အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Monday, April 30, 2012

အယုဒ္ဒယမြို့သို့ တက္ကသိုလ်နှင့် ဘုရားဖူး

အယုဒ္ဒယမြို့၏ ကျက်သရေဆောင် ကျောင်းတော်ကြီး

ကျောင်းသားများနေရာအဆောင်

တက္ကသိုလ်ထဲမှ သိမ်ကျောင်းကြီး

တက္ကသိုလ်ကြီးမှအဆောက်အဦးတို့သည် မြိုင်ဆိုင်ကြီးမားလျှက်
(၃၀.၄.)နေ့ အယုဒ္ဓယမြို့သို့ သွားရောက်မည်မို့ မနက် ၆နာရီလောက် အိပ်ယာထရေမိုးချိုးပြီး ကော်ဖီမစ်တခွက်ဖျော်ကာသောက်ခဲ့ရသည်။ ငှားထားသောကားသည်လည်း ရောက်နေပြီမို့ တချို့မနက်စာကို ထိုင်း အစားအစာဘုဉ်းနေကြသည်။ တချို့သင်္ကန်းရုံလျှက် မိမိမှာ ကော်ဖီတခွက်သောက်ရင်း အရသာခံလျှက် မနက်အာရုဏ်တတ်ချိန်အလွန်မှာ အပူရှိန်က နေ့လည်နေ့ခင်းလိုမပူသော်ငြားလည်း ပုံမှန်အတိုင်း နွေပိတောက်ပင်ပျိုအောက်မှာ စုရုံးလျှက် သွားလာဘို့ပြင်ဆင်နေကြသည်။ ကားဟွန်းသံတချက် တီးလိုက်သံကြောင့် သွားတော့မည်လို့အသိပေးလိုက်တော့၏။ မိမိတို့အဖွဲ့သည် ကားလေးရှိရာသို့ သွားခဲ့ကြတော့၏။ ကားလေးသည် မိမိတို့ကားပေါ်ရောက်သည်နှင့် ၀ူးကနဲမောင်းထွက်တော့သည် အချိန်ကား ၇ နာရီထိုးပြီးကာစမို့ ဘန်ကောက်မြို့တော်၏ အသွားအလာကားသည် ရှင်းလျှက် ရှိသည်။ ဆွမ်းခံကြွနေကြသော ဘုန်းတော်ကြီးများ ဆွမ်းလောင်းရန် အရန်သင့်ပြုလုပ်နေသော ဒကာမများ အတော်များများတွေ့ရှိခဲ့သည် တချို့ ကျမ္မာရေးအရ လမ်းလျှောက်နေသော အဖိုးအဖွားများ လက်ချင်းတွဲကာ တဦးကိုတဦးဖေးမလျှက်နဲ့တွေ့မိ၏။ ကားကလေးသည် အရှိန်ပြင်းစွာမောင်းနှင်လျှက် ရှိသည်။ မကြာခင် ဘန်ကောက်မြို့၏ (၅)ဆက်မြောက် ဘုရင်နန်းတော်သို့ ၀င်ရောက်လေ့လာခဲ့ကြသည်။ အို့..၀င်ကြေး ဘတ် ၁၀၀ ဟူသတတ်။ ရောက်လက်စနဲ့မို့ အများဆန္ဒအတိုင်း အားလုံးဝင်ရောက်ခဲ့ကြသည်။ နာရီဝက်ကျော်ကျော်ကြာခဲ့သည်။ ဘုရင့်နန်းတော်နေရာမှာမူ ခမ်းနားစွာတွေ့မြင်လျှက် ၀န်ထမ်းအမျိုးသမီးငယ် ၂ ယောက်သည် ရှင်းပြခဲ့၏။ နိုင်ငံခြားသားလည်း အတော်တွေ့ရှိခဲ့သည်။ ထိုမှဆက်လက်၍ အယုဒ္ဓယမြို့သို့သွားရောက်ခါ ဘုရားသွားဖူးကြသည်။ ပါးစပ်ရာဇ၀င်တွေ ပြောသံကြားခဲ့ရသည်။ ဘုရားပုထိုးတို့သည်လည်း သင်္ခါရသဘောအရ ဟောင်းမြေ့ ပျက်စီးခဲ့နေကြပြီ။ သို့သော် ဘုရားဖူးသူတော်စဉ်တွေမှာတော့ ပြည့်ကျပ်လို့နေတယ်ပေါ့။ ဘုရားပရိဝုဏ်အတွင်းလှည့်လည်ပြီး ဖူးမျှော်မိသည် အပေါ်ဆုံးထပ်ထိ တတ်ရောက်ခဲ့သည် ။ဘုရားပုံတော်ကိုရွှေများချလျှက် လူအတော်များများတွေ့ရသည် ရာသီဥတုသည် ပူလောင်နေသည်။ ချွေးသီးများပြိုင်ပြိုင်ကျလျှက် သို့သော် လူတိုင်းရဲ့ မျက်နှာတိုင်းမှာ အပြုံးတို့ဖြင့်ဝေဆာလျှက်တွေ့နေရသည်။မိမိတို့လည်း ထိုမှနေ့ဆွမ်းဘုဉ်းရန်အချိန်ရောက်နေပြီမို့ ရေပေါ်ဈေးသို့ ကားသမားသည် မောင်တော့၏။ ပထမဆိုင်တွင် ၀က်ချေတောက်စသည်တို့သာ ရောင်း၍ အဆင်မပြေ နောက်တနေရာသို့ ရောက်ပြန်တော့ ၀က်သားတွေ ပြုတ်လျှက်တွေ့ရှိရသည်။ မိမိသည် အစားဂျီးများတတ်၍ ထိုနေ့အဖို့ ၁၀၀ ဘတ်ကို မုန့်၃ ထုတ်ရသော မုန့်ဖြင့် အဆင်ပြေလိုက်ရသည်။ ဘေးတနေရာ၌ ကော်ဖီဆိုင်တွေ့၍ ကော်ဖီမှာသောက်သည် အို့..စင်္ကာပူလေဆိပ်ကဲ့သို့ ခါးအန်လန်ထွက်နေသော ကော်ဖီမို့ သောက်လို့အဆင်မပြေခဲ့ တငုံသာငုံပြီး ဆက်မသောက်ခဲ့တော့ မုန့်နဲ့ရေနဲ့ မျှောချလိုက်ရတော့၏။အားလုံးအတွက်နေ့ဆွမ်းစာကို ဦးခေမာဝံသ(ထိုင်း) ဂိုက်မှ ကပ်လှူသည်။ ပြီးသည်နှင့်ရေပေါ်ဈေးသို့ ဗဟုသုတ လျှောက်ကြ၏ ရေပေါ်ဈေးဆိုသည့်အတိုင်း တချို့လှေများဖြင့် ကန္နားကပ်လျှက်ရောင်းနေသော လူအချို့နှင့် ရေပေါ်မှာ ဈေးဆိုင်များတည်လျှက် ဆိုင်ခန်းများဖွင့်လျှက်ရောင်းချကြသည်။ စည်ကား၏။ သာယာ၏။ ခပ်လှမ်းလှမ်းတနေရာမှာတော့ ဆင်များဖြင့် သွားလိုသောနေရာများကို အမှတ်တရစီးနိုင်ရန်စီစဉ်ထားသည်ကိုတွေ့ရှိနိုင်၏။ ရေပေါ်ဈေးတွင် အမှတ်တရပစ္စည်းများတွေ့၏။ သို့သော် မ၀ယ်မှိခဲ့။ ထိုနေ့အဖို့ ရေပေါ်ဈေးတွင် ဗဟုသုတအဖြစ် မြန်မာဘုန်းတော်ကြီများလှည့်လည်ကြည့်ရှုနေကြသည်ကို အထူးအဆန်းဖြင့် လူတိုင်း၏ အမြင်အာရုံတို့သည် မိမိတို့အပေါ်ကျရောက်လျှက်။ ထိုရေပေါ်ဈေးကို လှည့်ဘည်ကြည့်ရှုပြီး ဘုရားဖူးရန်တနေရာသို့ သွားရောက်ခဲ့သည်။ အမိမြန်မာပြည် ပုဂံဘုရားများကို အစဉ်သတိရအောက်မေ့လျှက် ပုဂံဘုရားများကဲ့သို့ပျက်စီးနေသော ဘုရားပုထိုးများမြင်တွေ့နိုင်သည်။ ဒီနေရာမှာ ထူးခြားချက်တခုရှိ၏။ သစ်ပင်ထဲမှ ဘုရားဦးခေါင်း ထွက်နေသော ပုံမှာ ထူးဆန်းသကဲ့သို့နှယ်။ ထိုနေရာ မှာ ဓါတ်ပုံရိုက်လိုသော် ဒူးကိုထောက်လျှက်၎င်း.ထိုင်လျှက်၎င်း ရိုက်ရသည် ဤကားဒေသခံတို့၏ စည်းကမ်းတည်း။ ဘုရားပရိဝုဏ်အတွင်းလှည့်လည်ကာ ဖူးမျှော်ကြည်ညိုကြသည်။ နိုင်ငံခြားဧည့်သည်တို့သည်လည်း နေရာတိုင်းမှာတွေ့ရှိလျှက် မိမိတို့အဖွဲ့ ထိုနေရာမှ ထွက်ခွာခဲ့သည်။ ကားစမားမြန်မာဒကာ(ဦးစောစော) ဆိုသူသည် ကားပေါ်မှနေ၍ ရှေးအစဉ်လာတုံးက မြန်မာတို့တိုက်ပွဲဝင်ခဲ့သောနေရာများ နှင့် ရှင်ဘုရင်နန်းတော်ဟောင်းနေရာများ လိုက်လံပြသသည်။ အချို့နေရာများတွင် စေတီအဟောင်းအပျက်အစီးများတွေ့ရှိခဲ့သည်။ (ထိုင်းတို့သည် မြန်မာမှန်ရင် အလွန်မုန်းတီးကြသည်ဟု ပါးစပ်ရာဇ၀င်တို့ကြားဘူးခဲ့သည်။ အမှန်စင်စစ်မှာ အမုန်းရဲ့နောက်ကွယ်မှာ ကြောက်ခြင်းသာဖြစ်နိုင်သည်။ ယိုးဒယားတွေဟာ မြန်မာတွေကို မုန်းတီးသလို မသိစိတ်ထဲကနေ လေးစားကြောက်ရွံ့စိတ် ရှိတယ်လို့ ကြားဖူးပါတယ်။ စိတ်ပညာရှင်တွေရဲ့ အဆိုအရလည်း ကိစ္စတစ်ခုကို လိုတာထက်ပိုပြီး ခါးခါးသီးသီး မုန်းပြ ဆန့်ကျင်ပြတာဟာ မသိစိတ်က ကြိတ်ပြီး ကြောက်တာ ကြည်ညိုတာလို့ ဆိုနိုင်ပါတယ်။ )ထိုမှဆက်လက်၍ အယုဒ္ဒယမြို့တော်၏ ကျက်သရေဆောင် တက္ကသိုလ်ကြီးသို့ ဗဟုသုတအဖြစ်လေ့လာရန် (၄င်းတက္ကသိုလ်တွင် တတ်ရောက်ပညာသင်ကြားနေသော ဦးဇင်းချောချောလေး ဦးဝိသုဒ္ဒ မှ တက္ကသိုလ်ကြီး၏ အဓိကနေရာများကို လိုက်လံပြသပေးသည်။သိမ်ကျောင်းတွေ ကျောင်းသားနေရာအဆောင်များ စာသင်ခန်းများ စသည်စသည်တို့ လိုက်လံပြသသည်။ ) ၄င်းတက္ကသိုလ်ကြီး မကြာမီက ရေများဖျက်စီးလို့ ပျက်စီးခဲ့ရသည်ဟူ၏။ တက္ကသိုလ်၏ပရိဝုဏ်သည် ကျယ်ပြန့်၏။ ရွှေမြန်မာတို့ တတ်ရောက်ပညာသင်ကြားနေကြသည်မှာ အပါး ၁၀၀ခန့် ရှိသည်ဟု ကျောင်းသားဦးဝိသုဒ္ဒ မှပြောပြသည်။ အဆောက်အဦးတို့သည်လည်း ခန့်ညားလျှက် တွေ့ရသည်။ ကျောင်းသားများအဆောင်သည်လည်း ၄ ပါးတခန်းထားသည်။ အင်တာနက်စသည်တို့လည်းဖရီးရသည်ဟုဆိုသည်။ အဆောက်အဦးကြီးများမှာလည်း ဆက်လက်လုပ်ဆောင်လျှက်ရှိသည်။ ခေတ်မှီသည်။ သိမ်ကျောင်းကြီး၏ လုပ်ဆောင်မှုဖွဲ့သည်းထားမှုသည် အပြင်မှကြည့်သော် ခပ်ကျဉ်းကျဉ်းဟု ထင်ထားခဲ့သည် သို့သော် မြေတိုက်ခန်းများ စသည်တို့ လုပ်ဆောင်ထားခြင်းမှာ အလွန်ကောင်းမွန်လှ၏။ ဦးဝိသုဒ္ဒမှလည်း သူ့တက္ကသိုလ်ကြီး၏ ကျယ်ဝန်းပုံကိုချီးမွမ်းခန်းဖွင့်နေသည်မှာ အံ့သြစရာကောင်းလှ၏။ မကြာမီ ဘယ်လို ပရော့ဂျက်တွေ လုပ်အုံးမှာ ဘာညာနဲ့ ရေပတ်မ၀င်ပြောနေတော့၏။ တခါတရံ အရွှန်းဖောက်ရယ်စရာလေးများနှောလို့ အပူဒဏ်ကို သတိမထားမိခဲ့။ အပြင်မှာတော့ နေပူရှိန်သည် ပူမြဲပူလျှက် သို့သော် ဘ၀အပူကို အေးမြအောင် အရွှန်းဖောက် ပြောဆိုတတ်သော အယုဒ္ဒယမြို့ တက္ကသိုလ်ကျောင်းသားတယောက်ဦးဝိသုဒ္ဒ ဆိုသော ဦးဇင်းလေးကိုတော့ အမှတ်တရ မှတ်တမ်းတင်မိသည်။ အပြန်လမ်းတွင် မိမိတို့ ဂိုက်(ဦးခေမာဝံသ)မှလည်းရယ်စရာများဖြင့် ပြောဆိုလျှက် ကားပေါ်ရှိ မိမိတို့ အားလုံး သံပြိုင်ရယ်လျှက် ကားလေးမှာတော့ သူ့တာဝန်ကျေအောင် မောင်းနှင်လျှက် ကားပေါ်မှ မိမိတို့ အပျော်များဟာ အယုဒ္ဒယမြို့တော်သူ/သားများ သိပါလေစ။ ကားကလေးသည် အရှိန်ပြင်းစွာ မိမိတို့နေထိုင်သော ၀ပ်တလုံးကျောင်းတော်ဆီသို့ မောင်းနှင်လျှက်  အယုဒ္ဒယမြို့တော်၏ ကားလမ်းမပေါ်မှာ အပြုံးပန်းတို့ဖြင့် ရယ်စရာများ ပြောရင်း ရယ်ရွှင်သံများသည် အယုဒ္ဒယမြို့ ကားလမ်းမတလျှောက်ဝယ် ပျံ့နှံ့၍ ပျံ့နှံ့၍  မိမိသည် ပြင်ပမှ ရှုခင်းများကိုကြည့်ရင်း..အယုဒ္ဒယမြို့တော်ဟာ တကယ်တော့ အမိမြန်မာပြည်နှင့် ခပ်ဆင်ဆင်ပါလားဟု. တွေးရင်း

အယုဒ္ဒယမြို့အမှတ်တရ ဓါတ်ပုံများ

အယုဒ္ဒယမြို့တက္ကသိုလ်ကြီးထဲဝယ်

တက္ကသိုလ်၏ ပင်မအဆောင်ရှေ့ဝယ်အမှတ်တရ

wat mathat ဘုရားတွင်လည်း

တက္ကသိုလ်ကြီး၏ သိမ်အောက်ထပ်တွင်

ရေပေါ်ဈေးထဲမှာလည်း

ရေပေါ်ဈေးတနေရာတွင်





ရှင်ဘုရင်နန်းတော်ထဲမှာလည်း






Sunday, April 29, 2012

"ကမ္ဘာမှာဦးခေါင်းအကြီးဆုံး ကလေးငယ်"

