားဖြင့် ရှေးကောင်း မှုကံ ပါလာသူဖြစ်ပါ၏၊ အဘယ့်ကြောင့် ဆိုသော အမျိုးဇာတ်အားဖြင့် မြင့်သော (သကျ) သာကီဝင် မင်းမျိုး၌ ဖြစ်သောကြောင့် ဖြစ်၏။ “ ခတ္တိယ ဗြဟ္မဏ ဝေဿ သုဒ္ဒ ” ဟူသော အမျိုးလေးပါး တို့တွင် ယင်းအချိန်က ခတ္တိယကို အမြတ်ဆုံးဟု သတ်မှတ်ကြ၏ဘဒ္ဒိယ အနုရုဒ္ဓါ အာနန္ဒာ ဘဂု ကိမိလတို့သည် အရှင်ဒေ၀ဒတ်၏ အပေါင်းအသင်း လက်တွဲဖေါ် သူငယ်ချင်း ကစားဖေါ် ကစား ဖက်များလည်း ဖြစ်ကြပါ၏၊

တစ်နေ့ မြတ်စွာဘုရား အနုပိယမည်သော မလ္လာမင်းတို့၏ နိဂုံး သရက်ဥယျာဉ်၌ သီတင်းသုံး စံနေတော်မူခိုက်ဖြစ်၏၊ ဝေဒကျမ်းတတ် လက္ခဏပညာရှင်များသည် ဘုရားအလောင်းတော်ကို ဘုရားသော်လည်း စကြာဝတေးမင်းသော်လည်း ဖြစ်ပါလိမ့်မည်ဟု နိမိတ်ဖတ်စဉ်အခါက “ ဆွေတော်ရှစ်သောင်းတို့သည် စကြာဝတေးမင်းဖြစ်ဖြစ် သမ္မာသမ္ဗုဒ္ဓဘုရားပဲဖြစ်ဖြစ် ခတ္တိယ ပရိ သတ်ဖြင့် ၀န်းရံကြရမည်ဟု သဘောတူခဲ့ကြ၏။ ယခု ဤခြောက်ယောက်တို့သည် မင်းဆွေ မင်းမျိုး မဟုတ်ကြလေယောင်တကားဟု ဆွေမျိုးများက ပြောကြသောကြောင့် သူတို့ခြောက် ယောက်သည် ထီးနန်းစည်းစိန်ကိုစွန့်၍ ရဟန်းပြုခဲ့ကြ၏၊ ထိုအထဲတွင် ဒေ၀ဒတ္တလည်း တစ် ယောက်အပါအ၀င် ဖြစ်၏၊

( ထိုနန်းကို စွန့်နိုင်ခြင်း တနည်းအားဖြင့် ကာမအာရုံမှ ထွက်မြောက်ခြင်းသည် “ နေက္ခမဓာတ် ”
ဖြစ်ပါ၏၊ထီးနန်းကို မခွဲနိုင် မခွါရက် ဖြစ်မနေပဲ စွန့်ပယ်နိုင်ခြင်းသည် “ အလောဘ” ဓာတ် သဘောဖြစ်ပါ၏ထိုဓာတ်များသည် အများနည်းတူ ဒေ၀ဒတ္တ၏သန္တာန်၌လည်း ကိန်းအောင်း နေသည်ကို တွေ့မြင်ရမည် ဖြစ်ပါ၏။ )။

ဥပါလိဆတ္တာသည်နှင့်အတူ မင်းညီမင်းသား ခြောက်ယောက်တို့ ရဟန်းပြုပုံကို အနည်းငယ် တင်ပြ ပါအုံးမည်။သကျရာဇာဖြစ်သော ဘဒ္ဒိယ အနုရုဒ္ဓါ အာနန္ဒာ ဘဂုကိမိလ ဒေ၀ဒတ္တဟူသော မင်းညီ မင်းသား ခြောက်ယောက်တို့သည် ဥပါလိဆတ္တာသည်နှင့်အတူမင်းစည်းစိမ်ကို ခုနှစ် ရက်ပတ်လုံး ခံစား စံစားကြပြီးလျှင် ဥယျာဉ်တော်ကို ( ဥယျာဉ်ကစား ) သွားသကဲ့သို့ အင်္ဂါ လေးပါးရှိသော စစ်တပ်ဖြင့်ခြံရံလျှက် ထွက်လာကြရာ တိုင်းတစ်ပါးနယ်စပ်ရောက်သောအခါ မင်းအာဏာဖြင့် စစ်တပ် ကို ပြန်ခိုင်းလိုက်ကြ၏၊

