အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Monday, July 9, 2012

“၀ါဆိုလတွင် ၀ါဆိုသင်္ကန်းလှူရခြင်းအကျိုး”

ဗုဒ္ဒဘာသာမြန်မာလူမျိုးတို့သည် ၀ါဆိုလရောက်လေတိုင်းဝါဆိုသင်္ကန်းကို သံဃာတော်အရှင်သူမြတ်တို့အား လှူဒါန်းဆက်ကပ်ကြသည်မှာ အင်မတန်ချစ်စရာကောင်းသော ဓလေ့ဖြစ်ကြသည်။ တချို့ဝါဆိုသင်္ကန်းမကပ်လိုက်ရလျှင်ခေတ်မမှီဘူးဟု တောင် ထင်နေကြ၏။ ၀ါဆိုသင်္ကန်းလှူဒါန်းရာအချိန်သည် ၀ါဆိုလဆန်း တရက်နေ့မှ သီတင်းကျွတ်လပြည့်နေ့ထိ ကပ်လှူဒါန်းနိုင်သည်။ ထိုအတွင်းလှူဒါန်းခြင်းသည် ၀ါဆိုသင်္ကန်းလှူဒါန်းသည်မည်၏။ မိမိမြန်မာနိုင်ငံမှာနေစဉ် နှစ်စဉ်ဝါဆိုလပြည့်နေ့ ရောက်လေတိုင်း သင်္ကန်းလှူဒါန်းကြသည့် ဒကာ/မတို့အိမ်သို့ အာရုဏ်ဆွမ်းဖြင့်၎င်း,တချို့အင်မတန်ရင်းနှီးလွန်းသောဒကာ/မများအား လဘက်ရည်အချိုပွဲဖြင့်သာ ကပ်လှူဒါန်းခိုင်းရ၏။ ထိုနေ့အဖို့ တနေရာပြီးတနေရာ ကြွလာရ၏။ ဒကာ/မများသည်လည်း ၀ါဆိုလပြည့်နေ့ကိုသာ အာရုံရကြသည်။ ၀ါဆိုသင်္ကန်းကပ်လှူသူအကျိုးမြတ်ကား.ယောက်ျားများလှူဒါန်းခြင်းသည် “ဧဟိ ဘိက္ခု “ ဘိက္ခု=ရဟန်း.ဧဟိ=လာလော့ဟု..မြတ်စွာဘုရားသည် ညာလက်ရုံးကို ဆန့်တန်းလိုက်သည်နှင့် ၀ါတော် ၄၀ ရ မထေရ်ကြီးကဲ့သို့ သပိတ်,သင်္ကန်း,ပရိက္ခရာအပြည့်စုံဖြင့် ဧဟိဘိက္ခု အမည်ရရှိသည်။ မိန်းမသားများမှာ မဟလ္လကတန်းဆာကို ၀တ်ဆင်,ဆင်မြန်းရခြင်းဟူသောအကျိုးကျေးဇူးရရှိခံစားနိုင်သည်။ မဟလ္လကတန်းဆာသည် ရှေးမြတ်စွာဘုရားလက်ထက်တော်အခါကပင်လျှင် အဖိုးကိုးကုဋေ ထိုက်တန်သည်။ လက်ခအားဖြင့်တသိန်းပေးရ၏။
ကျေးဇူးရှင် မင်းကွန်းဆရာတော်ဘုရားကြီးသည်လည်း ၀ါဆိုသင်္ကန်းလှူဒါန်းခြင်းနှင့်ပတ်သတ်၍ ကဗျာ ဆောင်ပုဒ် ဖွဲ့သီကုံးထားသည်။ တနည်းပြောရသော် သောတာပန်နှင့်တူသည့်ပုဂ္ဂိုလ်(၇)ယောက်။ တမျိုးပြန်ပြောရသော် အပါယ်သို့ မကျရောက်စေနိုင်သည့်(၇)ယောက် ဟု ပြောရပေမည်။
{ဆောင်} တိသရဏ,ငါးသီလ,မဲချစာရေးတန်,ပက္ခိကဆွမ်း,၀ါသင်္ကန်း,လှူဒါန်းသောက်ရေကန်,ကျောင်းလှူတ၀ နိဗဒ္ဒ ပုညရှိသူမှန်။ သောတာပန်လည်း ထို့တူပဲ သူလည်း ပါယ်မပြန်။ဟု စပ်ဆိုတော်မူခဲ့သည်။ မြန်မာပြန်ပြောရသော်
(၁)တိသရဏသည်= သရဏဂုံ ၃ပါးတည်သောပုဂ္ဂိုလ်။
(၂)ငါးသီလသည်=ငါးပါးသီလမြဲသည့်ပုဂ္ဂိုလ်။
(၃)မဲချစာရေးတန်=စာရေးတန်မဲလှူဒါန်းသည့်ပုဂ္ဂိုလ်။
(၄)ပက္ခိကဆွမ်း= လဆန်းပက္ခ.လဆုပ်ပက္ခဆွမ်းလှူဒါန်းသည့်ပုဂ္ဂိုလ်။
(၅)၀ါသင်္ကန်း=၀ါဆိုသင်္ကန်းလှူဒါန်းသည့်ပုဂ္ဂိုလ်။
(၆)လှူဒါန်းသောက်ရေကန်=သောက်ရေကန်လှူဒါန်းသည့်ပုဂ္ဂိုလ်။