"အစိန္တိတမ္ပိ ဘ၀တိ စိန္တိတမ္ပိ ၀ိနဿတိ။ နဟိစိန္တာ မယာ ဘောဂါ ဣတ္တိယာ ပုရိသဿဝါ။ လို့ ဘုရားဟောပါဠိတော်တွေမှာရှိတယ်။ မကြံစီသော်လည်း ဖြစ်တတ်တယ်တဲ့။ ကြံစီသော်လည်းပျက်တတ်တယ်ပေါ့။ ယခုခေတ်သည် အရင်အရင်ခေတ်တွေနှင့်မတူညီတော့ချေ။ ယခုခေတ်ကြီးသည်လည်း နောင် ၂၁ရာစုခေတ်နောက်ပိုင်းမှာလည်းမတူညီနိုင်တော့။ ခေတ်သည် ပြောင်းလဲနေချေပြီမို့ ၀ိဥာဏက အ၀ိဥာဏက သက်ရှိ သက်မဲ့တို့သည်လည်း ရာသီအလိုက်ပြောင်းလွဲလာနိုင်သည်သာ။ အထူးအဆန်တို့သည်လည်း ဖြစ်ပေါ်လာနေပြီ။ ယနေ့ခေတ်သည် ကွန်ပြူတာ အင်တာနက်မှ ရှာလိုသော အကြောင်းအရာတို့မိနစ်ပိုင်းအတွင်း ရယူနိုင်သည်။ ယခု အိုင်းဖုန်း အိုင်ပတ်တို့ဖြင့် ယူဆောင်လွယ် သယ်ဆောင်လွယ်သော လက်တ၀ါးသာသာဖြင့် ပေါ်နေချေပြီ။စင်္ကာပူနိုင်ငံသည် သွားလိုသောနေရာကို အိုင်းဖုန်းဆိုသော လက်တ၀ါးခန့်လေးဖြင့် မြေပုံကြည့်၍ သွားလာနေကြရသည်။ ပြောင်းလဲလာကြသည်။ ထူးဆန်းလို့လာကြသည်။ မိမိအနေနဲ့ တောသားလို့ ဆိုပါက စိတ်မဆိုးတတ်။ အမှန်စင်စစ် စင်္ကာပူနိုင်ငံရောက်စဉ်က သွားလိုသောနေရာကို လက်ထဲရှိ ဖုန်းလေးဖြင့် ကြည့်၍ သွားလာသည်ကို မြင်ခဲ့ဘူး၍ အထူးအဆန်းဖြစ်ခဲ့ရသည်။ တယ်လဲ ခေတ်မှီနေကြပါလား လို့ တောသားတယောက်အတွေးဖြင့်တွေးမိခဲ့သည်။ သူများကိုင်လို့ ကိုင်ချင်မိ၏။ ဈေးများကပ်ထားသည် တွေ့လိုက်ရသည်ကား ဒေါ်လာ ၁၀၀၀ ကျော်တဲ့ အမလေး မကပ်ဝံ့ ခေါင်းကုတ်ကာ နောက်ပြန်လှည့်ခဲ့ရ၏။ ခေတ်၏ ပြောင်းလဲမှုသည် လိုက်၍ မမှီနိုင်တော့ချေ။ ယခုလဲကြည့် ကမ္ဘာ မှာခေါင်းအကြီးဆုံး ကလေးငယ်တယောက် အင်တာနက်မှာတွေ့မိ၍ ဗဟုသုတအဖြစ် တင်ပြလိုက်ပါတယ်။ သူ၏ မိဘဆွေမျိုးသားချင်းတို့သည် ခေါင်းကြီးပါစေ လို့လဲ ဆုတောင်းမှုမပြုခဲ့ချေ။ ခေတ်၏ ပြောင်းလွဲမှု တို့သည် မယုံကြည်နိုင်လောက်အောင် ထူးဆန်းနေ၏။ ကလေးငယ်အဖို့ ကျမ္မာစေရန် ဆုတောင်းမေတ္တာပို့ပေးရုံမှတပါး ဘာမှတော့မတတ်နိုင်ခဲ့ချေ။ ကံကောင်းချင်းတွေပိုင်ဆိုင်နိုင်ပါစေလို့။






နိုင်ငံရပ်ခြားတိုင်းတပါးသို့ ရောက်ရှိကြသော ရွှေမြန်မာတို့သတိပြုသင့်သည်"

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၏ အပူရှိန်သည် အတော်ကိုပူပြင်းလှ၏။ ပိတောက်ပင်ပျိုလေးအောက်ဝယ် စကားဖောင်ဖွဲ့ကာ မြန်မာရဟန်းတော်များသည် အပူရှိန်ကို အံတုလျှက်ရှိကြသည် ။ရေချိုးလဲခဏတာပဲအအေးဓါတ်ရသည် ပြိးလျှင်ပြန်ပူတတ်မြဲမို့ အင်တာနက်စာမျက်နှာကို လှန်လှောကာကြည့်နေမိသည်။ နိုင်ငံရပ်ခြားတိုင်းတပါးတွင် စီးပွားရေးအရ နေထိုင်လုပ်ကိုင်နေကြသော ရွှေမြန်မာတို့သန္တာန်မှာ အသိတရားလေးတွေရစေဘို့ မွှေနှောက်ရှာပြီး  လူမရောက်နိုင်တဲ့နေရာ စာရောက်နိုင်တယ် လို့ အဆိုရှိထားသည်မို့ မိမိမရောက်နိုင်သောနေရာလေးတွေမှာ စာလေးနဲ့ ရွှေမြန်မာတို့အား အသိပေးပြောပြလိုက်ပရစေ။လို့ သမ္မာဆန္ဒလေးနဲ့ထပ်တူ ရွှေမြန်မာတို့ ရင်ထဲမှာ အသိတရားလေးတွေ ရှိနိုင်ကြစေရန်ရည်သန်လျှက်
 မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့် သောကြာနေ့တွင် ဂေါတမမြတ်စွာဘုရား အလောင်းတော်ကို မီးရှူးသန့်စင်ဖွားမြင်တော်မူခဲ့ပြီး မဟာ သက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ မိုးသောက်ယံတွင် အာသဝေါတရားတို့ အလုံးစုံကင်းစင်၍ လောကသုံးပါးတွင် အတုမရှိသော သဗ္ဗညူဘုရားအဖြစ်သို့ ရောက်တော်မူပါသည်။ ဘုရားအဖြစ် ရောက်တော်မူပြီးသည့်နောက် ၄၅ ဝါ ကာလပတ်လုံး သတ္တဝါတို့၏ အကျိုး စီးပွားကို မနားမနေဆောင်ရွက်တော်မူပြီး သက်တော် (၈၀) အရွယ် မဟာသက္ကရာဇ် ၁၄၈ ခု၊ ကဆုန်လပြည့် အင်္ဂါနေ့တွင် ပရိနိဗ္ဗာန် စံဝင် တော်မူခဲ့ပါသည်။
သုံးလောကထွဋ်ထား ဗုဒ္ဓမြတ်စွာဘုရားသည် မိမိတစ်ဦးတည်းလွတ်မြောက်ရာ နိဗ္ဗာန်ချမ်းသာကိုရယူနိုင်ပါလျက် သံသရာဆင်းရဲ ဒုက္ခဝဲထဲ တွင် နစ်မွန်းနေကြကုန်သော သတ္တဝါဝေနေယျအပေါင်းတို့ကို ကယ်တင်လိုသည့် မဟာဂရုဏာတော်ကြောင့် လေးသင်္ချေနှင့် ကမ္ဘာတသိန်း ပတ်လုံး ဘဝပေါင်းများစွာ မရေမတွက်နိုင်အောင် အကြိမ်ကြိမ်အဖန်အဖန် မွေးလျက် သေလျက် ပါရမီတို့ကိုဖြည့်ကျင့်ခဲ့ရသည်။ ဘုရား အလောင်းတော်၏ နောက်ဆုံး သိဒ္ဓတ္ထမင်းသားဘဝတွင် စင်္ကြာဝတေးမင်းအဖြစ်နှင့်တကွ အလုံးစုံကိုစွန့်လွှတ်၍ မွေးခြင်းနှင့် သေခြင်းတို့ ကို အဆုံးသတ်နိုင်မည့်လမ်းကို ရှာဖွေခဲ့တွေ့ရှိခဲ့သည်။
ဂေါတမမြတ်စွာဘုရားရှင်၏ နောက်ဆုံးမွေးနေ့၊ မွေးခြင်းသေခြင်း ဒုက္ခခပ်သိမ်းတို့ချုပ်ရာလမ်းမှန်ကို ရှာဖွေတွေ့ရှိသည့်နေ့နှင့် နောက်ဆုံး သေနေ့ (ပရိနိဗ္ဗာန်စံတော်မူသည့်နေ့) ဖြစ်သော ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် နေ့ထူးနေ့မြတ်များထဲမှ တစ်ရက်ဖြစ် ပါသည်။
ဗုဒ္ဓဘာသာဝင်တို့သည် ဆင်းရဲခြင်း၊ ဆင်းရဲရခြင်းအကြောင်း၊ ဆင်းရဲခြင်းမှလွတ်လမ်းနှင့် အလုံးစုံသောဆင်းရဲတို့မှ အပြီးတိုင်လွတ်မြောက် ခြင်းဟူသော အကြွင်းမဲ့အမှန်တရားသစ္စာလေးပါးကို နားလည်လက်ခံသူများဖြစ်ကြပါသည်။
ဗုဒ္ဓမြတ်စွာ သာ မပွင့်ပေါ်ခဲ့ပါလျင် ထိုအမှန်တရားများကို မသိနိုင်၊ လွတ်လမ်းလည် မသိ လွတ်မြောက်ဖွယ်လည်း မရှိ။ ယနေ့ကမ္ဘာပေါ်တွင် လူအပေါင်းတို့ လက်ခံယုံကြည်ကိုးကွယ်ရာ အမျိုးမျိုးသောဘာသာကြီးများ၏ ကျင့်သုံးလိုက်နာဖွယ် အခြေခံဆုံးမသွန်သင်မှုများမှာ အများ အားဖြင့်တူညီကြပါသည်။ သို့သော် အကြွင်းမဲ့အမှန်တရားလေးပါးကို ပြသနိုင်သော၊ မှန်မမှန် မိမိကိုယ်တိုင်ဝေဖန်ဆန်းစစ် ခွင့်ရှိသော၊ မည် သူမဆိုလည်း ဝေဖန်ဆန်းစစ်နိုင် စစ်ဆေးနိုင်သော ခိုင်ခိုင်မာမာ အစမ်းသပ်ခံနိုင်သည့် တစ်ခုတည်းသောဘာသာကား ဗုဒ္ဓဘာသာတည်း။
ဗုဒ္ဓဘာသာဝင်ဟုဆိုလိုက်သည်နှင့် ဘုရား၊ တရား၊ သံဃာရတနာမြတ်သုံးပါးကို ကိုးကွယ်ရာဆည်းကပ်ရာဟု အကြွင်းမဲ့ယုံကြည်သူ၊ တ နည်း သရဏဂုံတည်သူဟု မှတ်ယူရပါသည်။ ရတနာမြတ်သုံးပါးကို ဆည်းကပ်ကိုးကွယ်ခြင်းသည် လမ်းမှန်ကိုလျှောက်လှမ်းခြင်းမည်၍ လက်ငင်းကောင်းကျိုးချမ်းသာဖြစ်စေသလို သံသရာဝဋ်ဆင်းရဲအပေါင်းမှ မုချလွတ်မြောက်ရာဖြစ်သည်ဟု မိမိကိုယ်တိုင်မမှိတ်မသုံ ယုံကြည် ၍ ကိုးကွယ်ခြင်းသာဖြစ်ရပါသည်။ ဗုဒ္ဓသည်လည်းကောင်း၊ ဗုဒ္ဓဝါဒသည်လည်းကောင်း၊ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ခြိမ်းခြောက်၍၊ တ ဦးတယောက်၏ သြဇာအာဏာလွှမ်းမိုးစေ၍၊ ရာထူး စည်းစိမ် ရွှေငွေ လာဘ်လာဘပေး၍ ဘာသာမဝင်ခိုင်းပါ။
မြန်မာနိုင်ငံသားအများစုသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြ၍ မိဘဘိုးဘွားအစဉ်အဆက်ဘာသာအဖြစ် ဗုဒ္ဓဘာသာကိုးကွယ်ကြသူများက အ များစုဖြစ်ကြပြီး အမှန်တရားကို ရှာဖွေစမ်းသပ်တွေ့ရှိကာ ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်လာသူဘာသာခြားများလည်း ရှိပါသည်။ မြတ် စွာဘုရား၏သားတော် သံဃာတော်အရှင်သူမြတ်အပေါင်းတို့သည် ကမ္ဘာအရပ်ရပ်သို့လှည့်လည်၍ အခက်အခဲများကြားမှ ဗုဒ္ဓမြတ်စွာ၏ တ ရားတော်များကို ပြန်လည်ဟောပြောပြခြင်း၊ လမ်းမှန်ကိုညွှန်ပြပေးခြင်း၊ သစ္စာလေးပါးတရားတော်ကို ထင်ရှားနားလည်အောင် သင်ကြားပေး ခြင်းတို့သာပြုကြပါသည်။ မည်သည့်ဘာသာဝင်ကိုမျှ မည်သည့်ဆွဲဆောင်မှုနှင့်မျှ ဗုဒ္ဓဘာသာသို့ သွတ်သွင်းခြင်းမပြုကြပါ။