ထို့နောက် မိမိတို့ ၀တ်ဆင်ထားသော မင်းညီမင်းသား လက်ဝတ်ရတနာမှန်သမျှကို တစ်ခုမကျန်
ချွတ်ကြပြီးလျှင် အထုပ်ကြီးထုပ်လျှက် မိမိတို့၏၊ အလုပ်အကြွေး ဆတ္တာသည် ဥပါလိအား ပေး
လိုက်ကြ၏၊ ဥပါလိ အသင်လည်းပဲ ပြန်ပေတော့ ၊ ယခုပေးလိုက်သော ရတနာများသည် သင့်
အတွက် ချမ်းချမ်းသာ အသက်ရှင်နေနိုင်ဖို့ လုံလောက်ပါတယ်၊ ဥပါလိသည် မင်းညီမင်းသား တို့၏ချေရင်း၌ ၀ပ်စင်းလျှက် ငိုကြွေးလေ၏၊ သို့သော် မင်းညီမင်းသားတို့၏ အမိန့်ကို မဖီဆန် လို၍ ရတနာထုပ်ကို ယူကာ နောက်ကြောင်း ပြန်လှည့်ခဲ့ရ၏။ မင်းညီမင်းသား ခြောက် ယောက်နှင့် ဥပါလိဆတ္တာသည်တို့ ခွဲခွါတယ်ဆိုရင်ပဲ တောအုပ်ကြီးသည် ငိုကြွေးသလို တော ဟိန်းသံများ ဆူညံသွားခြင်းနှင့် မဟာပထ၀ီတုန်လှုပ်ခြင်းများသည် ထူးခြား အံ့သြဖွယ်ရာ ဖြစ် ပေါ်ခဲ့ပါ၏၊ သို့သော် ယင်းအဖြစ်အပျက်ကို သတိမူမိသူကား နည်းပါးလှပါ၏။
ဥပါလိသည် ပြန်လှည့်လာ၍ အနည်းငယ်ရောက်သော အခါ အတွေးတစ်ချက် ပေါ်လာ၏။ စဏ္ဍာ ခေါ သာကိယာ - သာကီဝင်တွေဟာ ကြမ်းတမ်းတယ်၊ မင်းသားတွေသတ်ဖြတ် ညှင်းဆဲ ပြီး ရတနာတွေ ယူလာတယ်ထင်ပြီး ငါ့ကို သတ်ချင်လဲ သတ်နိုင်တယ်၊ နောက်ပြီး သာကီ ၀င်မင်းသားဖြစ်တဲ့ သူတို့သော်မှ ကြီးကျယ်ခမ်းနားသော မင်းစည်းစိမ်ကို ပယ်စွန့်ပြီး အဖိုး အနဂ္ဃ ထိုက်တန်လှသော ဤလက်ဝတ်ရတနာတို့ကို တံတွေးပေါက်ကဲ့သို့ ပယ်စွန့်ကြ၍ ရှင်ရဟန်း ပြုနိုင်ကြသေး၏၊(သူတို့၏ အလုပ်အကြွေးဖြစ်သော ) ငါသည် အဘယ်ကြောင့် ရတနာထုပ်ကို စွန့်၍ ရဟန်း မပြု နိုင်ရအံ့နည်းဟု စဉ်းစား၍ရတနာထုပ်ကို ဖြည်၍ ရတနာတို့ကို သစ်ပင်၌ ချိတ်ဆွဲလျှက် “ အလို ရှိသူ ယူကြစေ” ဟု ဟစ်အော်ပြောဆို၍ ရဟန်းပြုရန် ထွက်ခွါသွားသော မင်းညီမင်းသား ခြောက် ယောက်နောက်သို့ ချေရာခံ၍လိုက်သွားလေတော့၏။ မင်းညီ မင်းသား များကို မှီသောအခါ အဘယ့် ကြောင့် လိုက်လာသလဲဟုမေးသောအခါ သူအတွေးပေါက်ပုံကို ပြောပြပြီးလျှင် မိမိလည်း ရှင်ရဟန်းပြုလိုကြောင်း ပြောကြားလေတော့၏ ၊ ဒေ၀ဒတ္တအပါအ၀င် မင်းညီမင်းသား ခြောက်ယောက်တို့သည် ဥပါလိ ဆတ္တာသည်နှင့်အတူ ရှင်တော်မြတ်ဘုရား ထံသို့ ဦးတည်၍ ခရီးဆက်ကြလေ၏။ဘုရားရှင် ထံတော်ပါးသို့ ရောက်သောအခါ “ မြတ်စွာ ဘုရား တပည့်တော်တို့ သာကီဝင်မင်းမျိုးတွေဟာ မာန်မာနကြီးကြပါ၏၊၊ဤဥပါလိသည် တပည့် တော်တို့၏ အလုပ်အကြွေးဖြစ်ပါ၏၊ သူ့ကို ရှေးဦးစွာ ရှင်ရဟန်းပြုပေးပါဘုရား၊ တပည့်တော် တို့သည် ဥပါလိကို ရှိခိုးခြင်းအရိုအသေ ပြုခြင်းစသည်တို့ကို ပြုလုပ်ကြ၍ မာန်မာနတရားဆိုးကိုး ဖျက်ချိုးကြပါမည်ဘုရား ” ယင်းသို့ လျှောက်ထားကြပြီး ဥပါလိကို ရှေးဦးစွာ ရှင်ရဟန်းပြုစေ၍ နောက်မှ သူတို့က ရှင်ရဟန်းပြုကြ၏။