(၇)ကျောင်းလှူတ၀= ကျောင်းလှူဒါန်းသည့်ပုဂ္ဂိုလ်။ ထိုပုဂ္ဂိုလ်တို့သည် သောတာပန်နှင့်တူသည့်ပုဂ္ဂိုလ်။တနည်း အပါယ်သို့မကျရောက်စေနိုင်သည့်ပုဂ္ဂိုလ်ဟု ကျမ်းဂန်တွေမှာ ပါရှိခဲ့သည်။ ၀ါဆိုသင်္ကန်းလှူဒါန်းရခြင်းဟူသောအကြောင်းကြောင့် မိမိတို့သည် အပါယ်သို့လည်းမကျရောက်စေနိုင်သလို သောတာပန်နှင့်လည်းတူသည်မည်၏။ မိမိမှာတော့ ၀ါဆိုသင်္ကန်းနှင့်ဝေးစွ။ အကြောင်းမှာ နိုင်ငံခြားမှာဖြစ်ခြင်းကြောင့် မိမိနေထိုင်ရာမဇ္ဈိမသားတို့သည် ၀ါဆိုသင်္ကန်းလှူဒါန်းရမည်ကိုလည်းမသိရှာကြ။ လှူဒါန်းရခြင်းအမှုကို သူတို့၏ ရင်ထဲမှာမရှိတော့ပြီ ၀မ်းနည်းစရာကောင်းပါပေစွ။ သူတို့သည် သမီးမွေးဖွားခဲ့သူဖြစ်အံ့ ထိုသမီးကို မင်္ဂလာဆောင်ရန် ခန့်နားစွာဆောင်ပေးဘို့ ဥဏှောက်ထဲမှာရှိကြ၏။ မိမိ၂၀၀၇ ခုနှစ် အိန္ဒိယနိုင်ငံ စာသင်ရောက်စနှစ်မှာ ညည ဗြောက်အိုးတို့ဖြင့်၎င်း,မီးဆိုင်းပန်းတွေ ခေါင်းပေါ်ရွက်လျှက်၎င်း, အတိးအမှုတ်တို့ဖြင့် မင်္ဂလာဆောင်ရာ ခန်းမသို့ စည်ကားသိုက်မြိုက်စွာသွားလာသည်ကို ဘုရားလှည့်သည် အထင်ဖြင့် ထွက်ထွက်ကြည့်တတ်၏။ မြန်မာနွယ်ဖွားမောင်စိန်အောင်မှ အရှင်ဘုရား အဲဒါ မင်္ဂလာဆောင်တာလေ ဟု ပြောမှ အော် ဆိုပြီး မိမိနဖူးကို လက်ဖြင့် ပုတ်လျှက် သူတို့သည် ၄င်း မင်္ဂလာဆောင်ရာတချိန်သည်သာလျှင် ကုန်စရာရှိသည်မို့ တ၀ုန်းဝုန်း တဒိုင်းဒိုင်းဖြင့် အဆိုအက အတီးတို့ဖြင့် သိုက်မြိုက်စွာ ပြုလုပ်ကြသည်။ အင်း.မဇ္ဈိမ သားတို့ရယ် မြတ်စွာဘုရားသာရှိခဲ့လျှင် သူနိုင်ငံ သူ့လူမျိုးတွေကို ဘယ်လိုများချေချွတ်မည်မသိ။ သုံးလောကထွဋ်ထား
မြတ်စွာဘုရားသည် သစ္စာတရားများပေါ်ထွန်းခဲ့ရာ, မြတ်စွာဘုရား သဗ္ဗညုတရွှေဥာဏ်တော်ရခဲ့ရာ နေရာမြတ်တွေမှာ သူတို့သည် မြတ်စွာဘုရားဟောဖေါ်ညွှန်ကြားခဲ့သော ဓမ္မလမ်းကြောင်းကို ဆန့်ကျဉ် မျက်ကွယ်ပြုလျှက် အယူသီးမှု စသော အယူဝါဒတွေကို ဘာလို့များ ဥဏှောက်ထဲမှာ ၀င်ခဲ့ကြပါသလဲဆိုတာကိုတော့.အိုစာဖတ်သူတို့ သင်တို့ စဉ်းစားကြကုန်လော့။ အမိမြန်မာပြည်မှ လူဖြစ်ရခြင်းသည်။ ဘုရားဟူ၍၄င်း,တရားဟူ၍၄င်း,သံဃာဟူ၍၄င်း သိခွင့်ရကြရသည်။ လူဖြစ်ရကျိုးနက်သည်ဟု ပြောရချေသော် မှားအံ့မည်မထင်ပါ။ သဗ္ဗေ သစ္စာတရားထွန်းကားရာနယ်မြေဒေသတနေရာမှာ သူတို့၏ အယူသိးမှုတွေကိုတွေးပြီး ကျောင်းသားလေးကတော့ ရင်လေးမိ၏။ ထေရ၀ါဒ ထွန်းကားရာ အမိမြန်မာပြည်မှ လူဖြစ်ရခြင်းသည် ကံကောင်းကြပါသည်ဟု ပြောရင်း..၀ါဆိုလ၏ သင်္ကန်းလှူဒါန်းရခြင်း၏ အကျိုးကျေးဇူးများကို အို.စာရှုသူ သင်သည်လည်း အပါယ်သို့ မကျရောက်စေခြင်ရင်ဖြင့်….။

No comments:

Post a Comment