မြန်မာနိုင်ငံသာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှထုတ်ဝေသော ဗုဒ္ဓဘာသာကောင်းတစ်ယောက် ကျမ်းစာအခန်း (၄) ဗုဒ္ဓဘာသာ အဖြစ်မှ ပျက်ဆီးပုံအခန်းတွင် လောကီသရဏဂုံတည်ခြင်း (၄) မျိုးကို မိမိကိုယ်ကို ရတနာသုံးပါးအား အပ်နှင်းခြင်း၊ မိမိကိုယ်ကို ရတနာ သုံးပါးသာလျှင် ကိုးကွယ်လဲလျောင်းရာရှိသည်၏ အဖြစ်ကိုပြုခြင်း (ဝါ) ရတနာသုံးပါးအပေါ်လုံးဝအားကိုးထားခြင်း၊ မိမိကိုယ်ကို ရတနာသုံး ပါး၏ တပည့်အဖြစ်ခံယူခြင်းနှင့် ရတနာသုံးပါးအားဝပ်တွားခယ မိမိကိုယ်ကိုနှိမ့်ချ၍ အလွန်ရိုသေသောအခြင်းအရာကိုပြသခြင်းဟု စကား ပြေဖြင့် ရှင်းလင်းဖေါ်ပြထားပါသည်။
ရတနာသုံးပါးမှ တပါးသောပုဂ္ဂိုလ်တို့၌ သီလ၊ သမာဓိ၊ ပညာဂုဏ်ကြီးမြတ်မှုကိုရည်မှတ်လျှက် အထက်ဖေါ်ပြပါ လောကီသရဏဂုံ (၄) မျိုး ကိုပြုလုပ်လျှင်သော်လည်းကောင်း၊ သရဏဂုံဆောက်တည်ထားသူ သေဆုံးလျှင်သော်လည်းကောင်း သရဏဂုံလုံးဝပျက်စီးသည်ဟုလည်း ဖေါ်ပြထားပါသည်။
နိုင်ငံရပ်ခြားတွင် အကြောင်းကြောင်းနှင့်ရောက်ရှိနေထိုင်ကြကုန်သော မြန်မာနိုင်ငံသားအများစုမှာလည်း ဗုဒ္ဓဘာသာဝင်များဖြစ်ကြ၍ ဘု ရား၊ တရား၊ သံဃာကို အလွန်တမ်းတရသူများဖြစ်ကြပါသည်။ ဥပမာတစ်ခုပြရပါလျင် မိဘနှင့်အတူနေစဉ်က အလေးမထားမိခဲ့သော သွန်သင်ဆုံးမလမ်းညွှန်မှုများကို ဝေးနေသောအခါမှ အတကြီးတရသလိုပင်။ ဗုဒ္ဓတရားများ အဆုံးအမများသည် သံသရာလွတ်ကြောင်း သာမက လောကီကိစ္စအဝဝတွင် အံဝင်ခွင်က သော အဆုံးအမများဖြစ်ကြောင်း မငြင်းနိုင်ကြပါ။ ပညာကြီးလေ ဝေဖန်ပိုင်းခြားနိုင်စွမ်းမြင့် လေ၊ ဗဟုသုတများလေ ဗုဒ္ဓဘာသာ၏ စစ်မှန်သောတန်ဖိုးကို သိလေ လက်ခံလေ ဖြစ်တော့သည်။
ဤတွင် တမြေရပ်ခြား၌ မိမိတို့၏ဘဝကံအကြောင်းအားလျော်စွာ ပညာနည်းရှာသဖြင့် ကာယခွန်အားနှင့် အသက်မွေးကြရသူများ၊ အ လယ်အလတ်မျှသောပညာဖြင့် ထိုက်သင့်စွာအလုပ်လုပ်ကြသူများ၊ အသိအမှတ်ပြုဘွဲ့ အဆင့်မြင့်ဘွဲ့ စသည်တို့ဖြင့် ပညာသည်အဆင့် ဂုဏ်ရှိစွာ တာဝန်ထမ်းဆောင်နေသူများအနက် ပညာရှင် ဗုဒ္ဓဘာသာဝင်တို့ သရဏဂုံပျက်ခြင်းသည် ရင်နာဖွယ်အကောင်းဆုံးဖြစ်ပါတော့ သည်။
အချို့သောနိုင်ငံများတွင် မိမိတို့နှင့် ယုံကြည်ကိုးကွယ်မှုတူသော နိုင်ငံခြားသားများကို အခွင့်အရေးခံစားမှုများ ပိုပေးတတ်သည်မှာ မငြင်းနိုင် သော အချက်ဖြစ်ပေသည်။ သို့သော် အများနှင့်သက်ဆိုင်သော အခြေခံ ခံစားခွင့်များကတော့ စာချုပ်ပါအတိုင်း အားလုံးသောပညာရှင်များ ခံစားရရှိကြပါသည်။ ကျေနပ်သင့်ပါသည်။ ဥပမာ မြန်မာနိုင်ငံဖွား မြန်မာနိုင်ငံသား မိဘအစဉ်အဆက် အစ္စလမ်ဘာသာဝင် ပညာသည် တစ်ဦးသည် မလေးရှားကဲ့သို့ အစ္စလမ်ကိုးကွယ်သည့်နိုင်ငံတွင် ပိုပြီးအခွင့်အရေးရသည်မှာ အံ့သြဖွယ်မဟုတ်သလို အားကျဖွယ်လည်း မဖြစ်သင့်ပါ။ သူ၏မွေးရာပါ ဘာသာကိုးကွယ်မှုနှင့် သူရသင့်သောအခွင့်သာဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင်တို့အဖို့ မိမိတို့ပညာနှင့် ထိုက်တန် စွာရထားသည့် ရာထူးလစာအတွက်၊ မိမိနိုင်ငံနှင့် မိမိလူမျိုးဂုဏ်အတွက် မြန်မာနိုင်ငံသားတစ်ယောက်၏ တာဝန်ကျေပွန်မှု အရည်အချင်းရှိမှု တို့ကိုပြသရန်သာ အရေးကြီးဆုံးဖြစ်ပါသည်။
နိုင်ငံခြားရောက်ပညာသည်တို့သည် ယေဘုယျအားဖြင့် အသက် (၄၀) နှစ်ဝန်းကျင်နှင့် အထက်များသာဖြစ်ကြပါသည်။ အနည်းဆုံး လော ကီဘွဲ့ တစ်ဘွဲ့မှ ၂ ဘွဲ့ ၃ ဘွဲ့အထိလည်း ရရှိကြပြီးသူများ ဖြစ်ကြပါသည်။ မိမိတို့ထက် အသက်ငယ်သူများ၊ မိမိတို့လို ပညာရှင်အဆင့်လစာ ဝင်ငွေနှင့်ခံစားခွင့် မရကြရှာသူများ၊ ကာယအားဖြင့်ပင်ပန်းစွာ ရှာဖွေနေကြရသူများက ရှားရှားပါးပါး တရားစခန်းများ တရားပွဲများ ကျင်းပနိုင် ရေး ကြိုးပမ်းကြ တရားထိုင်ကြ၊ မိမိတို့နေထိုင်ရသည့်နေရာအလိုက် ဗုဒ္ဓပုံတော်နှင့် သောက်တော်ရေချမ်းခွက်ကို နေရာရသလို အထွဋ်အ ထိပ်တင်၍ ကိုးကွယ်ဆည်းကပ်ကြစဉ် ကာယအားဖြင့်မပင်မပန်းဘဲ လစာအားဖြင့်လည်းပိုရကြသော ပညာရှင်အချို့က ပုံမှန်ထက်ပိုသော အခွင့်အရေးအတွက် ဒီအသက် ဒီအရွယ်ထိ ကိုးကွယ်ရာဟုဆည်းကပ်ခဲ့သော ဗုဒ္ဓဘာသာကိုစွန့်လွှတ်၍ ထိုဘာသာသို့ပြောင်းကြသော အခါ … ။ သားသမီးများ ငယ်လို့ရူးတဲ့မိုက်တဲ့အရွယ်မို့၊ ပညာတွေ ဆင်ခြင်တုံတရားတွေ မပြည့်ဝသေးလို့၊ အချစ်ကိုသာ ကိုးကွယ်ရာမှတ်လို့၊ ဘာသာမတူသူနှင့် ခိုးရာလိုက်ပြေးတော့ မိဘများရင်ကွဲရပါတယ်လို့ ပြောလေ့ ဖွင့်ဟလေ့ရှိပါတယ်။
အဲဒီပညာသည်တွေအတွက်တော့ ဖွင့်ဟစရာစကားလုံး ရှာမရနိုင်ပါ။
သရဏဂုံပျက်သွားသူများအတွက်တော့ သူပြုသည့်ကံ သူနှင့်သာသက်ဆိုင်တာမို့ ဥပက္ခာပြုရပါသော်လည်း အခြားသော မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်များအတွက် စိုးရိမ်မိပါသည်။ ဗုဒ္ဓဘာသာဆိုင်ရာစာပေများ၊ အဆုံးအမများ၊ တရားတော်များကို လေ့လာဖတ်ရှုနိုင် နာကြား နိုင်သော ဘာသာရေး ဝက် (ဘ) ဆိုက်များနှင့် အလှမ်းဝေးနေသူများ လေ့လာဖို့အချိန်မရသူများ၊ ငယ်ရွယ်ပြီး နိုင်ငံခြားအတွေ့အကြုံ နည်း သေးသူများ၊ အတွေ့အကြုံပညာများသော်လည်း လောဘကြောင့် အမြီးဖြတ်ဖို့သွေးဆောင်ခြင်းခံရနိုင်သူများ သတိရှိကြစေချင်ပါတယ်။
မျက်စိစုံမှိတ်၍ ဗုဒ္ဓဘာသာလုပ်ကြပါလို့ ဗုဒ္ဓဘာသာမှကောင်းပါတယ်လို့မအော်ပါ။ ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးများ၏ ကျမ်း စာများ၊ မြန်မာနိုင်ငံသာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှထုတ်ဝေသော ဗုဒ္ဓဘာသာလက်ဆွဲကျမ်းများ၊ ဗုဒ္ဓဘာသာကို အခြေခံမှ စ၍ အလွန်နားလည် လွယ်အောင် ဟောပြောတော်မူကြသည့် တရားတော်များကို ကိုယ်တိုင်လေ့လာဖတ်ရှုနာကြားမှ သိကြပါလိမ့်မည်။ သာသနာပြုသူ သာသနာစောင့်ရှောက်သူ တရားလှူသူ သူတော်ကောင်းများ၏ကျေးဇူးကြောင့် အင်တာနက်စာမျက်နှာများပေါ်နှင့် ပြင်ပ လောကမှာပါ ယခုအချိန်လောက် ဗုဒ္ဓစာပေတရားတော်များ အလွယ်တကူ ပြည့်ပြည့်ဝဝ ရနိုင်တာမကြုံဘူးသေးပါ။
မြန်မာနိုင်ငံ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှထုတ်ဝေသော ဗုဒ္ဓဘာသာကောင်းတစ်ယောက်ကျမ်းစာ၏နိဒါန်းတွင် ဖေါ်ပြ ထားသော ပညာရှင်ကြီး စလေဦးပုည၏ ယုန်မင်းဝတ္ထုပါစာပိုဒ်ကို ကူးယူဖေါ်ပြရင်း ဤစာစုကို အဆုံးသတ်လိုက်ရပါသည်။
ယခုခါမူ၊ လူလည်းဖြစ်လာ
သာသနာလည်းထွန်းခိုက်၊ အမြိုက်တရား
ဟောကြားမည့်သူ၊လူလည်းမရှား
သို့ပါလျက်သားနှင့်မူ……..
တရားမကြိုက်၊ အမှားကိုကြိုက်ကြလျင်
အမိုက်တကာ့ဗိုလ်မင်း၊ အဖျင်းတကာ့ဗိုလ်ချုပ်
အပါယ်လေးလီ မြစ်နဒီတွင်၊ ပလုံစီမြုပ်လို့
လူယုတ်ကြီးတွေဖြစ်ချိမ့်မည် …။