(သာသနာတော်၌ အသက်သည် အဓိက မဟုတ်၊ ရဟန်းသိက္ခာတည်ခြင်းသည်သာ အဓိက ဖြစ်၏ရဟန်းသိက္ခာ အရင်တည်သူကို နောက်မှ တည်သူက အရိုအသေပေးရ၏။ တနည်း အားဖြင့် ရဟန်းအရင်ပြုသူကို နောက်မှပြုသူက အရိုအသေ ပေးရ၏၊ ဥပါလိသည် အရင် ရဟန်းပြု၍ မင်းညီမင်းသား ခြောက်ယောက်ထက် အဓိသီလသိက္ခာ အရင်တည်သူ ဖြစ်သွား၏၊ ထို့ကြောင့် အရှင်သခင် ဖြစ်ခဲ့ဘူးသော မင်းညီမင်းသား ခြောက်ယောက်တို့သည် အရှင်ဥပါလိ ကို အရိုအသေပြုရ၏)။

အရှင်ဒေ၀ဒတ္တအပါအ၀င် မင်းညီမင်းသား ခြောက်ယောက်နှင့် အရှင်ဥပါလိတို့သည် ရဟန်းဖြစ်
ကြသောအခါ ရဟန်းကောင်းများ ဖြစ်အောင် ရဟန်းတာဝန်ကျေအောင် လိုက်နာ နေထိုင်ကြ၏
ရဟန်းသိက္ခာကို လုံအောင် ထိမ်းကြ၍ ရဟန်းတာဝန်ဖြစ်သော ပရိယတ် ပဋိပတ်ကိုလည်း သင်ယူကျင့်ကြံကြသည်သာဖြစ်၏၊ တနည်းအားဖြင့် ပရိယတ် မကင်းသော ပဋိပတ်စနစ်ကို ဦးစားပေး၍ ကျင့်သုံးကြ၏၊ ဤသို့ဖြင့် “ သီလေ ပတိဋ္ဌာယ နရော သပညော၊ စိတ္တံ ပညဉ္စ ဘာဝယေ - သီလကို အခြေခံ၍ သမာဓိ ပညာကို ပွါးများကြရာ ” အရှင်ဘဒ္ဒိယသည် ထိုရဟန်း ပြုသော ၀ါတွင်းမှာပင် “ တေ၀ိဇ္ဇ ” ရဟန္တာဖြစ်တော်မူ၏။အရှင် အနုရုဒ္ဓါသည် ဒိဗ္ဗစက္ခုအရာ သူမတူအောင်ထူးချွန်၍ မဟာဝိတက္ကသုတ္တန်ကို နားကြားရာရဟန္တာဖြစ်တော်မူ၏။(မူရင်းက )...အလင်းသစ်..ကပါ..

Monday, June 27, 2011

အော်..ခုတော့လဲ..

မြန်မာပြည်ရောက်ကထဲက ဘလော့ဘက်မရောက်ဖြစ်ခဲ့ပါ အကြောင်းမှာ ဘလော့ဖွင့်မရခြင်းကြောင့် မှတ်မှတ်ရရ
သူငယ်ချင်း အလင်းသစ် ဘလော့နေရာသို့ရောက်ရှိခြင်းကြောင့် ဒီနေ့မှပဲ ဘလော့ဘက်စတင်ရောက်ရှိလာခဲ့သည်ပေါ့.
ကျေးဇူးပါပဲ အလင်းသစ်ရေ..