ကျမ်းကိုး
ခရစ်နှစ် ၂၀၀၅ ခုတွင် မြန်မာနိုင်ငံ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှထုတ်ဝေသော ဗုဒ္ဓဘာသာကောင်းတစ်ယောက် ကျမ်း စာ မှရရှိပါသည်။

Friday, April 27, 2012

ဘန်ကောက်မြို့ မြဘုရားအားဖူးမျှော်ခြင်း




(27.4)ဒီနေ့မှာတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နာမည်ကြီးမြဘုရားသို့ သွားဖူးခဲ့ပါသည်။ ဘုရားသို့ မဖူးခင် မိမိတို့ ထိုင်းနိုင်ငံဗီဇာသည် ၃ လ ရရှိခဲ့သည်။ သို့သော် မနေနိုင်တော့ချေ။ ဘုရားဖူးပြီးတာနဲ့ပြန်ဘို့ ရက်ချိန်လိုက်၏။ မိမိတို့ ပြန်မဲ့ရက်ကား မေလ ၃၀ရက်နေ့ဖြစ်၏။ သို့သော် ၄င်းရက်ထိမနေလိုတော့သည်မို့ မေလ ၃ ရက်နေ့ လက်မှတ်Date ပြန်ချိန်းလိုက်သည်။ အဲယားအေရှ။ တပါးကို ဘတ်ငွေ ၁၈၀၀ ကျော်လောက် ပြန်ပေးလိုက်ရပြန်သည်။ ကိစ္စမရှိသွားလိုသောနေ့ရတာကိုပဲကျေနပ်မိသည်။ ၁၀ မိနစ်ခန့်ပဲ စောင့်ခဲ့ရ၏။ လက်မှတ်အတွက်အဆင်ပြေသွားပြီ မို့ မြဘုရားဖူးရန် ဆက်လက်သွားတော့၏။မြဘုရားပရိဝုဏ်ကို မြင်တွေ့နေရပေပြီ။ ဘတ်ငွေချိန်းရန်ကောင်တာသို့ ၀င်လိုက်မိ၏။ဆိုင်ကပိတ်ထားသည်ဟု မြန်မာဒကာမတယောက်ပြောလို့ သိလိုက်ရသည်။ဆက်လက်၍ ဘုရားဝင်းထဲ ၀င်လိုက်မိသည် ငွေချိန်းနေရာတွေ့ပြီမို့ မလေးရှားပိုက်ဆံ ၁၀၀ နှင့် ဒေါ်လာ ၁၀၀ လဲလိုက်သည် ၃၉၅၁ ဘတ်ရရှိခဲ့သည်။ အခြားသော နိုင်ငံခြားသားများလည်း ငွေချိန်းကောင်တာတွင် ရှုတ်ရှပ်ခတ်လျှက် ရှိသည်။ ဥရောပ နိုင်ငံသားများအတော်များများတွေ့ရသည်။ မြဘုရားစေတီတော်ကို နောက်ခံထားလျှက် အမှတ်တရဓါတ်ပုံများရိုက်သည်။ ထူးခြားသည်ကား ဘုရားပရိဝုဏ်အတွင်း ဖိနပ်များစီးနေကြတာတွေ့ရှိရသည်။ အမိမြန်မာပြည်မှာတွင် ဘုရားပရိဝုဏ် ဖိနပ်စီးခွင့်မရှိခဲ့။ ဘုရားအတွင့်လှည့်လည်ပြီး ဘုရားကိုဖူးမျှော်သည် နိုင်ငံခြားသားများလည်း မိမိတို့မမြင်ကွယ်ယာမှနေ၍ မိမိတို့ မြန်မာရဟန်း ၄ပါးအားဓါတ်ပုံ ခိုးကြောင်ခိုးဝှက် ရိုက်ကြသည်။ မသိလိုက်မသိဘာသာနေခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံမှာရှိတဲ့ အန်ကောဝက် လည်းတွေ့ရှိခဲ့သည်။ မိမိတို့လည်း ကမ္ဘောဒီးယားဘက်သို့ သွားဘို့အစီအစဉ်ရှိသော်လည်း ဗီဇာအခက်ခဲကြောင့် မသွားဖြစ်တော့ပါ။ထို့အတွက်ကြောင့် အန်ကောဝက် နှင့်အတူ အမှတ်တရ ဓါတ်ပုံရိုက်ခဲ့၏။ မြဘုရား အတွင်းသို့ ၀င်ခဲ့ကြသည်။ အထဲမှာဓါတ်ပုံ ဗီဒီယို ရိုက်ခွင့်မပြုချေ။ အထဲတွင် ဆိတ်ငြိမ်လျှက် တရားထိုင်နေကြခြင်း ဘုရားဝတ်ပြုနေကြခြင်းဖြင့် ဘုရားအရိပ်အာဝါသသည် အေးမြစေခဲ့၏။ မိမိတို့ ခဏတာအာရုံပြုပြီးသည်နှင့် အပြင်ပြန်ထွက်ခဲ့သည် ။ ကိုရီးယား အဖွဲ့နှင့် မိမိတို့လိုက်ပို့သောဦးဇင်းနှင့်ပွဲကျနေသည်။ ကိုရီးယားမှ အသက်ခပ်ကြီးကြီး ဒကာတော်သည် ပျော်တတ်၏။ မိမိတို့နှင့်အမှတ်တရ ဓါတ်ပုံရိုက်ကြ၏။ ထိုမှ လက်ပြနှုတ်ဆက်ကာ နေအပူဒဏ်ကြောင့် ရေဆာလာပြီမို့ အမိမြန်မာပြည်ကို အမှတ်ရမိသည်။ ရေဆာသော် ဘုရားရင်ပြင်တော်တွင် ရေသန့်များ ပေါများလျှက် ဘုရားဖူးဓမ္မမိတ်ဆွေတို့အား ဒါနပြုထား၏။ ယခု နိုင်ငံရပ်ခြားတွေမှာ ရေလိုက လာထား င၀ိုင်းနဲ့ ဖြေရှင်းရ၏။ မလေးရှားနိုင်ငံမှာ သင်္ကြန်တရား နာရီဝက်ခန့်အမှတ်တရ ဟောခဲ့သည်။မိမိ ရွှေမြန်မာရဲ့ ချစ်စရာကောင်းပုံလေးကို သက်သေပြကာ ဟောခဲ့သည်။ နိုင်ငံရပ်ခြားတွေမှာ ရေသည် ၀ယ်သောက်ရသည် အမိမြန်မာပြည်မှာဆိုလျှင် ရေဒါန အတော်များများတွေ့ရသည်။ ချစ်စရာနိုင်ငံရွှေမြန်မာလို့ အိမ်ရှေ့တွေမှာ မြို့ရော တောပါ သောက်ရေအို့တို့ဖြင့် မည်သူမဆို သောက်သုံးရန် လှူထားတတ်ကြသည်မှာ ရွှေမြန်မာတို့၏ ချစ်စရာအမူအယာလေးတွေပါ လို့ ဟောပြောခဲ့သည်။ မှန်၏.. မိမိငယ်စဉ်က ကြားဘူးသည် “ ရှိုင်းဟုတ်ကုမ္မဏီ”သည် အမိမြန်မာပြည် ရောက်ရှိလာခြင်းမှာ ပုဂံညောင်ဦးဘုရားဖူး သွားစဉ် သောက်ရေအိုးလေးတွေ တွေ့လို့ ထိုကုမ္မဏီပိုင်ရှင်သည် ဒါ ဘာလုပ်တာလဲ လို့မေးသည် ဟူ၏။ မည်သူမဆို သောက်သုံးရန် အလှူဒါန ရေဒါန ဖြစ်ကြောင်း ဂိုက်မှ ပြောပြသည်ဟူ၏။ သြော်..ဒီနိုင်ငံ(မြန်မာ)က လူတွေက စေတနာအရမ်းကောင်းတာပါပဲလား ဆိုပြီး.ရှိုင်းဟုတ် ဆိုသည့် ကုမ္မဏီသည် မြန်မာပြည်သို့ ရောက်ရှိလာသည်ဟု ရှိုင်းဟုတ်ဝန်ထမ်းတွေမှပြောပြ၍ သိခွင့်ရရှိခဲ့၏။ မှန်၏ မိမိတို့အညာဒေသတွေမှာဆိုရင် တနေရာနှင့်တနေရာ တောရွာဓလေ့သည် ခရီးအကွာအဝေးကို မိုင်, တိုင် စသည်တို့ဖြင့်သုံးနှုံးကြ၏။ တရွာနှင့်တရွာ တတိုင်ခရီး တမိုင်ကျော်ကျော်ခရီး သွားလာရသည်မို့ ထို တတိုင်ခရီး၏ တ၀က် တမိုင်ခရီးလောက်မှာ သောက်ရေအိုးများတည်ကာ ရေဒါနပြုတတ်၏။ ထိုအကွာအဝေးကို နေ့တိုင်း ရေကို ပုန်း၂ ပုန်းနှင့်ထမ်းကာ လှူဒါန်းတတ်ကြ၏။ ချစ်စရာဓလေ့လေးတွေနဲ့ ရေအကျိုးသည်လည်း (၁၀)ပါး ဖြစ်၏။ ရယ်စရာဗဟုသုတလေးတခု ပြောရဦးမည်။ ကျေလတ်တောရွာနေ လူတို့သည် တောရွာတရွာကနေ တရွာသို့လှည်းတို့ဖြင့် သွားလာကြရသည် ထိုသို့သွားလာရင်း ရွာတရွာအရောက် လှည်းမောင်းလာသော အဖိုးအိုသည် ရေဆာ၍ အိမ်တအိမ်သို့ လှည်းကိုရပ်တန့်ကာ ရေကိုတောင်းသောက်သည်ဟူ၏။ ထိုသို့ ရေသောက်ပြီးသည်နှင့် အဖိုးအိုသည် ရေအကျိုး(၁၀)ပါးရှိကြောင်းပြောပြသည်။ သို့သော် ရေအကျိုး (၁၀)ပါးကာ သူမသိ။ အခုလိုရေလှူတဲ့အတွက်ကြောင့် ရေအကျိုး(၁၀)ပါး မတောင်းပဲနဲ့ပြည့်ပါစေ လို့ ဆုပေးသည်။ ရေတိုက်သော အမျိုးသမီးငယ်သည်လည်း စူးစမ်း၏။ အဖိုး အဖိုး ရေအကျိုး(၁၀)ပါးပြောပြပါလားဟူ၏။ အခက်တွေ့ချေပြီ အဖိုးအိုတယောက်။ အေးကွယ် ငါ့မြေးရေ.အဖိုးနွားက မနေလို့ ဆိုပြီး ပြောဆိုကာ လှည်းကိုမောင်းထွက်သည်ဟူ၏။ ဤကား ရယ်စရာအဖြစ် ဗဟုသုတမျှဝေလိုက်ပါသည်။ မိမိတို့ မြဘုရားအတွင်း ရေကိုလှည့်ရှာသော်လည်း ခြေသာညောင်း၏။ရေကားမတွေ့ခဲ့။ မြဘုရားကို ပြီးစိးအောင်ဖူးမျှော်ပြီးသည်နှင့် အပူဒဏ်ကြောင့် ရေဆာသည့် ကိစ္စဖြေရှင်းရန် အပြင်သို့ထွက်ခဲ့တော့၏။ အပြင်ရောက်သည်နှင့် ရေ၀ယ်သောက်သည်။ ခပ်သေးသေးပုလင်း ၁၀ ဘတ် တပုလင်းတခဏနှင့်ကုန်တော့၏။ ထိုမှ ဆက်လက်ပြီး ၃ ဘီးကားလေးဖြင့် Golden Mount တောင်ပေါ်ဘုရားသို့ သွားခဲ့ကြသည်။ ထိုခရီးစဉ်မှာ ၃ ဘီးကားသမားသည် ပေးပြီးသည်နှင့် မိမိတို့ပြန်လည်လှူလိုက်တော့၏။ တိုတောင်ပေါ်ဘုရားမှာလည်း အထဲသို့ သင်သည်နှင့် မိမိတို့ ဘုန်းတော်ကြီး ၄ပါးသာ ဖိနပ်ချွတ်၍ တတ်ခဲ့သည်။ မည်သူမျှ ဖိနပ်မချွတ်ကြ။ ထိုင်းနိုင်ငံသည် ဘာသာရေး လေးစားသည်ကို အလွန်ကျေနပ်နေမိသည်။ သို့သော်ဘုရားပရိဝုဏ်အတွင်း နေရာတိုင်းမှာ ဖိနပ်စီးပြီး တတ်သိ လမ်းစဉ်တခုကိုတော့ မနှစ်သက်ခဲ့ချေ။ တားမြစ်သင့်သည်။ ထိုင်းနိုင်ငံသည် သူတို့ ဘုရင်ကိုလေးစားကြသည် ။နေရာတိုင်းမှာ ထိုင်းဘုရင်ပုံအတော်များများမြင်တွေ့ခဲ့သည်။ ဒေသခံ ဦးဇင်းတို့ပြောပြချက်အရ ဘုရင်ကိုလေးစားကြသည် ချစ်ခင်ကြသည် ဆုတောင်းမေတ္တာများအမြဲပို့သကြသည် ဟူ၏။ နေရာတိုင်း လမ်းတိုင်း အထင်ကရနေရာတွေမှာ ထိုင်းဘုရင်၏ ပုံအတော်များများတွေ့ရသည်။ မိမိတို့လည်း ထိုတောင်ပေါ်ဘုရားအပေါ်မျ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်၏ ရှုခင်းများကြည့်ရင်းအပန်းဖြေခဲ့ရသည် လေ ပြေလေးတွေကတဖြူးဖြူး.ခေါင်းလောင်းထိုးသံလေးသည်လည်းနားဝင်ချိုလျှက်မို့ ခေတ္တ အနားခိုရင်း ဘန်ကောက်မြို့၏ ရှုခင်းကို ဘုရားပေါ်မှကြည့်မိပြန်တော့လည်း…တိုက်တာအဆောက်ဦးတို့သည် တမျှော်တခေါ်မှာ မိုးမျှော်တိုက်ကြီးများနှင့် ဘန်ကောက်မြို့တော်၏ ကျက်သရေကို ဆောင်နေသည်။ ထိုင်းနိုင်ငံ၏ မိမိအတွက် အမှတ်တရ သတိပြုရမည့်အချက်တခုရလိုက်သည် မိမိသည် ဘုရားလှည့်လည်ဖူးရင်း မိမိအမှတ်တရ ဓါတ်ပုံရိုက်ခိုင်းခဲ့သည်။ခိုင်းသူကား အသက်ခပ်ကြီးကြီးဒကာမ တယောက်ဖြစ်၏။ ထိုဒကာမသည် ဒူးကိုထောက်လျှက် မိမိဆီမှ ကင်မရာကို လက်နှင့်မထိအောင် ယူစေ၏။ မိမိအား ၂ ပုံ ရိုက်ပေးသည် ပြီးသည်နှင့် မိမိမှ လှမ်းယူမိသည် ထိုဒကာမသည် မိမိအား ပြန်လည်မပေးပဲ တနေရာ၍ ရိုရိုသေသေ ချထားပြီး လက်အုပ်ချီလျှက် တွေ့ရသည်။ အမှန်စင်စစ်မှာ ဘုန်းကြီးနဲ့ မာတုဂါမ မအပ်စပ်၍ မတွေ့ထိလို မထိစေလိုသော အကြောင်းဖြစ်၏။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ မိမိအတွက်သင်ခန်းစာတခု ရလိုက်မိပါတော့သည်။ နောက် မိမိတို့လိုက်ပို့သော ဦးဇင်းမှလည်း ထိုင်းနိုင်ငံ မှာ သူတို့က ဘုရင်ကိုအရမ်းချစ်ကြတာ ချစ်ကြောက်ရိုသေ သဘောဖြင့် ဘုရင်ရဲ့အမိန့်ကို အရမ်းကြောက်ကြသည်ဟူ၏။

Thursday, April 26, 2012

နွေအရောက် ရွှေပိတောက်ပင်ပျိုအောက်မှာ

(၂၆.၄.)နေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အပူရှိန်သည် နေလို့မတတ်အောင် ပူနေ၏။ ရာသီဥတုအပူဒဏ်ကို ၀တလုံးကျောင်း၏ နွေအရောက် ရွှေပိတောက်ပင်ပျိုလေးရဲ့အောက်မှာ မြန်မာရဟန်းတော်များ ထွေရာလေးများပြောလျှက် ရှိနေကြသည်။ ခပ်လှမ်းလှမ်းတနေရာမှာကြည့်မိပြန်တော့ ဘင်္ဂလာဒေ့ရှ် ဘုန်းကြီးတပါး၏ အပူဒဏ်ကြောင့်ငြီးငြူနေသံကြားမရပြန်သည်။ အပူဒဏ်ကိုအံတုပြီး ကုန်တိုက်တနေရာသို့ ကျောင်းနေ ဦးဇင်းတပါး၏ အင်တာနက်အသုံးပြုတလတာပြည့်လို့ အခွန်ဆောင်သွားမယ်ဆိုတာနဲ့ လိုက်သွားခဲ့မိတယ်.။ ထိုင်းနိုင်ငံသည် ဘုန်းတော်ကြီးများကြည်ညိုလေးစားသည့် ဒေသမို့ ကုန်တိုက်ရောက်ပြန်တော့လဲ ရာသီဥတုအပူဒဏ်သည် ဂျိုနဲ့လား..အများသူငါတို့ တိုးဝှေ့ကာ ကုန်တိုက်ကြီးထဲမှာပြည့်ကြပ်လို့ တွေ့ခဲ့ရတယ်။ မိမိတို့ ဘုန်းတော်ကြီးများအား အရိုသေပေးလျှက်တွေ့ရှိရသည်။ ကုန်တိုက်၏ အဲယားကွန်းသည် အေးနေ၏ နေလို့တော့ ကောင်း၏။ သို့သော် ဘန်ကောက်မြို့သူ မြို့သားတို့၏ ခဏခဏအရိုသေပေးမှုတွေကြောင့် နေရထိုင်ရ သွားရလာရတာ အားတော့အနာသားမို့ ဖုန်းနှင့်ကွန်ပြူတာများ ရောင်းသောနေရာတ၀ိုက်ခဏတာကြည့်ပြီး မိမိတို့နေရာ ကျောင်းသို့ ပြန်လာခဲ့ရတော့၏။ ဘန်ကောက်မြို့တော်၏ ဈေးဆိုင်အချို့မှာ မြန်မာပြည်နှင့် တူသယောင်ယောင် ရှိသည်။ တက္ကစီကားလေးငှားပြီးသည်နှင့် အပြေးမောင်းနှင်လို့ လမ်းတွင် ကားလေးများ ဥဒဟိုသွားလာလျှက်ရှိသည်။ ခဏအကြာ ကျောင်းသို့ရောက်ပြန်တော့ နွေပိတောက်ပင်ပျိုရဲ့အောက်မှာ မြန်မာဘုန်းကြီးတို့ ကွန်ပြူတာကိုယ်စီရှေ့မှာချလျက် ခုန်းတန်လျားတွေအပေါ်မှာ အင်တာနက်ဆိုင်ရာ တချို့ သတင်းများကြည့်လျှက် တချို့ မေးများစစ်လျှက်တွေ့ရှိရပါသည်။ ပင်အိုတွေမွဲ၍ ရိုးတံတွေကြဲကာ လေရူးသုန်တဲ့နွေရာသီ ရောက်ပြန်တော့ ဥသြငှက်တို့ အလွမ်းသီချင်းသီဆိုသံလေးတောင် ကြားနိုင်စွမ်းမရှိတော့ပါလားဆိုပြီး အတွေးလေးနဲ့တွေးရင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့၏ အပူဒဏ်ကို ပိတောက်ပင်ပျိုလေးရဲ့ အောက်မှာ အချိန်ပြည့်အအေးဓါတ်လေးပေးနေတဲ့ ပိတောက်ပင်ပျိုလေးရေ…။

“ထိုင်းနိုင်ငံ ဘန်ကောက်မြို့အလည်တခေါက်”

ကျောင်းနေ ဦးဇင်းတို့သည် ဤသို့ ကျားများနှင့်
နိုင်ငံခြားသားများနှင့် ဤသို့ စည်ကားလျှက်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ လေဆိပ် လေယာဉ်ပေါ်မှ ဤသို့ တွေ့မြင်ရသည်
သေမင်းတမန်တံတားနှင့်အတူ
ကျားကျောင်းတွင် ကျားအကောင်ပေါင်း ၂၀ ကျော်ခန့်ရှိရာ သူသည်လည်း စီးပွားကွက်အလား နိုင်ငံခြားသားများနှင့် ဤသို့ စည်ကားလျှက်


ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သို့ ၂၄.၄.၂၀၁၂ နေ့ ရောက်ရှိပြီး ၂၅.၄. နေ့တွင် အမိမြန်မာပြည်မှ ရောက်ရှိနေကြသော သံဃာတော်များဖြင့် အတူ စုစုပေါင်း ၁၂ ပါး သေမင်းတမန်တံတားနှင့် ကျားကျောင်းသို့ သွားလာလေ့လာခဲ့သည်။ သေမင်းတမန် တံတားသည် အမိမြန်မာပြည်နှင့် နီးနေပြီဟု ဒေသခံတို့ပြောပြလို့သိရသည်။ အဘယ်ကြောင့်သေးမင်းတမန်တံတားအမည်ရရှိခြင်းတော့မသိရှိခဲ့ပါ။အကျဉ်းချုပ်သိလိုက်ရသည်ကတော့ တံတားဆောက်လုပ်စဉ် လူအသေအပျောက်  များခဲ့ခြင်းကြောင့်ဟု သိလိုက်ရသည်။ ထိုနေရာရာမှာအမှတ်တရဓါတ်ပုံများရိုက်ခြင်း အခြားသော နိုင်ငံခြားခရီးသည်များလည်းတွေ့ရှိရသည်။ မိမိတို့နေ့လည်ဆွမ်းဘုဉ်းရန် အချိန်နီးနေသောကြောင့်အနီးနားရှိ ဆိုင်တဆိုင်သို့ ချဉ်းကပ်ခါ ဘုဉ်းပေးခဲ့ကြသည်။ စားပွဲထိုးလူရွယ်လေးသည် မြန်မာပြည်မှ ဖြစ်သည်မို့ ဘုဉ်းလိုသော အစားအစားများအခက်ခဲမရှိ မှာလို့ရသည် နောက် မိန်းကလေးခပ်ရွယ်ရွယ် ၂ ယောက်မှာလည်း ၀တ်စုံတူညီစွာဖြင့် တွေ့ရှိရသည် မို့ စကားတွေပြောဖြစ်ကြသည်။ ပြီးသည်နှင့် ဘတ်ငွေ မရှိ၍ ဒေါ်လာ ၁၀၀ လဲလိုက်သည် ဘတ်ငွေ ၃၀၀၀ ရရှိခဲ့သည်။ ထိုမှ ကျားကျောင်းဟု အမည်ရသော နေရာသို့ ကားကလေးသည် လျင်မြန်စွာ မောင်းနှင်လျှက် ပြင်ပမြင်ကွင်းများမကြည့်နိုင်ခဲ့ ကား၏ အဲယားကွန်းအအေးဓါတ်ကြောင့် အိပ်ပျော်ကာ လိုက်ပါခဲ့တော့၏။ မည်မျှ အချိန်ကြာသည်မသိလိုက်ရ ကားရပ်မှသာ သွားလိုသောနေရာသို့ ရောက်ရှိပြီဆိုတာသိလိုက်ရတော့၏။ ကျောင်းအ၀င်ဝတွင် ကျားအကောင်ကြီးပါးစပ်နှင့် တူညီစာ မုခ်ဝပြုလုပ်ထားသည်။ ခဏအကြာတွင်မှာတော့ ကျားမိသားစုတို့ ကလုကျီစယ်နေပုံ မိဘမေတ္တာကြီးမားပုံကို ပုံဖေါ်လျှက်တွေ့လိုက်ရသည် ကျောင်းဝင်းကြီးမှာ ကျယ်ဝန်းသည်။ မိမိတို့ရောက်ရှိချိန် အနည်းငယ်စောနေသည်မို့ ကျားများအိပ်ချိန်လို့ ပြောသံကြားမိသည်။ အရိပ်ရသော အဆောက်ဦးထဲသို့ မိမိတို့ ခဏတာနားနေကြသည်။ ရီစရာလေးများပြောလို့အရွန်းဖောက်ကာ ပျော်ရွှင်ကြလျှက်ရှိနေကြသည်။ များမကြာမီ ကျားများအပြင်သို့ထုတ်လာခဲ့ပြီ။ လူသားစားကျားသတ္တ၀ါတို့သည် အခု မြင်တွေ့လိုက်ရသည်ကား။ ဘုန်းတော်ကြီး ၃.၄ ပါးတို့ဖြင့်လည်းကောင်းဝန်ထမ်း အယောက် ၂၀ ခန့်ဖြင့်၎င်း တကောင်ချင်း ထွက်လာလျှက် အကောင်ပေါင်း ၂၀ ခန်လောက် ရှိသည်။ ဘုန်းကြီးတပါးသည် ကျားတကောင်ဖြင့် ဆော့စေလျှက် ကျားသည်လည်း လက်နဲ့ပုတ်သည်။ ဘုန်းကြီးမှ ပြန်ချောက်လှန့်သည်။ ခဏတာအကြာ ဘုန်းကြီးသည် ကျား၂ ကောင်အကြားဝယ် ထိုင်နေလျှက် မိမိတို့ကြည့်နေရင်း ရင်တွေတုန်နေမိသည်။ ၀န်ထမ်းတယောက်သည် ကျား၏ရှေ့ဝယ် ဘောလုံးကို လိန်ခေါက်ဆော့ကစားလျှက် ကျားသည်လည်း ပြေးလိုက် ရပ်လိုက်နှင့် အငြိမ်မနေနိုင်အောင်ဆော့နေသည်ကိုတွေ့ရသည်။ ၀န်ထမ်းအမျိုးသမီးတယောက်မှာတော့ ကျားပေါက်စ(ကျားကလေး) အားအာဟာရနွားနို့တိုက်လျှက် မိခင်သဏ္ဍာန်မြင်တွေ့ရသည်။ ကျားကလေးမှာလည်း ငြိမ်သက်လျှက် ကျားတို့နှင့် ခပ်ဝေးဝေးမှ မိမိတို့အဖွဲ့ရော အခြားသော နိုင်ငံခြားသားများအဖွဲ့ပါ ပေ ၁၀၀ ခန့်မှကြည့်ခွင့်ပေးထားသည်။ နောက် ဘုန်းကြီးတပါးသည် မိမိတို့မြန်မာဘုန်းတော်ကြီးများအား လာရောက် နှုတ်ဆက်သည် ဓါတ်ပုံအတူတူရိုက်လိုလျှင် ဧကသီများဖြုတ်ပြီး သင်းပိုင် အံသကိုက်ဖြင့် အနီးကပ် ဓါတ်ပုံရိုက်စေသည်။ ထိုင်းဘုန်းတော်ကြီးများသည် ကျားတို့ဖြင့်အနီးကပ်နေထိုင်သည့်အခါ သင်းပိုင် အံသကိုက်ဖြင့် သာ ဖြစ်၏။ မိမိတို့လည်း ရောက်တုန်းရောက်ခိုက် ကျားဖြင့်အမှတ်တရ ဓါတ်ပုံရိုက်ရန် ထိုင်းဘုန်းကြီးတပါးခေါ်ဆောင်မှုဖြင့်အနီးကပ် ရိုက်ခွင့်ရရှိခဲ့သည်။ မိမိရှေ့မှ တပါး ကျား၏ ကျော်ကုန်းကို ပွတ်သပ်လျက် ဓါတ်ပုံ အရိုက်ခံဥည် ကျားကြီးသည် သိနေသည့်အလား ကာလာအရောင်သိနေသည်။ နောက်သို့အနည်းငယ်လှည့်၍ကြည့်သည်။ မိမိမှာလန့်နေမိသည်။ နောက်မိမိ အမှတ်တရ ဓါတ်ပုံရိုက်မည်ဖြစ်၏။ မိမိကင်မရာပေးကာ ကျားကြီး၏ ကျောကုန်းကို ပွတ်သတ်လျှက် ကျားကြီးသည် နောက်သို့ သမင်လည်ပြန်ကြည့်နေသည်။ မိမိအနေရခက်သွားသည် ၃.၄ ပုံရိုက်ပြီးသည်နှင့် ကင်မရာယူကာ ပရိတ်သတ်ဆီသို့ ပြန်လာတော့၏။ မိမိနောက်တွင်ရှိသော မြန်မာဘုန်းကြီးများ ဓါတ်ပုံရိုက်ဘို့ အခွင့်မကြုံတော့“ု သိလိုက်ရတော့၏။ ကျားသည်မာန်ဖီနေလျှက်ရှိသည်မို့ တချို့မရိုက်ပဲ ပြန်လည်ရောက်ရှိလာတော့၏။ တချို့ဇွဲကောင်းကောင်းဖြင့် စောင့်ကာ အမှတ်တရ ဓါတ်ပုံရိုက်ခဲ့သည် ။ ကျားများသည် တချို့ အပူဒဏ်ကြောင့် မှိန်းနေလျှက် တချို့ ဆော့ကစားလျှက် တွေ့ရသည်။ အော် အရိုင်းအစိုင်းသတ္တ၀ါတို့သည်သော်မှ တခါတရံနားလည်ရခက်လာသည်။ အခုကြည့် ကျားအကောင်ပေါင်းမျောက်များစွာကို မွေးမြူလျှက် ထိန်းသိမ်းစောင့်ရှောက်ထားသည်။အမှန်မှာ အသားကျွေးမွေးခြင်းမပြုလုပ်ပဲ မွေးမြူသည်ဟု ထင်မိသည်။ အသားကျွေးပြီးမွေးထားမည်ဆိုပါက အသားစားခြင်းဟူသောအကြောင်းကြောင့် ရိုင်းစိုင်း၍လာနိုင်သည်။ ခု မြင်တွေ့လိုက်ရသည်ကား တကယ် အယဉ်တိရစ္ဆာန်တွေလို ဖြစ်နေသည်ကိုတွေ့ရှိရ၍ အံ့သြမိသည်။ နိုင်ငံခြားသားတို့သည်လည်း အမှတ်တရဓါတ်ပုံရိုက်ကြသည် သူတို့ ကျောင်းထဲဝင်ကြေးမှာ ဘတ် ၆၀၀ ဟူ၏။ မိမိတို့အလကား မတ်တင်းပေါ့။ ထိုင်းဘုန်းတော်ကြီးများသည်လည်း ကျားကြီးတွေနဲ့အတူ အနီးကပ်စောင့်ကြည့်လျှက် တွေ့ရသည် မိမိတို့အဖွဲ့သင်္ကန်းအရောင်သည် ထေရ၀ါဒအရောင်အညိုတွေချည်းမို့ ကျားကြီးများနှင့် အတူမနေရခဲ့ပါ။ မိမိတို့အမှတ်တရ ဓါတ်ပုံရိုက်နေစဉ်မှာတောင် ပေစောင်းစောင်းနဲ့ကြည့်နေခြင်းမှာ ထိုင်းဘုန်းကြီးတွေသင်္ကန်းနှင့် အရောင်မတူညီမှုကြောင့် အနီးကပ် ကြည်ရှုခွင့်မရခဲ့ချေ။ သို့သော် ထိုင်းဘုန်းကြီး၏ ကူညီမှုကြောင့် အမှတ်တရ ရိုက်ခွင့်ရခဲ့ပေသည်။ထိုမှ ဆက်လက်ပြီး စစ်သချိ င်္ုင်းသို့ခဏ ၀င်ကာ မိမိတို့တည်းခိုရာ ၀လုံးမ် ကျောင်းသို့ ပြန်လာခဲ့တော့၏။ ဒီနေ့ကား ဘန်ကောက်မြို့၏ လည်ပတ်မှုအစီစဉ် ပြီးခဲ့လေပြီမို့ ကျောင်းရောက်ပြန်တော့လဲ ရာသီဥတု၏ အပူဒဏ်သည်လည်း ဆိုးရွားစွာပူနေလျှက်မို့
ကျောင်းအပြင်သို့လေညှင်းခံရင်း အမှတ်တရ post လေးတခု ရေးလိုက်မိပါတော့သတည်း။

Wednesday, April 25, 2012

ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့

"နှုတ်ဆက်အပြုံးတွေနဲ့ လိုက်ပို့ခဲ့သော ကိုအောင်သူ ပီနန်းလေဆိပ်တွင်"
"ထိုင်းနိုင်ငံ ဘန်ကောက်လေဆိပ်ကို လေယာဉ်ပေါ်မှဤသို့တွေ့မြင်ခဲ့"
(၂၄.၄.၂၀၁၂) ဒီနေ့ မလေးရှားနိုင်ငံ ပီနန်းမြို့ မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ လေယာဉ်ဖြင့် ခရီးဆက်ရပေဦးမည် မို့ နေ့လည်ခင်းအနားယူရင်း တောင်တွေးမြောက်တွေးဖြင့် အတွေးတို့သည် ဟိုရောက်ဒီရောက် ဒီနေ့ မလေးရှားနိုင်ငံကနေ ထွက်ခွာရတော့မည်။ ဗီဇာလည်း ၂ ပတ်သာ ရခဲ့သည် လည်ပတ်လို့လဲ စုံသင့်သလောက်စုံနေပြီ ။မရောက်ဘူးသေးသည့် ထိုင်းနိုင်ငံ ကိုအာရုဏ်ပြု မေတ္တာများပို့သရင်းဖြင့် အတွေးနယ်ချဲ့နေတော့၏။ မလေးရှား စင်္ကာပူတို့သည် တချိန်က ဗုဒ္ဒဘာသာနိုင်ငံ ဖြစ်ကြသည်။ ယခုမူ အရိပ်ရောင် အမြွက်ကလေးကိုမျှ မတွေ့ရခဲ့။ အတွေးနယ်ချဲ့ရင်း လေယာဉ်ကွင်းဆင်းရဦးမည်ကို အမှတ်ရမိသည်။ ကိုအောင်သူတို့လဲ အလုပ်ဆင်းနေသည်မို့ အားတော့နာမိသည် ဖုန်းဆက်မိတော့၏။ သူမကြာခင်ပြန်လာမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခြင်းကြောင့် တွေးလက်စ အတွေးကို ဆက်မတွေးတော့ပဲ ပစ္စည်းများသိမ်းဆည်းနေစဉ် ကိုအောင်သူတယောက် ရောက်လာပြီပေါ့။ အချိန်ကား ညနေ ၃နာရီ လေယာဉ်သည် ညနေ ၅နာရီ ၅မိနစ် ထွက်ခွာမည်မို့ မိမိနေရာနှင့် ပီနန်းလေဆိပ်သည် နာရီဝက်ကျော်မျှ မောင်းနှင်ရသည်မို့ ကြိုရောက်ထားမှတော်ရုံကြမည် မို့ အထုတ်ကိုဆွဲပြီး ကားလေးရှိရာသို့ ဆင်းခဲ့တော့၏။ ကိုအောင်သူ တယောက်ကားတံခါးဖွင့်လျှက် စောင့်နေသည် အင်း ခုမှ ခင်မင်ခွင့်ရရှိသော်လည်း တကယ့်ခင်မင်ရင်းနှီကျွမ်းကျင်သော သူတယောက်ကဲ့သို့ ခွဲခွာရတော့မည်ဟူသော အသိကြောင့် စိတ်မကောင်းချင်သလို ဖြစ်ခဲ့သည်။ မကြာမီ မိမိတို့ လိုက်ပို့ရန်ကားလေးသည်လည်း ဘာတာဝပ် ပလန်ဂီး ဆိုသော ရွှေမြန်မာတို့ နေထိုင်အနေများသော နေရာလေးမှ ထွက်ခွာခဲ့တော့၏။ ကားလေးသည် ပို့ပါများသောကြောင့် သိနေသည့်အလား ကိုအောင်သူတယောက် လီဗာကိုတချက်နင်းလိုက်သည်နှင့် ဝေါကနဲ ပြေးတော့၏။ လေယာဉ်ကွင်းသို့ဦးတည်လျှက်မောင်းနှင်နေသည် လမ်းတွင် ရုံးဆင်းချိန် အလုပ်ဆင်းချိန် မို့ အနည်းငယ် ရှုတ်ထွေးလျှက် ကိုအောင်သူတယောက် သူ့စတိုင် သူ့ဝါသနာအတိုင်း ကားကို ခပ်မြန်မြန်မောင်းတော့၏။ လမ်းတွင်ရှိသော ကားမှန်သမျှကို ကျော်တတ်သည်။ ကုန်ကားကြီးများ အနည်းငယ်သာတွေ့၇ှိခဲ့သည် ကိုယ်ပိုင်ကားများ သူ့အပြိုင် ငါအပြိုင် ယှဉ်ပြိုင်ကာ မောင်းနှင်လျှက် ပီနန်းတံတားကြီးသို့ရောက်နေပြီ နေခဲ့ပေဦးတော့ ပီနန်းတံတားကြီးရေ ဆိုပြီး နှုတ်ဆက်ကာ အမှတ်တရ ဓါတ်ပုံရိုက်မိတော့၏။ ကားလေးသည်လည်း အရှိန်ပြင်းစွာမောင်းနှင်လျှက် မကြာခင် လေယာဉ်ကွင်းရောက်တော့မည်ဆိုတာ သိနေသည် ကားလေးသည် ပီနန်းတံတားပေါ်မှ ဆင်းတော့၏။ ပီနန်းကမ်းခြေသည်လည်း လှပနေသည်။ တိုက်တာအဆောက်ဦးများသည်လည်း စီစီရီရီ နဲ့ တမျိုးကျက်သရေရှိလှသည်။ ကားအရှိန်လျှော့လိုက်တော့မှ လေယာဉ်ကွင်းရောက်နေပြီ ဆိုတာသိလိုက်ရတော့၏။ ကားပေါ်မှဆင်းသည်နှင့် အမှတ်တရ ပီနန်းလေဆိပ်နှင့် ဓါတ်ပုံရိုက်ကြ၏။ ပြီးသည်နှင့် ကိုအောင်သူ မပြန်သေးပဲ မိမိတို့အား လေယာဉ်လက်မှတ်ရရှိရန် ကောင်တာ ၅၆ သို့ သွားခဲ့သည် လေယာဉ်ထိုင်ခုံနံပါတ် 22A ဖြစ်သည်။ ဟန်းကယ်ရီ ကိုထား၍ တိုလီမိုလီထည့်ထားသော အိပ်ကို ချိန်တော့၏။ ရမ်းဂစ် ၅၀ ပေးဆောင်လိုက်ရပြန်၏။ ထိုနေရာပြိးသည်နှင့် ကိုအောင်သူတယောက် တာဝန်သိတတ်သော/ကျေအောင် ပြုလုပ်ပေးခဲ့သည် တဘက်မှလည်းအလုပ်ကရှိသေးသည်မို့ လက်ပြနှုတ်ဆက်ကာ ထွက်သွားတော့သည်။ နှုတ်ဆက်ခဲ့ပါပြီ ပီနန်းမြို့ကြီးနဲ့ ကိုအောင်သူ။ အပေါ်ထပ်တတ်ခဲ့သည်။ စားသောက်ဆိုင်များ free duty အရောင်းဆိုင်များ လဘက်ရည်ဆိုင်များဖြင့် စင်္ကာပူနိုင်ငံလို မစည်ကားသော်လည်း သူ့မြို့နှင့်တော့ စည်ကားသည်။ အပေါ်ထပ်ရောက်သည်နှင့် ထိုင်ခုံလွတ်သောနေရာများတွင် ထိုင်သည်။ ဖုန်းထဲ ပိုက်ဆံအနည်းငယ်ကျန်သေးသည်မို့ မယ်တော်ကြီး(အမေ့)ဆီသို့ ဖုန်းခေါ်သည် အမေသည် အသံမာလျှက် အမေ ကျမ္မာရေးကောင်းကြောင်းသိခွင့်ရရှိခဲ့သည် ။သားကောနေကောင်းလားတဲ့ အသံကတမျိုးကြီးပဲတဲ့ မိဘမေတ္တာသည် အနှိုင်းမဲ့ဖြစ်သည်။ မိမိလည်း အမေ့ကိုသတိရနေသည် အမေ့ကို နိုင်ငံရပ်ခြားတွေ ဗဟုသုတ ပို့ချင်သည်။ အမေသည် အရင်နဲ့တော့မတူတော့ပေ။ ၂၀၁၁ ခုနှစ် အမေ့ကို အိန္ဒိယနိုင်ငံ သံဝေဇနိယ လေးဌာန ဘုရားဖူးခေါ်သည် အမေ မလိုက်နိုင်တော့ မူးတတ်သော အမေ ရန်ကုန်တောင်မလိုက်ချင်တော့ပါဘူး သားရယ် ဟူသတဲ့။ ခဏပြောပြီးနှုတ်ဆက်လိုက်သည်။ နောက်ရဟန်းအမကြီးဆီဖုန်းခေါ်သည်  လေယာဉ်ပေါ်သို့တတ်ရတော့မည် ရဟန်းအမကြီးနဲ့လည်း ခဏတာပြောဆိုလိုက်ရသည် မကြာခင် လေယာဉ်ပေါ်သို့ ရောက်ပြီ လေယာဉ်မယ်တို့သည် ၀တ်စုံအနီရောင်တို့ဖြင့် ထိုင်းဘာသာစကားဖြင့် မင်္ဂလာပါ လို့ နှုတ်ဆက်ပြီးလက်အုပ်လေးချီမလျှက် နွေးထွေးစွာကြိုဆိုနေသည်မှာ ထေရ၀ါရနိုင်ငံ ထိုင်းနိုင်ငံသို့ သွားရောက်တောမည်ကို သတိရပြီး ထိုင်းနိုင်ငံ ရဲ့ နာမည်ကြိး မြဘုရားကြီးကို ဖူးမျော်ရတော့မည်မို့ လေယာဉ်မယ်တွေရဲ့ နှုတ်ဆက်အပြုံးဟာ မိမိတို့ ရဟန်းသံဃာဆိုတာအသိစိတ်နှင့် အရိုသေပေးခြင်းဖြစ်သည်ဆိုတာ သံသယဖြစ်ဖွယ်မလို သိနေတော့သည်။ ထိုင်ခုံနံပါတ် 22 A နေရာယူကာထိုင်နေတော့၏။ မရောက်ဘူးသော မတွေ့ဘူးသော ထိုင်းနိုင်ငံသူ/သား အပေါင်းအား မေတ္တာပို့သရင်း ဂုဏ်တော်ပွားများမိသည်။ လေယာဉ်ထွက်ချိန် ၅နာရီ ၅ မိနစ် သို့သော် တကယ်တမ်းမူ ၅နာရီ ၂၁ မိနစ်အချိန်တွင် လေယာဉ်ပြေးလမ်းသို့ ရောက်ခဲ့သည်။ လေယာဉ်တွေ ရှေ့မှတစီး။ ဖြေးဖြေးသွားလျက်။ မိမိတို့လေယာဉ်သည်လည်းဖြေးဖြေးသွားလျှက် ။နောက်မှတစီးဖြေးဖြေးသွာလျှက်။ မိမိ ရှေ့ရော နောက် စပ်စုနေမိသည်။ မိမိရှေ့မှလေယာဉ်သည် လေယာဉ်ပြေးလမ်းမအတိုင်း လျှင်မြန်စွာ မောင်းနှင်လျှက် မြေပြင်မှသည် ဝေဟင်ဆီသို့ တရှိန်ထိုးတတ်သွားလေတော့၏။ မိမိတို့လေယာဉ်သည်လည်း ရှေ့မှလေယာဉ်တတ်ပြီးလို့ ၅မိနစ်ခန့်အကြာ ပြေးလမ်းမကြီးအတိုင်းအပြေးမောင်းနှင်ပြီး မြေပြင်မှသည် အထက်ကောင်းကင်ဆီသို့ ပြေးတတ်တော့၏။ ပီနန်းမြို့၏ ပင်လယ်ကမ်းခြေများ တိုက်တာအဆောက်အဦးများသည် တဖြည်းဖြည်းကျန်နေခဲ့တော့သည် မိမိတို့ လေယာဉ်မှာတော့ တိမ်တိုက်တွေအကြားမှ ယိမ်းလိုက်သည် တခါတရံ အပေါ်သို့ဆက်တတ်သည်။ အောက်မှကျန်ရစ်သော ဖြစ်ချောင်းအင်းအိုင်တို့သည်ကား ဝေး၍ဝေး၍ ကျန်ရစ်နေခဲ့တော့၏။ မိမိတို့လေယာဉ်သည် ဝေဟင်ပေါ်မှာတိမ်ခိုး တိမ်ငွေ့တွေအကြားမှာ ပြေးလွှားလျှက် နေ၀င်ချိန်မို့ နေ့အခါအလင်းရောင်ပေးသော နေမင်းကြီးသည် အနောက်ဂေါ်ရာကျွန်းဆီသို့တဖြည်းဖြည်း ပတ္တမြားကြီးတလုံးပမာနီးမြန်းလျှက် ကွယ်လုတော့မည်။ လေယာဉ်ပေါ်မှနေ၍ အောက်မှ ရေပြင် မြေပြင်များ မိမိနှင့် တူရူကြည့်မိပြန်တော့ ဂွမ်းလိပ်ကြီးများလို တိမ်ခိုးတွေများနှင့် ကြည့်လို့ကောင်းသည်။ သာယာသည်။ အမှတ်တရ ဖုန်းလေးဖြင့်မှတ်တမ်းတင် ဗွီဒိယိုရိုက်ထားမိသည်။ညနေ နေ၀င်ဆည်းဆာအချိန် လေယာဉ်သည်လည်း တနာရီခွဲကျော်မျှ မောင်းနှင်လာပြီးသည်နှင့် ထိုင်းနိုင်င်္င ဘန်ကောက်မြို့သို့ သက်ဆင်းတော့မည်ဟု လေယာဉ်မယ်မှ ကြောငြာနေသည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သည် စမြင်လိုက်သည်နှင့် စိုက်ခင်းများနှင့် မြေကွက်များစနစ်တကျ အကွက်ချပုံဖေါ်ထားသည်ကိုတွေ့ရသည်။ မိမိထင်ထားသည်နှင့်တော့ မကိုက်ညီခဲ့။ လေယာဉ်သည်တဖြည်းဖြည်း ဘန်ကောက်လေဆိပ်သို့ ဆင်းတော့မည်မို့ လေဆိပ်ပေါ်မှခရီးသည်တို့သည်လှုပ်လှုပ်ရွရွဖြစ်နေကြသည်။ မိမိမှာမူ ဘန်ကောက်မြို့၏ အပေါ်မှနေ၍ ရှုခင်းများကြည့်နေမိသည် တိုက်တာအဆောက်ဦးများ မိမိထင်ထားသည်ထက် ထူးခြားနေမိသည်။ လေယာဉ်သည် မြေပြင်သို့ ဆင်းသက်လို့နေပြီ လေဆိပ်တွင် လေယာဉ်များ အတော်တွေ့ရသည်။ အင်တာနေရှင်နယ်လေဆိပ်ဆိုသည့်အတိုင်း လေယာဉ်များသည်လည်း ဆင်းလိုက် တတ်လိုက်နှင့် တွေ့ရသည်။ လေယာဉ်ကွင်းတည်ဆောက်ပုံသည်လည်း ထူးဆန်း၏။  မျက်စိလည်စရာကောင်းလှသည်။ အထပ်ပေါင်းများစွာရှိလျှက် အထပ်တိုင်း ကားတို့တည်ရှိနေသည်။ လေယာဉ်ကွင်းသည် မြွေလိမ်မြွေကောက်ပမာ တွန့်လိမ်ကောက်ကွေ့လျှက်  မိုးအနည်းငယ်ချုပ်နေသည်မို့ ရှေ့မှ သူငယ်ချင်းများသွားနေသည်ကို မမှီမှာကြောင့် လေယာဉ်ကွင်းအနေအထားကို ကောင်းကောင်းသတိမထားမိခဲ့။ ကောင်းသည်။ လှသည် ခေတ်မှီသည် လို့တော့ မြင်မိ၏။ လာကြိုသော ဦးဇင်းအား အတော်ရှာရသည် ။ရှုတ်သည်။ အထပ်ပေါင်းများစွာရှိသည်မို့ တွေ့လိုက်ပါပြီ လာကြိုသောဦးဇင်း တက္ကစီတခါထည်းငှားလာသည် မိမိတို့တည်းခိုရာနှင့် ဘန်ကောက်လေယာဉ်ကွင်းသည် ကီလိုမီတာ(၅၀)ကွာဝေးသည် မို့ ကားပေါ်ရောက်သည်နှင့်ကားသမားမောင်းထွက်တော့၏။ လမ်းတွင် အထင်နှင့်အမြင်ပါစင်အောင်လွဲတော့၏။ မိုးမျှော်တိုက်ကြီးများမီးရောင်စုံများဖြင့် လှပစွာတွေ့ရှိရသည်။ တံတားများသည်လည်း ကားများမရှုတ်ထွေးရလေအောင် ကွေ့ကောက် ရစ်ပတ်လျှက် ဘန်ကောက်မြို့၏ ကျက်သရေကို ဆောင်နေသည်။ တည်ဆောက်ထားပုံသည်လည်း သဘာဝကျသည် စနစ်ကျသည်။မိမိသည် ဘန်ကောက်မြို့ဟာ ငယ်ငယ်လေးဟု တွေးထင်ထားခဲ့သော မိမိ၏ တွေးထင်မှုတို့သည်ကား ယခုမူ ဘန်ကောက်မြို့၏ အလှအပတို့သည် ကားပေါ်မှကြည့်၍ အာမေဋိတ်လေးဖြင့်…..။ ကီလိုမီတာ ၅၀ ဝေးသော ၀တလုံးကျောင်းဆီသို့ ကားကလေးသည် အရှိန်ပြင်းစွာမောင်းနှင်လျှက်….

“သတိရလိုက်ပါ ရွှေမြန်မာ”



မနေ့ကနဲ့ ဒီနေ့ ဘယ်မှမလည်ဖြစ်ခဲ့ မနေ့ညက ပီနန်းမြို့ ဘာတာဝပ်မှာရှိတဲ့ မားကပ်ကြီး တခုမှာတော့ ညနေ ရောက်ခဲ့မိတယ်ပေါ့။ ဖုန်းတွေ လိုက်ကြည့်ရင်းပေါ့။ မိမိမှာရှိတဲ့ sony ဖုန်းကို အသစ်နဲ့လဲလှည်ခဲ့တယ်ပေါ့.။ရမ်းဂစ်ငွေ ၃၂၀ အလိုက်ပေးပြီး လဲခဲ့ရတယ်ပေါ့..။ အခြားအခြားသော ဖုန်းတွေလဲ ပေါမှပေါ လှမှလှ ဈေးတွေကကြီးတော့မလိုက်နိုင်ခဲ့ဘူးပေါ့။ ခြွေတာပြီး သွားလာခဲ့ရတဲ့ နေရာတွေမှာဆိုတော့လဲ ၀ယ်ချင်တဲ့ ဆန္ဒလေးတွေကိုမြိုသိပ်လို့ အမြင်အာရုံနဲ့ပဲ နောက်ဆုတ်ပြီးလှည့်ပြန်ခဲ့ရတယ်ပေါ့။ ဒါပေမဲ့ ဖုန်းအဟောင်းလေးကို သံယောဇဉ်ဖြတ်လို့ ဖုန်းအသစ်လေးကိုတော့ မလေးရှားရောက်အမှတ်တရအနေနဲ့ ကိုင်ခွင့်တော့ပေးလိုက်တယ်ပေါ့..။သူများတွေ အိုင်ပေါ့တွေ..ခေတ်မှီတဲ့ ဖုန်းတွေ ကိုင်နေကြချိန်မှာ မိမိတို့က sony လေးနဲ့ နှစ်ပါးသွားခဲ့ရတယ်ပေါ့။ နေရာဒေသ ဗဟုသုတအဖြစ် ရောက်ခဲ့ပါပြီ။ နောက်တခေါက်ဆိုတာ အိပ်မက်တောင်မမက်ရဲတော့ပါဘူးလေ။ မိမိရောက်ခဲ့သည့်နေရာတွေမှာ ဗဟုသုတရစေရုံပါပဲ လို့ ရိုးစဉ်းစွာဝန်ခံလိုက်ပရစေပေါ့.။ထေရ၀ါဒ တို့ နဂိုရ်တချိန်က အုဌ်မြစ်များချထားပေမဲ့ ခုအချိန်မှာ လူမျိုးဘာသာတွေက နည်းပါးလို့ အမိမြန်မာပြည်က ရွှေမြန်မာတို့သည်သာ ဗုဒ္ဒရဲ့ အယူဝါဒတွေ လိုက်နာကျင့်ကြံနေကြတယ်ပေါ့။ စဉ်းစားကြည့်တော့ ၀မ်းနည်းစရာအတိပါလေ။ တလောကလဲ တွေ့ခဲ့မိတယ်ပေါ့ အင်တာနက်စာမျက်နှာမှာ မလေးရှားနိုင်ငံမှာခေါ်ဝေါ်သုံးစွဲတဲ့ စလိပင်းဗုဒ္ဒ လို့ ခေါ်တဲ့ လျောင်းတော်မူ ဗုဒ္ဒရုပ်ပွားတော်ကြီးကို ဘာသာမဲ့သော လူအချို့တို့ စက်ယန္တရားတို့ဖြင့် ဖြိုဖျက် ပျက်စီးစေပြီး.ရုပ်ပွားတော်မြတ်တွေအားလည်း ဘော်စီလာတို့ဖြင့် တွန်းထိုးကာ အမှိုက်သရိုက်အဖြစ် ပြုလုပ်နေသည်ကိုတွေ့ရပြန်တော့  မျက်ရည်များတောင်လည်မိပါရဲ့လား ပိုလို့ ၀မ်းနည်းမိသည်ကား ထိုင်းလုန်းကြီးတပါး မိမိအိပ်လေးကို ဆွဲပြီး နောက်ကြောင်းပြန်လှည့်ရသည့်မြင်ကွင်းလေးပေါ့။ လွတ်လပ်မှု မပေးဘူးတဲ့လား အမိမြန်မာပြည်မှာဆိုရင် အထင်ကရနေရာတွေမှာ ဗလီကြီးတွေ ဟိန်းလို့ တွေ့ခဲ့ရပါတယ်..။ သူတို့ကို ပိတ်ပင်မှုတွေ မလုပ်ခဲ့ပါဘူး.။ အမိမြန်မာပြည်မှာလွတ်လပ်စွာကိုးကွယ်ခွင့်ရှိကြပါတယ်လေ။ ဘယ်ဘာသာမို့ မလုပ်ရ လို့ ဥပဒေတွေမရှိခဲ့ပါဘူး။ လွတ်လပ်စွာကိုးကွယ်ခွင့်တွေ ဘာသာတိုင်းမှာမရှိတော့ဘူးလား။ မိမိတို့ထေရ၀ါဒသည် မစည်းရုံး မတားမြစ် လွတ်လပ်စွာကိုးကွယ်နိုင်၏။ မြတ်စွာဘုရားသည်ပင်လျှက် “ဧဟိပဿိ ကော”တဲ့ ရမ်းပြီးမယုံကြည်ဘို့ လာရောက်ကြည့်ပါတဲ့.။မိမိတို့ ထေရ၀ါဒသည် မည်သူမဆိုလေ့လာခွင့်ရှိသည် ကမ္ဘာပညာရှင်တို့သည်လည်းပဲ ထေရ၀ါဒ ကို လက်ခံလာနိုင်သော အထောက်အထားတွေဖြင့် လေ့လာနေကြပေပြီ။ နိုင်ငံရပ်ခြားတွေမှာ မြတ်စွာဘုရားပုံတော်တွေ ဘာလို့ မတွေ့မြင်နိုင်နေကြတာလဲ.။ မိမိတို့ တိုင်းပြည်မှာ နိုင်ထက်စီးနင်းလုပ်ခဲ့သည့် အပြုမူတွေရှိနေလို့လား သို့လော သို့လော တွေးတောပြီး အခန်းအောင်းစွာစဉ်းစားနေရင်း လျောင်းတော်မူမြတ်စွာဘုရားကြီးဖျက်စီးနေသည့် အင်တာနက်စာမှက်နှာကို လှန်လှောကာ ဖွင့်ကြည့်နေမိသည်။ ရင်ထဲမှာတော့ တကယ်ကို ခံစားနေမိနေတယ်လေ။ မျက်ရည်များတောင်ကျနေမိတယ်လို့ ရိုးသားစွာ ၀န်ခံလိုက်ပရစေပေါ့။ ကမ္ဘာနှင့်ယှဉ်ကြည့်ရင် ထေရ၀ါဒ ဗုဒ္ဒဘာသာသည် “သောဠဿံ ကလမ္ပိ နာနုဘ၀န္တိ” ၁၆ စိတ်ကို တစိတ်မျှသာရှိခဲ့သည်။ ငယ်စဉ်ကထေရ၀ါဒ နေရာသာ နေခဲ့ဘူးသောမိမိသည် ထေရ၀ါဒ ဗုဒ္ဒဘာသာသည် ကမ္ဘာနှင့်ယှဉ်ခဲ့ရင် အတော်ကို နည်းပါးခဲ့သည်။ ယခု ရောက်နေသည့် မလေးရှား စင်္ကာပူ စတဲ့နိုင်ငံတွေမှာတောင် တချိန်က ထေရ၀ါဒဗုဒ္ဒဘာသာတို့ နေထိုင်ခဲ့ကြသည် ။ယခု အချိန်မှာတော့ ထေရ၀ါဒနဲ့ပတ်သတ်သည့် သာဓကများသည် မြန်မာကျောင်းများသာတွေ့ရှိနိုင်တော့သည်။ နိုင်ငံခြားရောက် မြန်မာဘုန်းတော်ကြီးများသည်လည်း ရွှေမြန်မာတို့ကို မြတ်ဗုဒ္ဒဒေသနာတော်များ မပျောက်ပျက်ရလေအောင် ဓမ္မရေအေးများတိုက်ကျွေးနေသည်မို့ စိတ်သက်သာရာရစေခဲ့သည်။ နိုင်ငံရပ်ခြားရောက် ရွှေမြန်မာတို့သည်လည်း မိမိတို့ မိရိုးဖလာ ဘာသာကို သတိရစေချင်သည်။ အောက်မေ့နေစေချင်သည်။ စီးပွားရေးအရ လုပ်ကိုင်နေထိုင်ကြသော နိုင်ငံရပ်ခြားတိုင်းတပါးမှာ ရွှေမြန်မာတို့ရင်ထဲ ဘာသာမဲ့သော လူတယောက်ဖြစ်မလာဘို့ အသိပေးစေချင်ပါသည်။ တတ်နိုင်သမျှ ဗုဒ္ဒတရားတွေ သတိလက်မလွတ်ပဲ နားကြားနေသင့်သည်။ စွမ်းနိုင်သမျှ မြန်မာကျောင်းတော်သို့ သွားရောက်၍ ဓမ္မအကြောင်း ဘုန်းတော်ကြီးများအား မေးမြန်းဆွေးနွေးနေသင့်သည်။ သူများမိုးခါးရေသောက်တိုင်း မိုးခါးရေများမသောက်သုံးသင့်။ မိမိရောက်ခဲ့သည့် နေရာမှန်သမှန်သမျှ မြန်မာကျောင်းတို့ ရှိနေသည်။ ကျောင်းတော်သို့ သွားရောက်ဆည်းကပ်နေထိုင်သင့်သည်။ မမေ့လျော့သောသတိတို့ဖြင့် နေထိုင်ကြပါလေ။ နေမှုထိုင်မှု စားမှု သောက်မှု သွားရေးလာရေး အဆင်ပြေသော နိုင်ငံရပ်ခြားတိုင်းတပါးမှာ နေထိုင် လုပ်ကိုင်နေကြသော ရွှေမြန်မာတို့ရင်ထဲမှာ ဗုဒ္ဒရဲ့ နည်းလမ်းတွေ လိုက်နာကျင့်ကြံ အားထုတ်နေခြင်းဖြင့် ဘာသာရေးမတူညီသော နိုင်ငံရပ်ခြားမှာ မိမိတို့ ယုံကြည်လက်ခံထားသော ဘာသာတရားကို ဥပေက္ခာပြု လျှစ်လျူမရှုသင့်ပေ။ သတိလေးကပ်ပြီး စဉ်းစားဆင်ခြင်တတ်ကြပါစေ။ မြတ်စွာဗုဒ္ဒဟောဖေါ်ညွှန်ပြထားတဲ့နည်းနာ နိဿယျတွေအတိုင်း လိုက်နာနေခြင်းအားဖြင့် မြတ်ဗုဒ္ဒနဲ့အနေဝေးသော်လည်း အနေနီးသောသူဖြစ်လာနိုင်ပါတယ်။ မိမိနေထိုင် ပညာသင်နေတဲ့ အိန္ဒိယနိုင်ငံ(မဇ္ဈိမသား)တို့သည် မြတ်စွာဘုရား ပွင့်တော်မူရာ(ဗုဒ္ဒဂယာ) တရားဦးဟောတော်မူရာ(ဗာရာဏသီ) ပရိနိဗ္ဖာန်ပြုတော်မူရာ (ကုသိနာရုံ) စတဲ့စတဲ့ နေရာတွေမှာ မြတ်စွာဗုဒ္ဒဟောဖေါ်ညွှန်ပြတော်မူသော ဓမ္မတွေ နည်းလမ်းတွေ သူတို့ရင်ထဲမှာ မရှိကြတော့ချေ။ ဗုဒ္ဒဘာသာ ဆိုလို့မရှိသလောက်ရှားပါးနေသည် ကို မြင်တွေ့နေရသည် မို့ သူတို့တွေရဲ့သန္တာန်မှာ ကိုးကွယ်မှုတွေ ရောပြွမ်းလို့.ဗြဟ္မဏဘာသာ,ဂျိန်းဘာသာ,စတဲ့ ကိုးကွယ်မှုပိုင်းဆိုင်ရာမှာ သူတို့ရဲ့သန္တာန်မှာ ဗုဒ္ဒဘာသာဆိုသည့်လမ်းစဉ်မရှိကြတော့ချေ။ ၀မ်းနည်းဖွယ်ကောင်းစွ။ ဒီနေ့ ရွှေမြန်မာတို့စတဲ့ထေရ၀ါဒနိုင်ငံများဖြစ်တဲ့ မြန်မာ ထိုင်း သီရိလင်္ကာ ကမ္ဘောဒီးယား ဗီယက်နမ် စတဲ့ ထေရ၀ါဒနိုင်ငံ တို့သည်သာ ဗုဒ္ဒ ပွင့်တော်မူရာ သံဝေဇနိယ လေးဋ္ဌာန ကို(နှစ်စဉ် (၉)လ ပိုင်းမှစတင်ကာ နောက်နှစ် (၄)လ ပိုင်း ပထမပတ်ထိ လာရောက်ဖူးမျှော် သံဝေဂများ  ပွားများရင်း မြတ်စွာဘုရားကိုအောက်မေ့တသ သော အားဖြင့် လာရောက်ဖူးမျှော် ကြည်ညိုခဲ့ကြသည်။ မြတ်စွာဘုရားနှင့် နိုင်ငံရပ်ခြား အနေဝေးသော်လည်း မြတ်စွာဘုရားဟောဖေါ်ညွှန်ကြားသော လမ်းစဉ်အတိုင်း လိုက်နာကျင့်ကြံနေသောအားဖြင့် အနေဝေးသော်လည်းအနေနီးသည်ဖြစ်တော့၏။ မဇ္ဈိမသားတို့မှာတော့ အိပ်ပျော်နေကြဆဲ အိပ်လို့ကောင်းနေဆဲဖြစ်နေတော့၏။ အင်မတန်ဝမ်းနည်းစရာကောင်းသည်သာ ဖြစ်တော့၏။ ဒီအကြောင်းအရာတွေ ထောက်ဆပြီး နိုင်ငံရပ်ခြားတိုင်းတပါးမှာ စီးပွားရေးအရ လုပ်ကိုင်ရှာဖွေနေထိုင်ကြသော ရွှေမြန်မာတို့ရင်ထဲမှာ သတိရနေစေချင်သည်။ မြတ်စွာဘုရားဟောဖေါ်ညွှန်ကြားသော ဓမ္မလမ်းကြောင်းများ မပျောက်ပျက်ပဲ မိခင် ဘာသာ ကို သတိရစေချင်သည်။ အောက်မေ့စေချင်သည် မို့ နိုင်ငံရပ်ခြား စီးပွားရှာနေကြသော ရွှေမြန်မာတို့ သန္တာန်မှာ အမိဘာသာ သာသနာ ကို သတိရနေစေချင်သော သမ္မာဆန္ဒလေးများဖြင့် ဤ post လေးကို ရေးသားလိုက်ပါကြောင်း…..။
http://www.youtube.com/watch?feature=player_embedded&v=UW3W7RM4XB0#!
ဒီနေရာမှာကြည့်နိုင်ပါတယ်လေ..

Monday, April 23, 2012

“အားကိုးစရာ ရှာကြည့်ပါ”

တချိန်က စင်္ကာပူ မလေးရှား တို့သည် ဗုဒ္ဒဘာသာနိုင်ငံများဖြစ်ကြသည်။ ခုအချိန်မှာတော့ စင်္ကာပူ မလေးရှားရောက်ရင် ဗဟုသုတကလွဲလို့ မြန်မာကျောင်းတွေက ဘုရားပုံတော် ဆင်းတုတော်တွေ ရှိခိုးဦးချကန်တော့ရုံမှတပါး မရှိသလောက်ဖြစ်လို့နေချေပြီ ဆိုတော့ စိတ်မကောင်းမိခဲ့ရုံမှတပါး ဘာတတ်နိုင်မှာလဲ။ ဘာသာရေး ရိုက်ချိုးနှိမ်ချခံခဲ့ရလေပြီ။ သို့သော် ဘာသာရေး(ဗုဒ္ဒ)ကင်းမဲ့နေသော နိုင်ငံတွေမှာ မြန်မာကျောင်းတော်တွေမှ နိုင်ငံခြားရောက် ရွှေမြန်မာတို့အား ဓမ္မရေအေးများ တိုက်ကျွေးခဲ့တာတွေလဲတွေ့ခဲ့ ရှိနေခဲ့တော့ တနည်းအားဖြင့် စိတ်ဖြေစရာ ရရျိခဲ့ပါတယ်လေ။ နိုင်ငံရပ်ခြားရောက်နေကြသော ရွှေမြန်မာတို့သည်လည်း ဘာသာတရား(ဗုဒ္ဒ) ကင်းမဲ့နေသော နိုင်ငံတွေမှာ မိမိတို့ မိရိုးဖလာ ဘာသာကို လက်လွတ်မဆုံးရှုံးစေချင်ပါ။ တတ်နိုင်သမျှ ဘုရားဟောဖေါ်ညွှန်ပြဆုမ္မသည့် နည်းလမ်းများကို အချိန်ရသည်နှင့် အကျင့်တခုအနေနဲ့ လုပ်ဆောင်သင့်သည်။ နိုင်ငံတိုင်းမှာ အလုပ်လုပ်ရသည် အချိန်နှင့်အမျှ အလုပ်လုပ်နေရသည် မှန်၏။ သို့သော်ငြားလည်း အလုပ်သွားချိန် ရထားပေါ် ကားပေါ်တွေမှာ မေတ္တာပွားများခြင်း။ ဂုဏ်တော်ပွားများခြင်းတို့ဖြင့် မိမိကိုးကွယ်တဲ့ ဗုဒ္ဒဘာသာ ကို အမှတ်ရအောက်မေ့စေခြင်းဖြင့် အန္တရာယ်လဲ ကင်းစေ၏။ စင်္ကာပူနိုင်ငံလူအများတို့သည် ရထားပေါ် ကားပေါ်မှာ ယ္ခု ခေတ်စားနေသော အိုင်ဖုန်းကိုယ်စီဖြင့် အလုပ်တွေလုပ်နေကြသည်လား. ဘာလားတော့မသိ အလုပ်တွေရှုတ်နေကြသည် ရွှေမြန်မာတို့အနေနှင့် ရထားပေါ်ကားပေါ်မှာ ဂုဏ်တော်ပွားခြင်း မေတ္တာပွားခြင်း စတဲ့ ပိုက်ဆံမကုန်ပဲ ကုသိုလ်ဖြစ်စေသည်။ ဒီလိုလေးတွေ လေ့ကျင့်လာသည်နှင့်အမျှ နေ့စဉ် ရွတ်ဆိုပွားများလာခဲ့ရင် စိတ်ချမ်းသာမှု ရရှိစေမည်မှာအမှန်ဖြစ်၏။ လွန်ခဲ့သည့် နှစ်များစွာက မြတ်မင်္ဂလာစာစောင်လေလား မမှတ်မိခဲ့။ ဗောဓိတထောင်ဆရာတော် မလွန်မှီက ဖြစ်၏။ ဆရာတော်သည် ကျမ္မာရေး အတော်ဆိုးရွာနေသည်။ မန္တလေးမြို့သို့ ဆေးခန်းသွားပြသည် ဆရာတော်၏ ကျမ္မာရေးသည် စိုးရိမ်ရသည်ဟူ၏။ ဆေးခန်းထိုင် ဆရာဝန်ပြောသောစကားသည် အင်္ဂလိပ်လိုပြောပြနေသည် ဆရာတော် နောက် ၂ ရက်ဆို..တဲ့။ မုံရွာမြို့သို့ ရောက်စေရန် (၂)ရက်နေ ဆေးထိုးပေးလိုက်တော့၏။ ပင့်ဆောင်သွားသော ဒကာတော်များသည်လည်း မျက်နှာမသာမယာနှင့် မှန်ကြည့်စရာမလိုပဲ မျက်နှာတွင် ပေါ်စေသည် ဟူသော စကားအတိုင်း ဒကာတော်များသည် လက်မှိုင်ချကာ ဆရာတော်အား ကားဖြင့်မုံရွာမြို့သို့ ပြန်လည် ပင့်ဆောင်ခဲ့လေပြီ ။ ဆရာတော်သည် သိသည် အော်..ငါမနေရတော့ပါလားဆိုပြီး အသိစိတ်ကို ငါ သေလျှင် ဘုရားနဲ့ဖတ်ပြီးသေမည်ဟု ယုံကြည်မှုဖြင့် လမ်းတလျှောက်ဆရာတော်သည် “နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဖုဒ္ဒဿ”ကို သတိဖြင့် ရွတ်စေသည်။ ဤ နမောတဿ စသည်သည် ဂုဏ်တော်(၉)ပါးမဟုတ် ဂုဏ်တော် (၃)ပါးသာ ပါဝင်နေသည်။ ဆရာဝန်သည် မှာတမ်းခြွေလိုက်သည်။ နောက်တပတ်ခန့်နေရင် ပြန်လာပြပါဟု အားရှိစေအောင် ဆရာတော်ကြားအောင် ပြောသည်ဟူ၏။ ဆရာတော်သည် စောစောကပြောသော ၂ ရက်နေစေနိုင်ရန်ဆေးထိုးပေးသည်ကို သိသည် ။ သို့သော် ဆရာတော်သည် အသိရှိသည်။ ဂုဏ်တော်(၉)ပါးအနက် ဘဂ၀ါ ဂုဏ်တော်။ အရဟံ ဂုဏ်တော်။ သမ္မာသမ္ဖုဒ္ဒ ဂုဏ်တော်။ နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဖုဒ္ဒဿ။ ၄င်းထဲတွင် ဂုဏ်တော် (၃)ပါးဖြင့် ရွတ်ဆိုသည် သတိရနေသည်။ရွတ်ဆိုနေသည်။ မုံရွာ မန္တလေး လမ်းတလျှောက်တွင် အခေါက်ပေါင်း မရေတွက်နိုင်။ မုံရွာပြန်ရောက်သည်။ ဒကာတော်တွေသည်ကား မျက်နှာမသာမယာဖြင့် ဆရာတော်အား နားစေသည်။ တရက် ဆရာတော်သည် ထူးခြားလာ၏။၂ ရက် သက်သာခဲ့ပြန်၏။ တပတ်ခန့်အကြာ မန္တလေးမြို့သို့ ပြန်၍ ဆေးခန်းပြသည်။ ဆရာတော်သည်လန်းဆန်းနေလျှက် အင်အားတွေလဲ နဂိုရ်နှင့်မတူသည်မို့ ဆရာတော်ကို မြင်သည်နှင့် ဆရာဝန်သည်မျက်လုံးများပြူးလျှက် ဆရာတော်၏ ကျမ္မာရေးအခြေနေသည် ထူးခြားနေသည် မို့ ဆရာတော်အား ဆရာဝန်သည် လျှောက်တင်၏။ ဆရာတော် ဘာဆေးတွေများမှီဝဲပါသလဲဘုရား အိမ်း ဒကာတော်ပေးတဲ့ဆေးပဲလေကွယ်.ဟူ၏။ မဟုတ်ပါဘူးဘုရား အခြားဘာဆေးများမှီဝဲပါသလဲဘုရား ဟု ပြန်လည်လျှောက်သည်။ သည်တော့မှ ဆရာတော်သည် ငါ သေတော့မယ်လို့ ပြောလိုက်တယ်လေ ငါသေရမဲ့အတူတူ မြတ်စွာဘုရားရဲ့ ဂုဏ်တော် (၃)ပါးပါတဲ့” နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဖုဒ္ဒဿ “ဒီ ဂါထာလေးရွတ်ဆိုပြီးပြန်ခဲ့တာပဲ ဟူ၏။ ဆရာတော်ဘုရား ဆက်လက်ပြီး ၄င်းဆေးကိုသာ မှီဝဲတော်မူပါဘုရားဟု ဆရာဝန်၏ မျက်နှာသည်လည်းအပြုံးတို့ဖြင့် ဆရာတော်၏ ဝေဒနာသည် လည်း သက်သာရာရစေသည်။ လိုက်ပို့သောဒကာတော်တို့၏ မျက်နှာသည်လည်း အပြုံးတို့ဝေဆာလျှက်ရှိကြသည်။ နိုင်ငံရပ်ခြား အလုပ်လုပ်နေကြသော ရွှေမြန်မာတို့ မိမိတို့ နေ့စဉ် ရထားတို့ဖြင့်၎င်း, ကားတို့ဖြင့်၎င်း သွားလာနေထိုင်ကြရသည်။ ထိုအချိန်လေးကို ရယူပြီး ဂုဏ်တော်ပွားများခြင်းဖြင့်၎င်း, အလုပ်နေရာသို့ သွားကြခြင်းဖြင့် မိမိတို့ မိရိုးဖလာ ဘာသာဝါဒ ကိုလည်းမမေ့နိုင်သလို အန္တရယ်လည်းကင်းစေသည်။ စောဒက တတ်လာနိုင်မည် စင်္ကာပူနိုင်ငံမှာ စက်မှုတိုးတက်တဲ့နိုင်ငံပဲ မဖြစ်နိုင်ပါဘူးလို့ စောဒကတတ်ဖွယ်များရှိနိုင်မည်။ မိုဃ်းသည် မပြိုနိုင်ခဲ့ ပြိုခဲ့သည်ရှိသော် တချက်ခုတ် နှစ်ချက်ပြတ် သတိပေးပါ၏။ မိမိ၏ အယူဝါဒ ဘာသာသာသနာကိုလည်းအမှတ်ရစေအောင် မိမိသန္တာန်မှာ ဘုရားဂုဏ်တော်တွေ ပွားများနေခြင်းဖြင့် အန္တရယ်တွေလည်း မကျစေနိုင်အောင် ရွှေမြန်မာတို့အား သတိပေးခြင်းသာဖြစ်၏။ ဗုဒ္ဒဘာသာ မဟုတ်သော နိုင်ငံတွေမှာ ဘာသာတရားကို ပိုလို့ လုပ်စေသင့်သည်။ မိမိအလုပ်ကိုင်များအဆင်ပြေသည် ချောမွတ်စေသည်။ ယုံကြည်မှုအပြည့်အ၀ဖြင့် ပြုလုပ်စေသင့်သည်။ ခလုတ်ထိမှ အမိဆိုတာမတသင့်။ မိမိခု ရောက်ရှိခဲ့သော စင်္ကာပူ မလေးရှားစတဲ့ နိုင်ငံတို့သည် တချိန်က ဗုဒ္ဒဘာသာများဖြစ်ကြသည်။ ယ္ခု မူ ဘာသာခြားတို့ ၀ါးမျိုခဲ့လို့ ဘာသာတွေလည်းပျောက်ကွယ်ခဲ့ပြီ။ နိုင်ငံရပ်ခြားတိုင်းတပါးမှာ စီးပွားရေးအရ အလုပ်လုပ်နေကြသော ရွှေမြန်မာတို့အနေနဲ့ ဘာသာတရား မမေ့မလျှော့ခြင့်ဖြင့် မိမိဘာသာကို အမွှန်းတင်ကာ ဘာသာမဲ့လာသူများမဖြစ်စေလိုသော သမ္မာဆန္ဒလေးတခုနဲ့သတိပေးခြင်းပါ။ ယခု တွေ့ကြုံခဲ့ရပါသည် သင်္ကြန်ကာလလေးတွေမှာ မြန်မာရဟန်းတော်များရှိရာသို့ချဉ်းကပ်ပြီး ဆွမ်းအလှူတွေပြုလုပ်ကြသည် ပရိတ်တွေနာကြသည် ၅ပါးသီလတွေ ဆောက်တည်ကြရသည်။ တချို့နေရာလေးတွေမှာ ဘာသာရေးအဖွဲ့အစည်းလေးတွေ တောင် ဖွဲ့ထားကြသည်။ ကြားရသည့် သတင်းလေးတွေကြောင့် စိတ်ချမ်းသာမှုတွေဖြစ်တည်ခဲ့ရပါ၏။ စင်္ကာပူနိုင်ငံမှာလည်း ရုံးပိတ်ရက်များ ရွှေမြန်မာတို့ ကျောင်းသို့လာပြီးဆွမ်းကပ်ကြသည်။ ပဋ္ဌာန်းတော်များရွတ်ဖတ်ခြင်း တရားထိုင်ခြင်းပြုလုပ်နေတာတွေ့ရှိခဲ့သည်မို့ ဘာသာကင်းမဲ့သူတို့ မဖြစ်နိုင်ကြဟု လည်း တွေးထင်မိခဲ့သည်။ ကျောင်းကြီးကျောင်း (တိုပါယို=TOAPAYOH) မှာတွေ့ရှိခဲ့ရသည် ။ကျောင်းအပေါ်မှာ ဘုရားဆင်းတုတော်ကြီးသည်လည်း အပေါ်ထပ် အလည်ထပ် မှာထီးထီးကြီး ကြည်ညိုစရာ ရွှေမြန်မာတို့ တရားထိုင်ခွင့်ရကြသည်။ ပဋ္ဌာန်းရွတ်ခွင့်တွေရကြသည်။ နိုင်ငံရပ်ခြားတိုင်းတပါးမှာနေခြင်းဖြင့် အားကိုးစရာသည် ဗုဒ္ဒဟောကြားတရားတော်များနှင့် ဘုရားဂုဏ်တော်တို့သည် အားကိုးစရာ လက်နက်တွေ ဟု အာမခံချက်ပေးလိုက်ရင်း..ရွှေမြန်မာတို့ နိုင်ငံရပ်ခြားတိုင်းတပါးမှာ အသိရှိကြပါစေ။ အသိကို သတိလေးနဲ့ တွဲကပ်လို့ ဘာသာရေးများလည်း စွမ်းနိုင်သမျှ လုပ်ဆောင်နိုင်ကြပါစေလို့..ကောင်းမြတ်သောသမ္မာဆန္ဒစိတ်ထားလေးဖြင့်…

Sunday, April 22, 2012

လန်ဂါဝီသို့ ရောက်ရှိခြင်း


၂၂.၄.၂၀၁၂ .မိမိနေရာဘာတာဝပ်မှ မလေးရှားနိုင်ငံ ထိုင်းနိုင်ငံ နယ်စပ်တနေရာ လန်ဂါဝီ ကမ်းခြေတနေရာသို့ သွားဖြစ်ခဲ့တယ်ပေါ့။လိုက်ပို့သူကတော့ ကိုအောင်အောင်သူပေါ့။ ဘာတာဝပ်ကနေ သူ့ကိုယ်ပိုင်ကားလေးနဲ့ နံနက်(၆)နာရီ ခွဲလောက်က ထွက်ခဲ့တယ်။နံနက်အချိန်မို့ ကားအနည်းငယ်သာရှိ၍ ကိုအောင်နိုင်တယောက် ကားကို ၁၂၀ အရှိန်နှုန်းဖြင့် မောင်းနှင်ခဲ့သည်။တနာရီကျော်လောက်မောင်းပြီးတာနဲ့ကွာလာပါလေ့ဆိပ်ကမ်းသို့ရောက်ပါပြီ။ မိမိတို့ကားလေးကို တနေရာတွင် အပ်နှံခဲ့ပြီးလက်မှတ်ဝယ်ခဲ့သည်။

မော်တော်ဘုတ်(စပိဘုတ်)ဖြင့် လန်ဂါဝီသို့စီးခဲ့ရပြီး၂၃ ရမ်းဂစ်ပေးခဲ့ရသည်။ လှိုင်းလုံးတွေကြားမှာမော်တော်ဘုတ်လေးသည် အရှိန်ပြင်းလျှက် လိုင်းလုံးနဲ့ထိတွေ့မှုကြောင့် တ၀ုန်းဝုန်းနဲ့ အမြန်မောင်းနှင်လျှက်ရှိသည်။မိမိတခါမှမစီးဘူးသည်မို့ ခပ်လန့်လန့် အအေးရှိန်ကြောင့် ချမ်းလာခဲ့သည်။ အဲယားကွန်းသည် အေးစိမ့်နေ၏။ တနာရီခွဲလောက်မောင်းခဲ့ရသည် ပြတင်းပေါက်မှ ပြင်ပကိုကြည့်မိပြန်တော့ တောင်ရိုးတောင်တန်းများ

နှင့် တချို့နေရာတွင် ကမ်းမမြင်ရခဲ့ မော်တော်ဘုတ်လေးဆိုက်ရောက်သည်နှင့်ထိုင်းနိုင်ငံဘက်မှဆိုက်ရောက်သည့် မော်တော်ဘုတ်

မလေးရှားဘက်မှ ဆိုက်ရောက်သော မော်တော်ဘုတ်ကြောင့် လူအများစုရုံးစုရုံးနဲ့ တိုးဝှေ့ကာ တတ်ခဲ့ရသည်။မိမိတို့လဲ လန်ဂါဝီသို့ သွားရန်ကားငှားရသည်ကိုအောင်သူတယောက်ဖုန်းတလုံးဖြင့်အလုပ်ရှုတ်နေတော့၏။ထိုလန်ဂါဝီဒေသသည်

အခွန်လွတ်သည်။ မိမိတို့ကားငှားလို့အဆင်ပြေခဲ့သည်။၂ ရက်စာမှ ရမ်းဂစ် ၁၅၀ သာပေးဆောင်ရသည်။ ဘာမှ စပေါ်ပေးစရာမလို ကျသင့်ငွေတောင်အပြန်မှပေးဆောင်ရသည်။ မိမိတို့သက်သာသည် ကားသမားလဲရှာစရာမလို ဂိုက်လဲမလို။ကိုအောင်သူသည် ဂိုက် ကိုအောင်သူသည် ကားသမားဖြစ်တော့၏။မိမိတို့ ၂ ပါး နှင့် လန်ဂါဝီဒေသကို သက်တောင့်သက်သာသွားခဲ့ရသည်။ ချောကလပ်များဈေးချိုသည် ဘာမဆိုအခွန်လွတ်မို့ ဈေးသက်သာ၏။သို့သော် အီလက်ထရွန်းနစ်မရှိ။ရှားပါး၏။ ကားတွေကတော့ပေါမှပေါ ကောင်းမှကောင်းကားမျိုးစုံ။မိမိတို့ကားလေးကတော့ မိမိအတော်သဘောကျမိ၏။မြန်မာပြည်တန်ကျေး သိန်း၁၀၀၀ အကျော်ရှိသည်ဟု ကိုအောင်သူတယောက်ပြောပြ၏။ ဒီလောက်တန်ကျေးရှိသည့်ကားတစီးကို ဘာစပေါ်မှမပေးရပဲ ပေးလိုက်ခြင်းသည် ယုံကြည်မှုကြောင့်ပေလား။ ဘာလား ညာလား အတွေးပေါင်းများစွာနဲ့တွေးနေမိသည်။ အမှန်စင်စစ် ၄င်းကားကို မောင်းပြေစရာနေရာမရှိ မြစ်တွေ ပင်လယ်တွေခြားနေသည်ဟူ၏။မိမိတို့ ၄င်းကားလေးဖြင့် လန်ဂါဝီ သို့ ဦးတည်လို့မောင်းနှင်ခဲ့သည်။ အထင်ကရနေရာများ အထူးအားဖြင့် ပင်လယ်ကမ်းခြေများဖြစ်သည်။မိမိတို့နှင့်တော့မသက်ဆိုင် ကိုအောင်သူတယောက်ဗဟုသုတအဖြစ်လိုက်ပို့သည်။အထင်ကရ သိန်းငှက်ရုပ်ကြီးနေရာရောက်သည်။ ပြီး ပြတိုက်တနေရာသို့။ ထိုမှ တိရစ္ဆာန်ရုံသို့ ပို့ဆောင်ပေးခဲ့သည်။ တိရစ္ဆာန်ရုံမှ လန်ဂါဝီကမ်းခြေသို့ဦးတည်လျှက် မောင်းနှင်နေသည် လမ်းဘေးတွင် တောရွာလေးများ စိုက်ခင်းများနှင့် တောင်တန်း တောင်ရိုးများဖြင့် သာယာလှသည်။ လန်ဂါဝီကမ်းခြေသို့ ရောက်သည်နှင့် ပင်လယ်မှလှိုင်းပုတ်သံများသည် တဝေါဝေါကြားနေရသည် မို့..။ ငယ်စဉ်က ဆရာရွတဆိုသံအမြဲကြားနေသည့် တရားသံပြန်လည်ကြားယောင်မိသည် လှိုင်းသံလှေသံကြားပြန်တော့ ပင်လယ်နားတော့နီးပြီကွယ်။ရုပ်သံနာမ်သံကားပြန်တော့ နိဗ္ဖာန်နားတော့နီးပြီကွယ်..ဆိုသည့် ဆရာအသံပြန်လည်ကြားယောင်လျှက် ခုတော့ လှိုင်းသံများကြားနေရသည် လန်ဂါဝီ ကမ်းခြေသည်လည်း မြင်နေရချေပြီမို့..

မလေးရှား ထိုင်း နယ်စပ်မှာ ရှိတဲ့လန်ဂါဝီ အမှတ်တရပေါ့